အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှိုင်းထက်အောင်
လွန်ခဲ့သော ၁ ရက် က · ရပ်စောက်

တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image
Post image
Post image
Post image
3

ဖြေကြားချက် ၃ ခု

ရှိုင်းထက်အောင်
ရှိုင်းထက်အောင် 669 လွန်ခဲ့သော ၁ ရက် က

အရင်က ဒိုင်မီသို့မော့ မက်တလဇီး ၃ကြိမ်တွဖျန်းပါတယ် နောက်တမျိူးက အဇိုစီစထိုဘင် ဒိုင်ဖင်နာဂိုနာဇိုး တတွဲ နောက်တမျိူးက ဆိုင်မောစာနေး ကလိုရိုသာလိုနေး ဟန်ဆာဂိုနာဇိုး ဆေးအတွဲဖျန်းပါတယ် အခုဆေးဆိုင် ဒိုင်ဖင်နာဂိုနာဇိုးနှင့် ပရိုပီဂိုနားဇိုး ဇိုးနှစ်ဇိုး 15%နှင့်ဆေးပေးလာပါတယ် ဆရာပြောသလို ကော့ပါးနှင့် ကာဆူကာမိုင်စင် ဆေးအတွဲ ဝယ်ဖျန်းလိုက်ပါမယ်ပြီးရင် အဲဇိုး2ဇိုးဖျန်းလို့ရပါသလား

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,118,939 လွန်ခဲ့သော ၁ ရက် က

အရင်က ဘာဆေးတွေဖျန်းပါသလဲ။ ဇိုးအုပ်စုတွေ ခဏ နားထားပါ။ကော့ပါးနဲ့ bismerthiazol ဖျန်းပါ။အောက်က အစာကို ပုံမှန်ကျွေးပါ၊(ဓာတ်မြေဩဇာ+k humicရောကျွေးပါ) ၅က်ခြားပြီး(ပရိုပီးနပ်+ဆိုင်မောက်ဇနေး)ဖျန်းပါ။၅ရက်စောင့်ကြည့်ပါ။

သော်ဇင်
သော်ဇင် 363,758 လွန်ခဲ့သော ၁ ရက် က

ခရမ်းချဉ် ဘက်တီးရီးယား အစက်အပြောက် ရောဂါ (Bacterial Speck and Spot) ကျတာပါ၊ ဒီရောဂါအတွက် စိုက်ခင်းအတွင်း ဓာတုဆေးဖြင့် ကုသရာတွင် ကော့ပါးအခြေခံဆေး (Copper Oxychloride, Copper hydroxide) , Oxolinic acid, Kasugamycin, Bismerthiazole တစ်မျိုးမျိုးကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးများကို ၅ ရက်မှ ၇ ရက်တစ်ကြိမ် စနစ်တကျ ဖျန်းပေးရပါမယ်။ ရောဂါထပ်မံ မပြန့်ပွားစေရန် အပင်များ စိုစွတ်နေချိန်တွင် ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ပြီး ရောဂါရအရွက်များကို ဆွတ်ခူးကာ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီးရပါမယ်။ ရေပေးဝေရာတွင်လည်း အပင်ပေါ်မှ ရေပက်ဖျန်းခြင်းထက် အပင်ခြေမှ ရေသွင်းခြင်း ကို အသုံးပြုခြင်းက ပိုမိုထိရောက်ပါတယ်။ နောင်ရာသီအတွက် ကြိုတင်ကာကွယ်ရန် ရောဂါကင်းစင်ကြောင်း စိတ်ချရသော အသိအမှတ်ပြု ပျိုးပင်/မျိုးစေ့များကိုသာ အသုံးပြုပါ။အဆိုပါစိုက်ခင်းမြေနေရာတွင် ခရမ်းချဉ်၊ ငရုတ် ကဲ့သို့သော Solanaceae မျိုးရင်းဝင် အပင်များကို ဆက်တိုက်မစိုက်ပျိုးဘဲ ပြောင်းဖူး၊ ပဲမျိုးစုံ သို့မဟုတ် ဂေါ်ဖီထုပ် တို့နှင့် ၂ နှစ်မှ ၃ နှစ်ခန့် သီးလှည့်စိုက်ပျိုးပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂ...

ဖြေကြားချက် 3 ခု

ဆရာရေ မူလEMကိုဂတ်တက်လို့သိုထားဖို့ ရေစိမ်ထားလို့ရလားဗျ

ဖြေကြားချက် 1 ခု

ဆရာမနက်ဖြန် ခရမ်းချဥ်သီးခူးရက်ဆိူတော့ ဆေးမဖျန်းရသေးဘူး မနက်ဖြန် ညနေလောက်မှ ဖျန်းရမှာဆရာ ဝယ်စားတဲ့သူတွေအန္တရာယ်...

ဖြေကြားချက် 2 ခု

ဆရာခင်ဗျ ပိုင်မီထရိုဇင်း။ အဆီတာမီပရစ် အမိုင်နိုနဲ့ဝိစာကွန်ဘီရောပြီးအလည့်ကျဖြန်းပါတယ်ရောဂါကမရပ်ဘူးဖြစ်နေလို့ပါ...

ဖြေကြားချက် 4 ခု

ဆရာရေ ကန့်၅၀ကျပ်သား ထုံး၂၅ကျပ်သား မှိုဆေးဖော်တာကြိုတုန်းကအရောင်က အစိမ်းပုပ်ရောင် အအေးခံလိုက်တော့ဝါနုရောင် သုံး...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။