တောင်သူတိုင်းသိသင့်တဲ့ မျိုးစေ့ (၄) မျိုး
မျိုးစပ်မွေးမြူခြင်း၏ရည်ရွယ်ချက်မှာ အပင်၏မျိုးရိုးလိုက်နိုင်စွမ်းအား တိုးတက်ကောင်းမွန်ရန်နှင့် မျိုးအသစ်တစ်ခုထုတ်လုပ်နိုင်ရန် ဖြ စ်ပါသည်။ မျိုးစပ်၍ရရှိလာသော မျိုးသစ်များထဲမှ မူလရှိသော မျိုးများထက် အဖက်ဖက်မှ သာလွန်ကောင်းမွန်သော မျိုးများကိုသာ မျိုးသစ်အဖြစ် အသုံးပြုပါသည်။ ယေဘုယျအားဖြင့် ပို၍ကောင်းမွန်သော မျိုးတစ်ခုတွင် အထွက်နှုန်းမြင့်ပြီး အရည်အသွေးကာင်းမွန်သော လက္ခဏာများပါရှိရမည်။
ကောင်းမွန်သော လက္ခဏာများဆိုသည်မှာ အထွက်နှုန်းကောင်းမွန်ခြင်း၊ အရည်အသွေးလက္ခဏာများကောင်းမွန်ခြင်း၊ ရောဂါနှင့် ပိုးမွှားဒဏ်ကိုခံနိုင်ခြင်း၊ ဆိုးဝါးသော ပတ်ဝန်းကျင်အခြေအနေကို ခံနိုင်ရည်ရှိခြင်း စသည်တို့ဖြ စ်ပါသည်။
(က) မိဘမျိုးစေ့ (Breeder Seed)
မိဘမျိုးစေ့သည် သန္ဓေသန့်သော လိုင်းတစ်ခုဖြစ်သည်။ ၄င်းမျိုးစေ့ကို အပင်မျိုးစပ်မွေးမြူသော ပင်မစခန်း၌ အပင်မျိုးစပ်ကမွးမြူသူ၏ ကြီးကြပ်မှုအောက်တွင်သာ ထုတ်လုပ်သည်။ ၎င်းမိဘမျိုးတွင် မျိုးရိုးဗီဇသန့်စင်ပြီး အခြားမျိုးရောများပါဝင်မှု မရှိစေရပါ။
(ခ) ဆင့်ပွားမျိုးစေ့ (Foundation Seed)
ဆင့်ပွားမျိုးစေ့ကို မျိုးစေမျိုးပွားထုတ်လုပ်သောဌာနမှ ရရှိသည်။ နိုင်ငံပိုင်မျိုးစေ့မျိုးပွားဌာနမှ ထုတ်လုပ်သော မည်သည့်မျိုးစေ့ကိုမဆို ဆင့်ပွားမျိုးစေ့ဟုခေါ်သည်။ ၎င်းမျိုးစေ့သည် မိဘမျိုးစေ့နီးပါး မျိုးသန့်သည်။ ၎င်းမျိုးစေ့ကို မျိုးမွေးမြူရေး သုတေသနဌာန၏ ကြီးကြပ်မှုဖြင့် ထုတ်လုပ်ပါသည်။

(ဂ) မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed)
မျိုးသန့်မျိုးပွားမျိုးစေ့ဆိုသည်မှာ မိဘမျိုးစေ့ (သို့) ဆင့်ပွားမျိုးစေ့မှ ပွားများရရှိလာသောမျိုးစေ့ကို ခေါ်သည်။ မျိုးသန့်မျိုးပွားမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်းတွင် စိတ်ဝင်စားသော တောင်သူလယ်သမားများကို ကျွမ်းကျင်သောပညာရှင်များမှ နည်းလမ်းပေး၍ မျိုးသန့်မျိုးပွားမျိုးစေ့များကို ထုတ်လုပ်စေပါသည်။ ကျွမ်းကျင်သော ပညာရှင်များသည် စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချွေလှေ့ချိန်အထိ ကြီးကြပ်ဆောင်ရွက်ပါသည်။ ရိတ်သိမ်းခြွေလှေ့ပြီးသော မျိုးစေ့များကို သတ်မှတ်ထားသောဈေးနှုန်းဖြ င့် နိုင်ငံတော်မှဝယ်ယူပြီး သက်ဆိုင်ရာမျိုးစေ့ ဖြန့်ဝေသောဌာနများမှတဆင့် တောင်သူလယ်သမားများထံသို ဖြန့်ဝေပေးပါသည်။
(ဃ) စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed)
မျိုးသန့်မျိုးပွားမျိုးစေ့ကို ပြန်လည်စိုက်ပျိုးပါက စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကို ရရှိပါသည်။ မျိုးသန့်မျိုးပွားမျိုးစေ့ကို လယ်သမားများအသုံးပြုနိုင်ရန်အတွက် လုံလောက်စွာထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ထပ်ဆင့်မျိုးပွား၍ လယ်သမားအားလုံး အသုံးပြုနိုင်ရန် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ကို မျိုးပွားထုတ်လုပ်ခြင်းဖြစ်ပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ထူးမြတ်
လွန်ခဲ့သော ၃ နှစ် ကအထက်ပါမျိုးများရနိုင်ကိုလမ်းညွန်ပေးပါခင်ဗျာ၊BS ကတော့မရနိုင်၊FS, ဆင်းသုခလိုမျိုးရနိုင်မလါးခင်ဗျ။
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....