ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ လှိုင်မြစ်၊ ငမိုးရိပ်ချောင်းတို့၏ ရေအခြေအနေ ကြိုတင်ခန့်မှန်းခြင်း

29/07/2024 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

🔸 ပဲခူးမြို့ - ဩဂုတ်လ ၄ ရက်နေ့မှ ရေပြန်ကျနိုင်ကြောင်း GFH(Google Flood Hub)နှင့် GFM(Global Flood Monitoring system) မှ ရရှိသည့် ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။

🔸 လှိုင်မြစ်အခြေအနေကတော့ ဇူလိုင် ၃၁ ရက်အထိ ပြောင်းလဲမှုမရှိ ရေအမြင့်ဒီအတိုင်းဆက်ရှိနေဦးမယ်လို့ တွေ့ရပါတယ်။

🔸 ပဲခူးမြစ်အထက်ပိုင်း၊ ဇောင်းတူဘက်မှ မိုးအခြေအနေနဲ့ စစ်တောင်းမြစ်ဘက်မှာမိုးများမဲ့အခြေအနေနဲ့ ဩဂုတ် ၃ ရက်မှ ၇ ရက်အထိ ရန်ကုန်မြစ်ဝမှာ ဒီရေတက်မဲ့ရက်နဲ့ တိုက်ဆိုင်နေတာရှိပြီး အကယ်၍ဒီရေကတောင့်ခံထားရင် ပဲခူးမြစ်၊ လှိုင်မြစ်၊ စစ်တောင်းမြစ်နဲ့ ရန်ကုန်မြို့အလယ်ခေါင်ကဖြတ်စီးနေတဲ့ ငမိုးရိပ်ချောင်း(ပုစွန်တောင်ချောင်း)ရေလဲ အကျနှေးနေနိုင်ပါမယ်။

🔸 ဒီအချိန်၊ ဒီရက်တွေအတွင်း(ဇူလိုင်လအကုန်-ဩဂုတ်လဆန်း ၃ ရက် ၄ ရက်နေ့တွေအထိ)ခန့်မှန်းရခက်တဲ့မိုး များများမရွာပါစေနဲ့လို့ ဆုတောင်းနေရဦးမှာပါ။

Phto crd#မိုးဇလ

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်