အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,842
လွန်ခဲ့သော ၆ နှစ် က · ရွှေဘို

hello. မင်္ဂလာပါ။ ကျနော်မေးချင်တာ တကယ်ကိုအရေးကြီးပါတယ်။ အခုမြန်မာနိုင်ငံမှာ လုံးဝ Organic ကိုမသွားနိုင်သေးပါ...

hello. မင်္ဂလာပါ။ ကျနော်မေးချင်တာ တကယ်ကိုအရေးကြီးပါတယ်။ အခုမြန်မာနိုင်ငံမှာ လုံးဝ Organic ကိုမသွားနိုင်သေးပါဘူး။ ဥပမာ မှိုရောဂါလိုမျိုးဆို organic နဲ့ဖြေရှင်းဖို့ဆိုတာ နည်းပါသေးတယ်။ အဓိကမေးချင်တာကတော့ Azoxystrobin ဟာ မှိုးသတ်ဆေးတစ်မျိုးပါ။ သူက ဟင်းသီးဟင်းရွက်တွေမှာသတ်မှတ်နှုန်းထားနဲ့သုံးထားရင် ၇ရက်နေရင်ဓာတ်ပြေတယ်ပေါ့။ ဒါပေမယ့် အဲ့ဆေးက ဆိုးကျိုးအနေနဲ့ ဘယ်လောက်ထိရှိပါသလဲ။ ဘယ်လောက်ထိ အာနိသင်ဟာ မပျက်ပျယ်နိုင်သလဲ။ ဓာတ်ကြွင်းအာနိသင်ကုန်တဲ့ရက်ရောက်သွားရင်တောင် chemical residues တိုင်းတာတဲ့စက်နဲ့တိုင်းလို့ အစိမ်းရောင်အဆသ့်ဘဲရှိခဲ့တောင် လူကိုရော စာသုံးသူကိုရော ဘယ်လောက်ထိ ဆိုးကျိုးပြုနိုင်သေးပါသလဲ။ သိကျွမ်းသူများ နာလည်သူများ ထောက်ပြ ရှင်းပြ ဖော်ပြပေးပါဦး။ တကယ်လို့ အဲ့ဆေးက သုံးခွင့်မရှိဘူးဆိုခဲ့ရင် မြန်မာနိုင်ငံမှာရှိတဲ့ဆေးတွေ တော်တော်များများမှာ active ingredient အနေနဲ့သုံးတာတွေ့ပါတယ်။

စိုက်ပျိုးနည်း ဟင်းနုနွယ်
2

ဖြေကြားချက် ၂ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

မှိုရောဂါ၏ အဓိကကျတဲ့အချက်က ရာသီဥတုနှင့် စိုက်ပျိုးနည်းစနစ်တွေပေါ်မှာ များစွာအခြေခံပါတယ်။ဥတုလားရာနှင့် မြေတွင်းအမြစ်၌ ဖြစ်ပေါ်လာနိုင်သော အခြေအနေများ၏ လားရာနှင် မြေနှင့်မြေဩဇာ သဘောတရားအနုစိပ်ပိုင်းခြားချက်များအား လေ့လာဆန်းစစ်ခြင်း စသောသဘောတို့ကို စန်တကျသိခြင်းဖြင့်သာလျှင်ဖြေရှင်းလို့ရနိုင်ပါတယ်။

7,663 လွန်ခဲ့သော ၆ နှစ် က

မှိုရောဂါတွေကို ဓာတုဆေးမသုံးဘဲ ကာကွယ်နှိမ်နင်းလို့ (အလုံးစုံ မဟုတ်တောင်)ရနိုင်ပါတယ်။ ထရိုင်ကိုဒါးမားမှိုကိုသုံးပြီး စိုက်ပျိုးတာတွေ၊ ဇီဝမှိုသတ်ဆေး အသုံးပြုတာတွေ စတဲ့နည်းတွေနဲ့ ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ (မြန်မာနိုင်ငံမှာ ဇီဝမှိုသတ်ဆေးအချို့ဝယ်ယူရရှိနိုင်ပါတယ်။)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စာအုပ်စင်က စာအုပ်များကို ဘာ application နဲ့ဖတ်ရတာလဲဗျ

ဖြေကြားချက် 2 ခု

လေ့လာဖူးသလောက်ပေါ့နော် ‌မြေဆီမြေလွှာကောင်းအောင် သဘာဝနည်းကျပြုပြင်ယူကြတဲ့အခါမှာ ကိုယ်ဖြစ်လာစေချင်တဲ့ NPK အချိုး...

ဖြေကြားချက် 4 ခု

အပင်တွေအတွက် ရေပေးဖို့တကယ်လိုအပ်တဲ့အချိန်က ဘယ်အချိန်ဖြစ်မလဲခင်ဗျ? ကျွန်တော်ကဝါသနာပါလို့အိမ်မှာစိုက်ရုံပဲဆို...

ဖြေကြားချက် 4 ခု

အိမ်မှာဟင်းနုနွယ်မျိုးစေ့လေးရှိလို့ ပန်းအိုးလေးထဲမြေဆွေးလေးနဲ့သေချာစိုက်ထားပါတယ် မျိုးစေ့ကိုရေစွတ်၊ အိတ်အပါး...

ဖြေကြားချက် 1 ခု

ကျွန်တော်ကစိုက်ပျိုးရေးကို တကယ့်မြေပြင်မှာ ထဲထဲဝင်ဝင်လုပ်‌နေတဲ့သူ မဟုတ်ဘူးခင်ဗျ။ ကျွန်တော်မကြာခဏကြားဖူးနေတာတ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။