လုပ်ငန်းခွင်ဘေးအန္တရာယ်ဆိုတာ ဘာလဲ။ ဘာကြောင့်တောင်သူဂရုစိုက်ရန်လိုအပ်ပါသလဲ။

02/12/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

တောင်သူလယ်သမားများသည် မိမိတို့လယ်ယာလုပ်ငန်းခွင်တွင် အမျိုးမျိုးသော လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်များနှင့် နေ့တိုင်းလိုလို ထိတွေ့နေရပါသည်။ လုပ်ငန်းခွင်ဘေးအန္တရာယ်များဆိုသည်မှာ ဓါတုဆိုင်ရာအန္တရာယ်များ၊ ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များ၊ ဇီ၀ဆိုင်ရာအန္တရာယ်များနှင့် လုပ်ငန်းခွင်တွင်လုပ်ရသည့် ကိုယ်ဟန်အနေအထား မမှန်ကန်ခြင်းကြောင့်ဖြစ်သည့် အန္တရာယ်များတို့ဖြစ်ပါသည်။ 

ဓါတုဆိုင်ရာအန္တရာယ်များ - ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ဓါတုမြေဩဇာကို တစ်ကိုယ်ရည်အကာအကွယ်ပစ္စည်းများမပါပဲ ကိုင်တွယ်အသုံးပြုရာတွင် ဖြစ်လာနိုင်သည့် အဆိပ်သင့်ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်းနှင့် အရေပြာလောင်ခြင်းစသည့် ဆုံးရှုံးမှုများဖြစ်စေနိုင်ပါသည်။

ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များ - ဖွဲ့စည်းထားသည့် အန္တရာယ်ဖြစ်နိုင်သည့်အခြေအနေသည် ဘေးကင်းလုံခြုံရေးလမ်းညွှန်ချက်များထက် ကျော်လွန်သည့်အချိန်ဖြစ်ပါသည်။ ဉပမာ- အရှိန်ပူပြင်းသောနေရောင်ခြည်အောက်တွင် ကြာရှည်စွာအလုပ်လုပ်ရခြင်း၊ ဆူညံခြင်းတို့နှင့် တုန်ခါမှုများ၊ အခန်းတွင်းလေ၀င်လေထွက်

ဇီ၀ဆိုင်ရာဘေးအန္တရာယ်များ - လူတို့အတွက်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် ပိုးများ - ဉပမာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနှင့် ကပ်ပါးကောင်များ

ကိုယ်ဟန်အနေအထားမမှန်ကန်ခြင်းကြောင့်ဖြစ်သည့်အန္တရာယ်များ- အလုပ်လုပ်သည့်ပုံစံ၊ ခန္ဓာကိုယ်အနေအထားများ (ဉပမာ - အင်းအားအလွန်အကျွံသုံးရခြင်း (လေးလံသည့်ပစ္စည်းကို မရွေ့ခြင်း၊ တွန်းခြင်းနှင့် ဆွဲခြင်း)၊ ထပ်တလဲလဲလှုပ်ရှားမှုနှင့် အဆင်မပြေသည့် ကိုယ်ဟန်အနေအထား (ကွေးခြင်း၊ လိမ်ခြင်း)၊ အချိန်ကာလ (ဆက်တိုက်အလုပ်လုပ်ရခြင်း၊ အချိန်ကြာရှည်စွာအလုပ်လုပ်ရခြင်း) 

ဘေးကင်းလုံခြုံရေးနှင့်ဆိုင်သောအန္တရာယ်များမှာ စက်ပစ္စည်း၊ ပစ္စည်းကိရိယာ၊  ချော်လဲခြင်း၊ ပြုတ်ကျခြင်းလုပ်ငန်းခွင်အန္တရာယ်နှင့် ပစ္စည်းကိုင်တွယ်မှုမမှန်ကန်ခြင်းစသည့်တို့ဖြစ်ပါသည်။ 

တောင်သူလယ်သမားများသည် လုပ်ငန်းခွင်ဘေးအန္တရာယ်များ (Hazards) နှင့် ဖြစ်လာနိုင်သည့်ဆုံးရှုံးမှုများ (Risks)များကို နားလည်သဘောပေါက်ရန်လိုအပ်ပါသည်။ ထို့အပြင် ထိုအန္တရာယ်များကိုမည်သို့မည်ပုံကြိုတင် တားဆီးရမည်၊ မည်သို့မည်ပုံရှင်းလင်းဖယ်ရှားရမည်ကိုလည်း နားလည်သိရှိရန်လည်းလိုအပ်ပါသည်။ ဘေးအန္တရာယ်ရှင်းလင်းရေးနည်းလမ်းများတွင် စိုက်ပျိုးရေးအလေ့အထများကို အဆင့်မြှင့်တင်ခြင်းနှင့် ဓါတုပစ္စည်းအသုံးပြုမှုအလုံးစုံဖယ်ရှားခြင်း သို့မဟုတ် ပိုမိုဘေးကင်းစွာအသုံးပြုခြင်းတို့ ဖြစ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်