အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခက်ခဲတဲ့ကာလတစ်ခုမှာ ဘာတွေလုပ်ဆောင်သင့်သလဲ

ခက်ခဲတဲ့ကာလတစ်ခုမှာ ဘာတွေလုပ်ဆောင်သင့်သလဲ

MDEP
MDEP • MDEP • 09/04/2020

    နို့ဈေးကျနေတဲ့ကာလမှာ နို့စားနွားမွေးမြူရေးတောင်သူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။ ဆောင်းပါးလေးဖတ်ကြည့်ကြရအောင်။

    ယခုအချိန်အခါသည် မြန်မာနှင့်ကမ္ဘာတစ်ဝန်းတွင် အခြားသောစီးပွားရေးလုပ်ငန်းများနည်းတူ နို့စားနွားမွေးမြူထုတ်လုပ်ရေး လုပ်ငန်းအတွက်လည်း ခက်ခဲသည့်ကာလဖြစ်ပါတယ်။ နို့စားနွားမွေးမြူသူများအနေဖြင့်လည်း နောက်လာမယ့်ကာလမှာ ၎င်းတို့၏ခြံစီးပွားရေးနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်များ ပြုလုပ်ကြရမှာဖြစ်ပါတယ်။ MDEP အနေဖြင့်လည်း ဒီကာလမှာ ကြိုးစားရုန်းကန်နေကြရတဲ့ တောင်သူများနှင့်ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။

    ဒီခက်ခဲတဲ့ကာလကို ကျော်ဖြတ်ကြရာတွင် အထောက်အကူဖြစ်စေရန်အလို့ငှာ အကြံပြုချက်တစ်ချို့ မျှဝေပေးချင်ပါတယ်။ ဒီအကြံပြုချက်များသည် ယခုလက်ရှိအခြေအနေအတွက်တင်မဟုတ်ဘဲ နောင်လာမယ့်နှစ်မှာရှိမယ့် ခြံစီးပွားရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်များဖြစ်စေရန် ရည်ရွယ်ပါသည်။

(၁) ကုန်ကျစရိတ်များလျှော့ချခြင်း

    အခုအချိန်သည် ခြံမှာရှိတဲ့ ကုန်ကျစရိတ်များကို တတ်နိုင်သလောက် ကြိုးစားလျှော့ချနိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာ တချို့သောကုန်ကျစရိတ်များ လျှော့ချလိုက်ခြင်းသည် နောင်တစ်ချိန်တွင် ကုန်ကျစရိတ်များ တိုးလာခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရေရှည်အတွက်ကိုလည်း တွေးပြီး ဆုံးဖြတ်ချက်များ ချသင့်ပါတယ်။

?အစာနု ကုန်ကျစရိတ်လျှော့ချခြင်း

?အခုအချိန်မှာ နွားနို့ရောင်းအားကျနေတယ်ဆိုရင် နွားမတွေကို နို့နားလိုက်ပြီး ၎င်းတို့၏အစာလိုအပ်ချက်ကို လျှော့ချနိုင်ပါတယ်။ အစာနုလျှော့ချရာတွင် တစ်ခြံလုံးရှိနွားများကို တန်းတူလျှော့ချတာမျိုး မလုပ်သင့်ပါဘူး။ ထုတ်လုပ်မှုနည်းပြီး နို့ပေးကာလနောက်ပိုင်းနွားနှင့် နို့ပေးကာလအစောပိုင်း ထုတ်လုပ်မှုများသည့်နွားဆိုပြီး ခွဲခြားစီမံနိုင်လျှင်ပိုကောင်းပါတယ်။

?နို့ထုတ်လုပ်မှုနည်းသည့်နွားကို နို့နားလိုက်ပြီး အစာလျှော့ကျွေးကာ အစာကုန်ကျစရိတ်လျှော့ချရပါမယ်။ နို့ထွက်ကောင်းသည့် နွားမများကိုတော့ ကောင်းစွာဆက်ကျွေးထားဖို့လိုအပ်ပါတယ်။

