အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခရမ်းချဉ် ပင်ညိုးရောဂါ

ခရမ်းချဉ် ပင်ညိုးရောဂါ

Green Way
Green Way • 11/01/2018

ခရမ်းချဉ် ဘက်တီးရီးယား ပင်ညှိုးရောဂါကို အင်္ဂလိပ်အမည် Bacterial wilt ဟု ခေါ်ဆိုကြပါသည်။ Ralstonia solanacearum ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါသည်။

ရောဂါလက္ခဏာ

ရောဂါရအပင်၏ ထိပ်ပိုင်းရွက်နုများသည် အဝါရောင်ပြောင်းလဲခြင်းမရှိဘဲ စတင်ညှိုးလာသည်။ နောက်(၂-၃) ရက် အကြာတွင် တစ်ပင်လုံး ညှိုးလာသည်။ မြေပြင်နှင့်ကပ်လျှက် ရှိသည့် ပင်စည်ပိုင်းကိုဖြတ်၍ရေကြည်ကြည် ထည့်ထားသည့် ဖန်ခွက်တွင် စိမ်ကြည့်ပါက ဘတ်တီးရီးယား စိမ့်ထွက်ရည်များကို နို့နှစ်ရောင်၊ အဖြူရောင် အမျှင်တန်းများအဖြစ် တွေ့ရသည်။ ခွဲကြည့်လျှင် ပင်စည်အတွင်းရှိ အစာကြော၊ ရေကြောများ အညိုရောင်ပြောင်းလဲနေသည်။

ကူးစက်ပျံ့နှံ့ပုံ

မြေဆောင်ရောဂါတစ်မျိုး ဖြစ်သည်။ ရောဂါဖြစ်သော ဘက်တီးရီးယားသည် မြေကြီးထဲတွင် နေထိုင်ပြီး ပြောင်းရွှေ့စိုက်ပျိုးရာတွင် ဖြစ်ပေါ်သော အမြစ်ဒဏ်ရာများ၊ မြေတွင်းအောင်း နီမဟုတ် အပါအဝင် အခြားအင်းဆက်ပိုးမွှားများ ကိုက်ဖြတ်စားသောက်ခြင်းမှ ဖြစ်သော ဒဏ်ရာများမှ အပင်တွင်း ဝင်ရောက်၍ရောဂါ ဖြစ်စေသည်။ မြေတွင်းအစိုဓာတ်များခြင်းသည် ဘက်တီးရီးယားများ ရှင်သန်ပေါက်ပွားမှု၊ ရောဂါဖြစ်စေမှု၊ မြေကြီးတွင်းပျံ့နှံ့မှုကို ပိုမိုဖြစ်စေသည်။ မြေချဉ်ငန်ဓာတ် (၇) အောက်တွင် ပိုမိုပွားများသည်။

ကာကွယ်နှိမ်နှင်းနည်းများ

_ ခံနိုင်ရည်ရှိသော မျိုးကို သုံးပါ။

_ ရောဂါရအပင်ကို ချက်ချင်းနှုတ်ယူ ဖျက်ဆီးမီးရှို့ပါ။

_ မြေတွင်းအောင်း အင်းဆက်ပိုးမွှားများနှင့် နီမတုတ်များကို ကြိုတင်ကာကွယ်ပါ။

_ ပြောင်းရွှေ့စိုက်ပျိုးစဉ် အမြစ်များ ဒဏ်ရာမရအောင်ဆောင်ရွက်ပါ။

_ စိုက်ဘောင်၊ စိုက်ခင်းရေမဝပ်စေရန်ဆောင်ရွက်ပါ။

_ ခရမ်းချဉ်မျိုးရင်းမဟုတ်သည့် သီးနှံများဖြစ်သော စပါး၊ ပြောင်း၊ ပဲ၊ ပဲပုပ်၊ ဂေါ်ဖီထုပ်၊ ကြံ၊ ဝါ စသည်တို့နှင့် သီးလှည့် စိုက်ပျိုးပါ။

_ မြေချဉ်ငန်ဓာတ်( ၇.၅_ ၇.၆) ရရှိစေရန်ဆောင်ရွက်ပါ။ ထုံးထည့်ပေးပါ။

_ ထယ်နက်နက်ထိုးပြီးမြေလှန်ပေးပါက မြေကြီးအပေါ်သို့ရောက်ရှိလာသော နီမတုတ်များသည် မြင့်မားသော အပူချိန်ကြောင့် သေစေသည်။

ကိုးကား-ခရမ်းချဉ် ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

zaw naing win

zaw naing win

လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုဆေးသုံူမလဲ

Sengli

Sengli

လွန်ခဲ့သော ၅ နှစ် က

ကောပါး သုံး ကြည့်

painggyi

painggyi

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုဆေးမျိုးဖျန်းသင့်သလဲ

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။