အရိပ်ကျနေတဲ့ စိုက်ခင်းတွေမှာ ဘယ်လိုအပင်တွေ စိုက်ပျိုးသင့်လဲ?

14/04/2020 11:00 AM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဦးကြီးတို့လည်း သိပြီးသားပါ အပင်တစ်ပင်ရှင်သန်ဖို့အတွက် နေရောင်ခြည်၊ ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လိုအပ်ပါတယ်။ ဒါ့ကြောင့် ပုံမှန်အားဖြင့်တော့ နေရာင်ခြည်မရပဲ အရိပ်ကျနေရင် အပင်တွေ ကောင်းကောင်းမရှင်သန်ကြပါဘူး။ ဒါပေမဲ့ အရိပ်ကျနေတဲ့ စိုက်ခင်းတွေမှာ စိုက်ပျိုးလို့ရတဲ့ အပင်တွေလည်း ရှိပါသေးတယ်ဗျ။ အဲဒီအပင်တွေကို မပြောပြခင်မှာ အရိပ်ကျခြင်း (၃)မျိုးကို အရင်ပြောပြချင်ပါတယ်။

လုံးဝအရိပ်ကျခြင်း(Fully shaded)- နေရောင်ခြည် လုံးဝမရရှိတာမျိုးဖြစ်ပြီး တစ်ခါတစ်ရံမှသာ ဘေးအရာဝတ္ထုတွေကနေ အလင်းပြန်လာတဲ့ အလင်းရောင်လောက်သာရှိပါတယ်။ ဒီလိုအရိပ်ကျနေရင်တော့ အပင်တွေစိုက်ပျိုးဖို့ မသင့်တော်ပါဘူးဗျ။

အလင်းအနည်းငယ်ရ အရိပ်ကျခြင်း(Lightly  shaded)- တစ်ရက်ကို (၁-၂)နာရီလောက်သာ နေရောင်ခြည်ရရှိပြီး လေဝင်လေထွက်နဲ့ အလင်းပြန်ခြင်းတွေသာရရှိတဲ့ အရိပ်ကျခြင်းမျိုးပါ။ ဒီလိုအရိပ်ကျခြင်းမျိုးမှာ အရွက်စားရတဲ့အပင်နဲ့ ဥစားရတဲ့အပင်တချို့ စိုက်ပျိုးလို့ရပါတယ်ဗျ။

အသင့်အတင့်အရိပ်ကျခြင်း(Partially shaded)- တစ်ရက်ကို (၂-၆) နာရီလောက်နေရောင်ခြည်ရရှိတဲ့ အရိပ်ကျခြင်းမျိုးပါ။ ဒီလိုအရိပ်ကျတဲ့ စိုက်ခင်းတွေမှာ အရွက်စားရတဲ့အပင်၊ ဥစားရတဲ့အပင်တွေနဲ့ အအေးကြိုက်တဲ့ ​တချို့သော အသီးစားရတဲ့ပင်တွေပါစိုက်လို့ရပါတယ်ဗျ။

    ဒီအရိပ်ကျခြင်း (၃)မျိုးထဲကမှ အပင်တွေ စိုက်ပျိုးဖို့ သင့်တော်တာကတော့ အသင့်အတင့်အရိပ်ကျခြင်း ဖြစ်ပါတယ်ဗျ။

    အရိပ်ကျနေတဲ့ စိုက်ခင်းတွေမှာ စိုက်ပျိုးလို့ရတဲ့ အပင်တွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ကိုက်လန်ပင်၊ ကြက်သွန်မိတ်၊ သင်္ဘောဒန့်သလွန်ပင်၊ ရေမုန်ညင်း၊ ဆလက်ရွက်၊ ကညွတ်၊ ဟင်းနုနွယ်၊ ပူစီနံ၊ ချဥ်ပေါင်ပင်၊ မုန်လာဥဝါ၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ အာလူး၊ ဂျူးမြစ် စသောအပင်တွေကို စိုက်ပျိုးလို့ရပါတယ်ဗျ။

    အသီးစားအပင်တွေဖြစ်တဲ့ ငရုတ်ပင်၊ ခရမ်းချဥ်ပင်၊ ခရမ်းသီးပင် စသောအပင်တွေက အသီးတည်ဖို့ နေရောင်ခြည်ကောင်းကောင်းလိုအပ်တာမို့ အရိပ်ကျနေတဲ့ စိုက်ခင်းတွေမှာ မစိုက်သင့်ပါဘူးဗျ။ ဒါပေမဲ့ တချို့သော အေးတဲ့အခြေအနေကိုကြိုက်တဲ့ အသီးစားအပင်တွေကိုတော့ စိုက်လို့ရပါတယ်။( ဥပမာ-အေးတဲ့အခြေအနေကြိုက်တဲ့ ခရမ်းချဥ်သီးမျိုး)

ဒါကြောင့် အရိပ်အောက်မှာ အပင်တွေစိုက်တော့မယ်ဆိုရင်...

- မိမိစိုက်ခင်းနဲ့ သင့်တော်မယ့် အရိပ်ကြိုက်ပင်ကိုရွေးစိုက်ပါ

- ပျိုးပင်တွေကိုတော့ ပုံမှန်နေရောင်ရတဲ့နေရာမှာ စိုက်ပြီးမှ ရွှေ့ပါ

- မြန်မြန်ကြီးဖို့နဲ့ အထွက်ကောင်းဖို့ အရမ်းမမျော်လင့်ပါနဲ့

- အရိပ်ကျစေတဲ့အပင်တွေရဲ့ အောက်ဘက်ကိုင်းတွေကို ချိုင်ပေးတာမျိုးလုပ်ပါ

- ခြံစည်းရိုးနဲ့ စိုက်ခင်းဘေးပတ်ပတ်လည်ကို အဖြူရောင်သုတ်ပါ။ ဒီလိုလုပ်ခြင်းက စိုက်ခင်းအတွက် အလင်းရောင်ကို ပိုရစေပါတယ်ဗျ။

    ကဲ ဒီလောက်ဆိုရင်တော့ ဦးကြီးတို့ရဲ့ အရိပ်ကျနေတဲ့ စိုက်ခင်းမှာ ဘယ်လိုအပင်တွေ စိုက်ပျိုးသင့်ပြီး ဘယ်လိုတွေ လုပ်ပေးသင့်တယ်ဆိုတာ သိရှိလောက်ပြီ ထင်ပါတယ်ဗျ။

ထွန်းရာဇာ

Ref; https://harvesttotable.com/vegetables-for-growing-in-shade/


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်