လျှော်ဖြူပင်နှင့် ရာသီဉတု

11/04/2018 15:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
လျော်ဖြူစိုက်ပျိုးရန် ရည်ရွယ်သူများ လေ့လာသူများ အများဆုံးမေးသော မေးခွန်းများဖြစ်ပြီး လက်ရှိစိုက်ပျိုးနေသူများ လေ့လာနေသူများ အကြားတွင် ယူဆလက်ခံထားမှုများ မှာလည်း မတူညီကြပေ။ ထိုသို့ဖြစ်ရသော အကြောင်းရင်း များစွာ ရှိနေပေသည်။
 
ပထမအချက်က မှီငြမ်းလေ့လာစရာ စာအုပ်စာတမ်းများ မရှိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လျော်ဖြူစိုက်ပျိုးပြီး အစေးထုတ်နေသော ဒေသအနည်းငယ်သာရှိနေခြင်းပါ။
ထိုဒေသ အနည်းငယ်မှာလည်း မိုးရွာသွန်းမှုနည်းသော မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင်သာ ရှိနေခြင်းက လျော်ဖြူစိုက်ပျိုးခြင်း အစေး(ဆေးကုလားမ) ထုတ်ယူမှုအတွက် သုတေသနပြု လေ့လာရန် လိုအပ်နေသော အချက်များပင်ဖြစ်ပါသည်။
 
အမှန်တော့ လျော်ဖြူသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် သဘာဝပေါက်ပင် အဖြစ် ပေါက်ရောက်နေကြပါတယ်။မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများ ပဲခူးရိုးမ တောင်တန်း အနောက်ရိုးမ အစပ်တောင်တန်း ရှမ်းရိုးမအစပ် တောင်တန်းများတွင် အများအပြား တွေ့ရှိရပါတယ်။
 
သို့သော်လည်း အညာဒေသတွင်သာ အစေးအား စီးပွားဖြစ်ထုတ်လုပ် ရောင်းချနေကြသော်လည်း အခြားဒေသများတွင် မထုတ်လုပ်ခြင်းက အစေးထုတ်၍ ရသည် မရသည် အငြင်းပွားစရာအချက် တစ်ခုပါ။
 
ယခုနောက်ပိုင်းတွင် တောတောင်များတွင် ပေါက်ရောက်နေကြသော သဘာဝပေါက်ပင်များအား အစေးထုတ်ခြင်း လုပ်ငန်းများ လုပ်ဆောင် လာကြသော်လည်း အနည်းအကျဉ်းသာ လုပ်နိုင်ကြပါသေးတယ်။ သွားလာရန်ခက်ခဲခြင်း အစေးထုတ်ယူခဲ့ခြင်းမရှိဘဲ ကြီးရင့်နေသော အပင်များအား အစေးထုတ်ရန် အချိန်ပေးရခြင်း နည်းပညာ လိုအပ်ချက်များ ရှိနေခြင်း ဒေသတွင်း လက်လုပ်လက်စား အဆင့်သာ လုပ်ကိုင်ကြပြီး စီးပွားဖြစ် လုပ်ကိုင်မှု မရှိခြင်းတို့က လျော်ဖြူအစေး ထုတ်ယူမှု လျော့နည်းစေခြင်းပါ။
 
ဒီတော့ အထက်ပါ (၂) ချက်အရ သုံးသပ်တင်ပြရလျင် လျော်ဖြူ သဘာဝပေါက်ပင် ရှိနေသော ဒေသများတွင်သင့်တော်သော ရာသီဥတုနှင့် မြေအမျိုးအစားများ ရှိနေခြင်းကြောင့် လျော်ဖြူစိုက်ပျိုးလို့ ရပါတယ်လို့ ယေဘူယျအနေနှင့် ဖြေပါရစေ။ ထို့အတူ ထိုဒေသများနှင့် ရေ၊ မြေ၊ ရာသီဥတု တူညီသော ဒေသများတွင်လည်း လျော်ဖြူ စိုက်ပျိုးဖြစ်ထွန်းသည်ဟု ဆို၍ရပါသည်။
သို့သော် မိမိတို့ ရည်ရွယ် စိုက်ပျိုးသည်မှာ အပင်ဖြစ်ရန် ဒေသစိမ်းလန်းစိုပြေရေး သက်သက်အတွက် ရည်ရွယ် စိုက်ပျိုးနေပါသည်ဟု လူကြားကောင်းအောင် ဟစ်ကြွေးနေသူများ မဟုတ်သလို သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက် အခြားမှ အထောက်အပံ့ဖြင့် စိုက်ပျိုးနေသူများ မဟုတ်သဖြင့် မိမိလုပ်ငန်း အောင်မြင်ရန် အကျိုးအမြတ်ရရှိရန် ဆုံးရှုံမှု မဖြစ်ရန် သည် အဓိက ဆိုသည်ကို သတိပြုရန်လိုအပ်ပေသည်။
 
