အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
290
လွန်ခဲ့သော ၃ လ က · ယင်းမာပင်

စပါးပျိုးခင်းပါ (၁၀)ရက်သားရပါပြီ ပုံထဲကအတိုင်းဖြစ်နေလို့ပါ ရေပေးတာကတော့ တစ်ရက်ကိုနံနက်ခင်းတစ်ကြိမ်ပဲပေးပါတယ်...

စပါးပျိုးခင်းပါ (၁၀)ရက်သားရပါပြီ ပုံထဲကအတိုင်းဖြစ်နေလို့ပါ ရေပေးတာကတော့ တစ်ရက်ကိုနံနက်ခင်းတစ်ကြိမ်ပဲပေးပါတယ် ဘာတွေလိုအပ်နေသေးလဲဆရာ ဘယ်လိုတွေလုပ်ဆောင်သင့်ပါသလဲဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၀ ရက်
အပင်အာဟာရ စပါး
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ဘေးကြားစပါး၊ပေါ်ဆန်းဘေးကြား၊ရွှေဘိုဘေးကြားစပါးမျိုး ဆိုရင်၊အပင်ငယ် အရွက်ဖြူတတ်ပါတယ်။အထူးသဖြင့်၊အပင်ပေါက်ချိန် မိုးအုံ့ရက်ကြာရင်ဖြစ်နိုင်ပါတယ်။2ပတ်သားလောက်ဆိုရင် ၊အလိုလိုပျောက်သွားတတ်ပါတယ်။ အောက်ပါ လင့်ခ်linkလေးကိုဖတ်ကြည့်ပါ။https://www.facebook.com/share/p/188WXG8Ehq/

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ လ က

ပျိုးခင်းကိုတော့ ပုလဲတမျိုးတည်းကျွေးရင်ရပါတယ်။နောက်၂ပတ်နေရင် /ပျိုးသက် ၁လဝန်းကျင် ဆိုရင် ပြောင်းရွေ့စိုက်သင့်ပါပြီ။ စိုက်ပြီး ၁၅ရက်သား တကြိမ်၊၁၅ပတ်လည်ကျွေးနိုင်ပါတယ်။

290 လွန်ခဲ့သော ၃ လ က

ဆရာကြီးချင်ဗျာ ပျိုးသက်(၁၅)ရက်မှာ ပုလဲနဲ့ ၁၅ပတ်လည်ရောပြီးကျွေးလို့ရပါသလား ဒါ့အပြင် ပြောင်းရွေ့စိုက်ပျိုးဖို့ရာအတွက် အနည်းဆုံးပျိုးသက်ဘယ်လောက်ထိရှိမှစိုက်သင့်ပါသလဲ စစ်ကိုင်းတိုင်းအောက်ပိုင်းကပါ

56 လွန်ခဲ့သော ၃ လ က

GW11စျေးသိချင်ပါတယ်

348,301 လွန်ခဲ့သော ၃ လ က

အသက် (၁၀) ရက်သား စပါးပျိုးပင်လေးများ ဝါဖျော့နေရခြင်းသည် နိုက်ထရိုဂျင် အာဟာရဓာတ် လိုအပ်ခြင်း၊ ပျိုးဘောင် ခြောက်သွေ့လွန်းခြင်း သို့မဟုတ် ရေဝပ်လွန်းခြင်း စသည့် ရေစီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ထို့အပြင် မြေဆီလွှာ pH မြင့်မားခြင်းကြောင့် ဖြစ်တတ်သော သံဓာတ် (Iron) ချို့တဲ့ခြင်း သို့မဟုတ် စပါးမျိုးစေ့၏ ဗီဇဖောက်ပြန်မှုကြောင့် ကလိုရိုဖီးမထုတ်နိုင်သည့် မျိုးထွန်းခြင်း (Albino) ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၎င်းကို ကုသရန်အတွက် ပျိုးဘောင် အစိုဓာတ်ကို မှန်မှန်ထိန်းပေးခြင်း၊ ယူရီးယား မြေဩဇာ သို့မဟုတ် သံဓာတ်နှင့် အမိုင်နိုအက်ဆစ် ပါဝင်သော ရွက်ဖျန်းမြေဩဇာများကို ပက်ဖျန်းပေးခြင်းဖြင့် ပြန်လည်ကုသနိုင်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။