ဖြေကြားချက် ၁ ခု
@အောင်မင်း စပါးခင်းတွင် ငါးအမိုင်နိုအက်စစ် (FAA) ကို စပါးပင်သက်တမ်း (၁၅) ရက်သား သို့မဟုတ် ကောက်စိုက်ပြီး (၂) ပတ်သား အမြစ်စွဲ၊ အပင်ကြီးထွားမှု စတင်ချိန်မှစ၍ ပထမဆုံးအကြိမ် စတင်အသုံးပြုနိုင်ပါတယ်။ ထို့နောက် အပင်ပွားချိန် (သက်တမ်း ၃၀-၃၅ ရက်) နှင့် စပါးမှို့ကပ်ချိန် (သက်တမ်း ၅၀-၅၅ ရက်) တို့တွင် တစ်ကြိမ်စီ ထပ်မံဖြန်းပေးနိုင်ပါတယ်။ နေပြင်းချိန်ကိုရှောင်ကာ နံနက်စောစော သို့မဟုတ် ညနေအေးချိန်တွင် အရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျဲခင်းထဲကမြက်တွေဘယ်ပေါင်သက်ဆေးသုံးရမလဲဆရာ။
ဖြေကြားချက် 2 ခု
GW11ကျဲခင်းအထွက်ကောင်းအောင်ဘယ်ရက်တွေမှာဘယ်အစာတွေကျွေးရမလဲဆရာ။
ဖြေကြားချက် 1 ခု
ပုံထဲက အဖြူလေးတွေက ပိုးဥ လေးတွေလားဗျ ဘာပိုးသတ်ဆေးဖြန်းသင့်ပါသလဲ
ဖြေကြားချက် 12 ခု
အပင်အောက်ခြေတွင်ပုက်နေပြီးအရွက်များခြောက်နေပါသည် ဘာဆေးများအသုံးပြုရမလဲဆရာ
ဖြေကြားချက် 4 ခု
နွေစပါးအတွက် သုံးစွဲရမည့် ရက် သိချင်
ဖြေကြားချက် 1 ခု