လျော်ဖြူစိုက်ပျိုးသူများ အနေဖြင့် မိမိတို့အတ္တအကျိုးစီးပွား ဘဝရပ်တည်ရေးအတွက် အစေးထုတ်ရန် အစေးထွက် ရှိရန် ရည်ရွယ်စိုက်ပျိုးရင်းဖြင့် ပရဟိတဖြစ်သော သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းမှုအား အကျိုးပြုသွားရန် ဖြစ်ပါတယ် အတ္တဟိတ ပရဟိတ ဖြစ်ရန် လုပ်နိုင်ရန်အတွက် လျော်ဖြူအစေးထွက်ခြင်း မထွက်ခြင်းသည် သည်အဖြေပေးသွားပါလိမ်မည်။အစေးထုတ်လုပ်ခြင်း မအောင်မြင်ပါက ဘဝရပ်တည်မှုနှင့် စိုက်ပျိုးရေးလောကတွင် ရပ်တည်နိုင်မည်မဟုတ်သလို အကျိုးပြုလုပ်ငန်းများလည်း မလုပ်ဆောင်နိုင်ဘဲ ဖြစ်သွားမည် မဟုတ်ပါလား။ သို့ဖြစ်၍ လျော်ဖြူအစေး စီးပွားဖြစ်ထုတ်လုပ်နိူင်သော ရာသီဥတု မြေအမျိုးအစား စိုက်စနစ်(ပင်ကြား တန်းကြား)တို့အား အဓိကထား၍ စနစ်တကျ စီစစ်ရွေးချယ်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
 
*ရာသီဥတု
 
လျော်ဖြူသည် အပင်ဖြစ်ထွန်းရန်အတွက် ခက်ခဲမှု မရှိနိုင်သော်လည်း အစေးထွက်ရှိရန် အစေးထုတ်ယူရန်မှာ အရေးကြီးပေသည်။ လျော်ဖြူအစေး ထွက်ရှိရန် အဓိက မိတ်ဘက်ရာသီဥတုမှာ ပူအိုက်စွတ်စိုသော အခြေအနေရှိရန် လိုအပ်ပြီး လျော်ဖြူ ထုတ်ယူချိန်တွင် လေပြင်းတိုက်ခြင်း၊ မိုးရွာသွန်းခြင်း တို့ကြောင့် အစေးထုတ်ယူမှုတွင် ယုတ်လျော့ခြင်း ပျက်စီးခြင်းများ ဖြစ်ပေါ်စေ၍ ထိုကာလများအား ရှောင်လွဲသင့်ပါသည်။
 
ယေဘူယျအနေဖြင့် အလွန်အေးသောရာသီဥတု ရှိသော ဒေသများနှင့် တစ်နှစ်ပါတ်လုံးမိုးရွာသွန်းသော မိုးအလွန်များသော ဒေသများတွင် မစိုက်ပျိုးသင့်ဟုအကြမ်းဖျဉ်း ဆို၍ရပါမည်။ မြန်မာနိုင်ငံအတွင်းရှိ ထိုကဲ့သို့သော ဒေသများသည် အပင်ဖြစ်ထွန်း နိုင်သော်လည်း အစေးထုတ်ယူချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နိုင်ပါသည်။လက်ရှိ လျော်ဖြူစိုက်ပျိုးနေသူ လေ့လာနေကြသူ အများစုကတော့ အောက်မြန်မာပြည်တွင် လျော်ဖြူမစိုက်သင့်ဟုပင် လက်ခံယုံကြည်နေကြပါတယ်။
 
ထိုသို့ဖြစ်ပေါ်နေရသည်ကား လေ့လာမှုမှတ်တမ်းများ သုတေသနပြုချက်များ စာတမ်းများမရှိခြင်းကြောင့်ပင် လျော်ဖြူကဲ့သို့ အစေးထုတ်သော ရာဘာတွင်မူ သုတေသနပြုချက်များ စာတမ်းများ လေ့လာတွေရှိချက်များ ကခိုင်မာစွာရှိလေတော့ အားကိုးအားထားပြုစရာပါ။
 
အစေးထုတ်ခြင်းတူသော်လည်း လျော်ဖြူနှင့် ရာဘာ ကြိုက်နှစ်သက်သောရာသီဥတု အစေးထုတ်သော အချိန်ကာလတို့သည်မူ ဆန်ကျင်ဘက်ပင် ဖြစ်သည်။ ရာဘာပင်သည် မိုးများသောဒေသတွင် ဖြစ်ထွန်းပြီး အစေးထုတ်ချိန်သည် မိုးကုန်၍အေးသောရာသီဥတု အပင်အောက်ခြေ နေမထိုးရန် စိုက်တန်းကို အရှေ့အနောက် ထား၍စိုက်ပျိုးကာ အပင်ခြေနေမထိုးမှ အစေးထွက်ပိုထွက်နိုင်ပါသည်။ အပင်အရေအတွက်က စစိုက်ချိန်မှာ (၂၀၀) ပါတ်ဝန်းကျင် စိုက်ပေမဲ့ (၇)နှစ်ကြာလို့ အစေးထုတ်ချိန်မှာ (၁၈၀)ရလျင် အကောင်းဆုံးလို့ဆိုပါတယ်။ အပင်အသေအပျောက်များ ရှိနိုင်သောကြောင့် ဖြစ်သည်။
 