?အကယ်၍ နို့ပေးနွားမများသည် လိုအပ်သလောက် အစာလုံလောက်မှုမရှိလျှင် နောက်တစ်ချိန်တွင် နို့ထွက်နှုန်းနည်းခြင်း၊ မျိုးပွားမှုဆိုင်ရာလုပ်ဆောင်ချက်များ မကောင်းခြင်း စသည့်အချက်များ ကြုံတွေ့လာရပေလိမ့်မည်။

?အစာနုလျှော့ချခြင်းကို ချိန်ဆခြင်း

?နို့လျော့သွားစေရန် အစာနုပမာဏကို လျှော့လိုက်ပြီးနောက် နို့ဘယ်လောက်ကျသွားသလဲ စစ်ကြည့်ဖို့လိုပါတယ်။ အကယ်၍ အစာနုလျှော့ချလိုက်လို့ ထွက်လာမယ့်ငွေက နို့လျော့သွားလို့ ဆုံးရှုံးရမယ့်ငွေပမာဏထက် ပိုများမယ်ဆိုရင် အစာနုလျှော့ချတာက အကြံဉာဏ်ကောင်းပါပဲ။ အကယ်၍ အစာနုပမာဏလျှော့ချလိုက်လို့ နွားက အရမ်းပိန်သွားတယ်ဆိုရင်တော့ နွားမကို အစာတိုးကျွေးတာ (သို့) တဖြည်းဖြည်း နို့နားလိုက်တာက အကောင်းဆုံးပါပဲ။ နွားမကိုယ်ခန္ဓာအနေအထားကို ထိန်းနိုင်ဖို့က အစာကြမ်း/အစာစိမ်းကိုတော့ သေချာကျွေးဖို့လိုပါတယ်။ စျေးကြီးတဲ့ အစာနုတွေပတ်သက်ပြီး ဂရုပြုဖို့လိုပါတယ်။ အစာတွေမှာပါဝင်တဲ့ အသားဓာတ်၊ စွမ်းအင်ဓာတ်ကို ကြည့်ဖို့လိုပါတယ်။ ပေးရတဲ့စျေးနဲ့ အစာမှာပါတဲ့ အရည်အသွေးက တန်ရဲ့လားဆိုတာ ကြည့်ရပါမယ်။

?အစာစိမ်းပိုမိုရရှိအောင် စီမံခြင်းဖြင့် ကုန်ကျမှုသက်သာစေခြင်း

?မကြာခင်တွင် မိုးရာသီရောက်လာတော့မှာမို့ အစာစိမ်းပိုမိုရရှိနိုင်အောင်လည်း ပြင်ဆင်ထားသင့်ပါတယ်။ ဒါဟာ ရေတိုအတွက်သာမက ရေရှည်အတွက် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။ အစာစိမ်းရရှိမယ်ဆိုရင်တော့ အစာနုလျှော့ချရာမှာ ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

(၂) နွားကလေးများကို ပြုစုစောင့်ရှောက်ခြင်း

?နို့စျေးနည်းနေချိန်ဖြစ်တဲ့အတွက် နွားကလေးများကို ပြုစုစောင့်ရှောက်တဲ့အပေါ်မှာ ပိုပြီး အလေးထားနိုင်ပါမယ်။ နွားကလေးများသည် အသက် ၃ လအထိ တစ်နေ့ကို နွားနို့ ၃ ပိဿာတိုက်ဖို့လိုပါတယ်။

?အခုအချိန်မှာ နွားကလေးတွေကို အသက် ၃-၅ လအထိ တစ်နေ့လျှင် ၃-၄ ပိဿာတိုက်မယ်ဆိုလျှင် ဒါက နွားနို့များ လေလွင့်ဆုံးရှုံးသွားရတာထက် ပိုကောင်းပါတယ်။ တစ်ချို့က အဆီလှည့်ထုတ်ရောင်းပြီး ဖြေရှင်းနေကြတာလည်းရှိတဲ့အတွက် အဆီလှည့်ပြီးနို့ကိုလည်း တိုက်ကျွေးနိုင်ပါတယ်။ နွားကလေးတွေကို နွားနို့အပြင် အစာကြမ်း/အစာစိမ်းအတွက်လည်း ဂရုတစိုက်ပြုပါ။

