ဖြေကြားချက် ၂ ခု
စပါးပင်ရေငတ်ဒဏ်ခံရသည့်အချိန်မှာ စပါးပင်ရဲ့ အလံရွက်က ရေ အငွေ့ပျံ ဆုံးရှုံးမှုနည်းအောင် အတွက် stomata ပိတ်သွား တတ်ပါတယ်။ stomata ပိတ်သွားသည့်အတွက် အစာချက်လုပ်မှုလုပ်ငန်း နှောင့်နှေးသွားတတ်ပါတယ်။ ဒီအချိန်မှာ စပါးစေ့ ဖြစ်ထွန်းဖို့အတွက် လိုအပ်သည့် အစာ ကို အလံရွက် က အဓိက ပံ့ပိုးပေးတာပါ။ အလံရွက်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်သွားစေသည့် အတွက် စပါးစေ့ အောင်မြင်ဖြစ်ထွန်းမှုကိုလည်း ထိခိုက်စေပါတယ်။ အောင်စေ့ ရာခိုင်နှုန်း လျော့နည်းပါလိမ့်မယ် ။ အထွက် နှုန်းကို ထိခိုက်ပါလိမ့်မယ်။
ပြီးခဲ့တဲ့ မိုးရာသီ မှာတော့ ရခိုင်မှာ စပါးအထွက် မကျခဲ့ပါဘူး။ စပါးတွေပန်းပွင့်ပြီးချိန်မှာ မိုးက တောက်လျှောက် ပြတ်ခဲ့ပါတယ်။ လယ်သမားတွေလည်း အထွက် ကျမှာ စိုးရိမ်ခဲ့ကြပါတယ်။ အထွက်မကျတဲ့အပြင် အစေ့အဆန်က အရင်နှစ်တွေထက် ပိုအောင်မြင်ခဲ့ပါတယ်။ တစ်ခု သတိထားမိတာတော့ မိုးပြတ်ခဲ့ပေမယ့် အစိုဓာတ် ရှိနေပါတယ်။
ဆက်စပ်မေးခွန်းများ
အစေ့ထုတ်ပြောင်းစိုက်မလို့ပါ အောက်ပါပေါင်းသတ်ဆေးတွေကိုဘယ်လိုအခြေအနေမှာဘယ်လိုသုံးရမလဲ (1)ဂလိုင်ဖိုဆိတ် (2)ဂရမ်...
ဖြေကြားချက် 6 ခု
Agricultura နဲ့ဆိုင်တဲ့ Combine harvester တွေရဲ့အကြောင်းသိချင်ပါတယ် မြန်မာနိုင်ငံမှာလက်ရှိသုံးနေတဲ့..စက်တွေရဲ့...
ဖြေကြားချက် 1 ခု
ရေပြတ်လို့စပါးပင်တွေဝါပြီးပင်မပွားနိုင်တာကိုဘယ်လိုပြုပြင်ရမလဲဗျာ
ဖြေကြားချက် 2 ခု
စပါးသီးနံမှာ urea ကို မြေခံထည့်သင့်သလား
ဖြေကြားချက် 1 ခု
ပြောင်းဖူးမျိုးစေ့ ကောင်းမကောင်း ဘယ်လိုသိနိုင်မလဲ
ဖြေကြားချက် 1 ခု