လျော်ဖြူပင်သည် ရေဝပ်ခြင်းဒါဏ်ကိုမခံနိုင်ခြင်း၊ အစေးထုတ်ချိန်သည် ပူအိုက်စွတ်စိုသော အခြေအနေ အပင်တွေက နေရောင်းခြည် အထူးလိုအပ်နေပါသည်။ နေရောင်ခြည်ကောင်းစွာရရှိမှ အစေးထွက်နိုင်သောကြောင့် ဖြစ်သည်။အပင်အရေအတွက်သည် တစ်ဧက (၇၀-၁၀၈)ပင် လောက်သာစိုက်သင့်တယ်ဟု ထင်မြင်မိပါသည်။ (စိုက်စနစ်တွင်ထပ်မံတင်ပြပါမည်)
 
မိမိအမြင် လေ့လာတွေရှိမှု ထင်မြင်ယူဆချက်အရ ဆိုရပါလျှင် မြန်မာနိုင်ငံတွင် လျော်ဖြူပင်အား အလွန်အေးသော ရာသီဥတုရှိသောဒေသနှင့် တစ်နှစ်ပါတ်လုံးမိုးမပြတ်သော မိုးများသောဒေသမှအပ အခြားဒေသများတွင် စိုက်ပျိုး၍ ရနိုင်သည်ဟု ဆိုချင်ပါသည်။ သို့သော် အစေးထုတ်ချိန်အား မိမိဒေသ ရာသီဥတုနှင့် ကိုက်ညီသောအချိန် အားရွေးချယ်ရန်လိုအပ်ပေသည်။ အစေး ထုတ်ယူချိန်အား ယေဘူယျအနေဖြင့်ဆိုရပါလျင် အောက်မြန်မာပြည် မိုးများသောဒေသများတွင် သစ်ရည်ပြန်ပြီး၍ အရွက်စုံပြီး အလုပ်လုပ်ချိန် နောက်ပိုင်းဖြစ်သော မတ်လကုန်ခန့်မှ ဇွန်လအထိ စက်တင်ဘာလမှ ဇန်နဝါရီလခန့်အထိ ထုတ်ယူနိုင်မည်ဟု ယူဆမိပါသည်။
 
ထုတ်ယူသည့်ကာလမှာ ရာသီဥတုအပေါ်မူတည်၍ အတိုးအလျော့ရှိနိုင်ပြီး မိုးရာသီတွင် လျော်ဖြူအစေး ထုတ်ယူမှုအား အနှောင့်အယှက် အခက်အခဲဖြစ်စေသော အစေးအား မိုးရေဝင်ရောက်မှုအားကာကွယ်နိုင်အောင် အမိုးအကာ အဖုံးအအုပ် အကာအရံများအား ရာဘာ မိုးရာသီထုတ်ယူချိန်တွင် လုပ်ဆောင်ပေးသကဲ့သို့ တီထွင် လုပ်ဆောင်နိုင်ပါလျင် အစေးထုတ်ကာလ တိုးမြင့်လာမည်ဖြစ်ပါသည်။
 
လျော်ဖြူစိုက်ပျိုးခြင်းလုပ်ငန်း အဆင့်အတန်းမြင့် တိုးတက်လာရန်မှာ စျေးကွက်ရရှိရေး ပစ္စည်းထုတ်လုပ် ရောင်းချရေးတို့ကိုသာ ဇောင်းပေးမလုပ်ဆောင်နေသင့်ဘဲ စိုက်ပျိုးနည်းစနစ်များနှင့်ပါတ်သက်၍ အသိအမြင်ဗဟုသုတ မြင့်မားလာစေရေးအတွက် သုတေသနပြုလုပ်ခြင်း လေ့လာစမ်းသပ်မှုများအား အလေးထား လုပ်ဆောင်သွားရန် လိုအပ်ပေသည်။ ထိုသို့လုပ်ဆောင်ရန်မှာလည်း စိုက်ပျိုးရေး လုပ်ဆောင်နေသူ တို့၏အားနှင့်သာ လုပ်ဆောင်၍မရဘဲအာဏာပိုင်အဖွဲ့အစည်း ဌာနဆိုင်ရာတို့၏ ဦးဆောင်မှု ထောက်ပံအားပေးမှုကို ရယူကာ လျော်ဖြူအသင်းအဖွဲ့နှင့်စိုက်ပျိုးထုတ်လုပ်သူများ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် တိုးတက်အောင်မြင်သော စက်မှုကုန်ကြမ်းထုတ်လုပ်ရေး လုပ်ငန်းအဖြစ်ပေါ်ထွန်းလာမည်ဟု ယုံကြည်ရင်း………
 
ဦးသက်လွင် (ထန်းညီနောင်ပျိုးဥယျာဉ်)

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်