(၃) နွားများပယ်ခြင်း

?နို့စျေးကျသွားတဲ့အခါ တောင်သူအများစုက နွားမတွေကို ရောင်းထုတ်ချင်ကြပါတယ်။ အကယ်၍ နွားစျေးကလည်း အဆင်ပြေတယ်ဆိုရင်တော့ ဒါကအကြံကောင်းပါပဲ။ ဒါပေမယ့် နွားမတစ်ကောင်၏ ရောင်းစျေးနှင့် ၎င်းကို အစာကျွေးထားလျှင် ကုန်ကျမည့်စရိတ်နဲ့ပတ်သက်ပြီး တွေးကြည့်ဖို့လည်းလိုပါတယ်။ အကယ်၍ နွားစျေးက အရမ်းနည်းနေမယ်ဆိုလျှင် ကျွေးမွေးထားမယ့်စားရိတ်က များနေသော်လည်း နွားများကို မိမိဆီမှာသာ ဆက်လက်ထိန်းသိမ်းထားခြင်းက ပိုကောင်းပါတယ်။

?နို့စျေးကျတဲ့အတောအတွင်းမှာ တောင်သူများသည် ကုန်ကျစရိတ်လျှော့ချပြီး နွားများကို ရောင်းချခြင်းဖြင့် အပိုဝင်ငွေကို ဖြစ်နိုင်သမျှ မြန်မြန်ပြုလုပ်ချင်ကြပါတယ်။ နို့စျေးကျခြင်းသည် အမြဲတမ်းဖြစ်နေမှာမဟုတ်ပါဘူး။ ပြီးတော့ စျေးပြန်မြင့်လာချိန်မှာ တောင်သူတွေဆီမှာ နောက်တစ်ကြိမ်ထပ်မံ နို့ထုတ်နိုင်သည့် အခြေအနေမျိုးရှိနေဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း ဂရုပြုသင့်ပါတယ်။ ဒါဟာ ဘာကြောင့် ငယ်ပြီးနို့ထွက်ကောင်းတဲ့နွားများကို ထိန်းထားသင့်သလဲဆိုတဲ့ အကြောင်းအရင်းပါပဲ။

?ဒီအချိန်က နွားပယ်မယ်ဆိုရင်တော့ ထုတ်လုပ်မှုမရှိတဲ့နွားများကို ပယ်ရမယ့်အချိန်ပါ။ နွားထီးကလေးများ၊ ကိုယ်ဝန်မရှိ နို့မရနွားမများ၊ အပိုဖြစ်နေသည့် နွားသိုးကြီးများကိုသာ အရင်ရောင်းထုတ်သင့်ပါတယ်။ အဲ့ဒီနောက်မှ နို့ပေးနည်းတဲ့နွား၊ ကိုယ်ဝန်ရရန်ခက်တဲ့နွား၊ နို့ပေးကာလနောက်ပိုင်းနွားများနှင့် မိမိမလိုအပ်ဘူးထင်သည့် နွားမတမ်းများကို ဒုတိယအဆင့်အနေနဲ့ ရောင်းထုတ်ရပါမယ်။

(၄) ကြာရှည်အထားခံမည့် ထုတ်ကုန်များပြုလုပ်ခြင်း

?ကြာရှည်စွာထားနိုင်မည့် နို့ထုတ်ကုန် ပုံစံများစွာရှိပါသည်။ နို့စျေးနည်းချိန်တွင် နောင်တစ်ချိန်တွင် ပြန်လည်ရောင်းချနိုင်မည့် ကြာရှည်အထားခံသည့် ထုတ်ကုန်များ ပြုလုပ်ပြီး သိမ်ဆည်းထားနိုင်ပါတယ်။ ထိုသို့ပြုလုပ်ထားသည့်အတွက် ဝင်ငွေတော့ ရရှိသေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ထွက်နေတဲ့နွားနို့ကိုတော့ နောင်တစ်ချိန်မှာ ရောင်းချနိုင်ဖို့အတွက် သိမ်းဆည်းထားနိုင်ပါတယ်။ အကယ်၍ နို့မရောင်းရလျှင် နို့ဆီ (သို့) ထောပတ် ကဲ့သို့သော ကြာရှည်အထားခံမည့်ပုံစံများ ပြုလုပ်ထားတာက အကြံကောင်းပါပဲ။

You

ဆက်စပ်ဆောင်းပါးများ

MDEP

နည်းပညာမိတ်ဖက်အဖွဲ့

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။