ထရိုင်ကိုဒါးမားမှိုက အပင်ရောဂါတွေကို ဘယ်လိုပုံစံနဲ့ ကာကွယ်ပေးနိုင်တာလဲ..
ထရိုင်ကိုဒါးမားမှိုကို မြေဆွေးအဖြစ်အသုံးပြုနိုင်သလို သီးနှံမြေဆောင်ရောဂါအချို့ကိုလည်း အလွန်ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်လို့ ရောဂါကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင် ပါတယ်။ နှစ်စဉ်ဆက်တိုက်အသုံးပြုပေးမယ်ဆိုရင် မြေဆောင်ရောဂါအချို့ကို မိမိရဲ့စိုက်ပျိုးမြေကနေ အပြီးတိုင်ကင်းစင်စေနိုင်ခြင်း၊ သီးနှံပင်ရဲ့အမြစ်ကြီးထွားမှုနဲ့ အားကောင်းစေခြင်း အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။
ဒီတော့ ထရိုင်ကိုဒါးမားမှိုက အပင်ရောဂါတွေကို ဘယ်လိုပုံစံတွေနဲ့ ကာကွယ်ပေးနိုင်တာလဲ??
ပထမအဆင့် မှာ အခြားမှိုမျှင် (ရောဂါ ဖြစ်စေသော မှို)များရှိနေမှုကို စတင်အာရုံခံပြီး ၎င်းမှိုမျှင်တွေရှိရာဘက်ကို ထိုးထွက်ကြီးထွားလာကြပါတယ်။ ထိုသို့ အာရုံခံနိုင်မှုမှာ ဆဲလ်နံရံတွေကို ဖျက်စီးနိုင်တဲ့ အင်ဇိုင်းကြောင့်ဖြစ်ပါတယ်။
ဒုတိယအဆင့် မှာ ထရိုင်ကိုဒါးမားမှိုက ရောဂါဖြစ်စေတဲ့ မှိုတွေနဲ့ ထိတွေ့တဲ့အခါ ၎င်းမှိုတွေကို ရစ်ပတ်ထားလိုက်ကြပါတယ်။
ရောဂါဖြစ်စေတဲ့ မှိုတွေကို ရစ်ပတ်ပြီး တတိယအဆင့်မှာ ကပ်ပါးပြုချေမှုန်းရန်အတွက် အင်ဇိုင်းများ ထုတ်လွှတ်ပြီး ပဋိဇီဝပစ္စည်း တစ်မျိုးကိုလည်း ထုတ်လွှတ်ပါတယ်။ ၎င်းပဋိဇီဝ ပစ္စည်းနဲ့ အင်ဇိုင်းမှိုတွေပေါင်း၍ ရောဂါဖြစ်စေတဲ့ မှိုရဲ့ အပြင်နံရံတွေကို ဖျက်စီးပစ်ပါတယ်။
စတုတ္ထအဆင့် မှာ ထရိုင်ကိုဒါးမားမှိုက မှိုမျှင်အသစ်တွေ ထပ်မံပေါက်ဖွား၍ ရောဂါဖြစ်စေတဲ့ မှိုမျှင်အတွင်း ၎င်းတို့ရဲ့ ပျက်စီးသွားတဲ့ ဆဲလ်နံရံအပေါက်တွေကတဆင့် တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ပါတယ်။
ထရိုင်ကိုဒါးမားရဲ့ အဓိက ဆောင်ရွက်ချက် နှစ်မျိုးမှာ အခြားမှိုတွေကို အဆိပ်သင့်စေတဲ့ ဒြပ်ပေါင်းတွေထုတ်လုပ်ခြင်းနဲ့ အခြားမှိုတွေကို အစာအဖြစ်စားသုံးပစ်ခြင်းဖြစ်ပါတယ်။
ထရိုင်ကိုဒါးမားမှိုနဲ့ ဓာတုမှိုသတ်ဆေးရဲ့ နှိုင်းယှဉ်သုံးသပ်ချက်
ထရိုင်ကိုဒါးမားမှိုက Scleroiorum ကြောင့်ဖြစ်တဲ့ ခါးရိရောဂါများ၊ Rhizoctioniကြောင့်ဖြစ်တဲ့ မြစ်ဆွေးရောဂါများ၊ Pythium ကြောင့်ဖြစ်တဲ့ ညှိုးသေရောဂါများ၊ Fusarium ကြောင့်ဖြစ်တဲ့ ညှိုးသေရောဂါများ၊ Aspergillus ကြောင့်ဖြစ်တဲ့ ပင်ရင်းပုပ်ရောဂါတွေကို ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။
ထရိုင်ကိုဒါးမားမှိုက ကောက်ရိုး၊ ပြောင်းရိုး၊ ကြံရွက်၊ ကြံကြိတ်ဖတ်၊ ပဲပင်နွယ်၊ မြက်နှင့်ပေါင်းပင်များကို လျှင်မြန်စွာဆွေးမြေ့စေနိုင်တဲ့ အစွမ်းသတ္တိလည်းရှိပါတယ်။ ၎င်းတို့ကို မူလ ရိုးရာနည်းဖြင့်မြေဆွေး ပြုလုပ်လျှင် ၃-လခန့် ကြာသော်လည်း ထရိုင်ကိုဒါးမားမှိုကို သုံးလျှင် ၃-၄ ပတ်ခန့်သာ ကြာပါတယ်။
ထရိုင်ခိုဒါးမားမှိုကို အများဆုံး အသုံးပြုနိုင်တဲ့နည်းတွေကတော့..
၁။ မျိုးစေ့နှင့် လူးနယ်ခြင်း
၂ ။ စပိုးဖျော်ရည်ထဲတွင် ပျိုးပင်အမြစ်ကို နှစ်စိမ်ခြင်း
၃။ စိုက်ချိန်တွင် မြေကြီးထဲသို့ထည့်ပေးခြင်း
၄။ မြေဆွေးလုပ်၍ အသုံးပြုခြင်း တို့ပဲ ဖြစ်ပါတယ်။
Ref: PC Myanmar မှ ထုတ်ဝေတဲ့ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ထရိုင်ကိုဒါးမား
ကိုအောင်
လွန်ခဲ့သော ၁ နှစ် ကဘယ်မှာဝယ်ရမလည်းဗျ
ဦးဇေယျာထွန်း
လွန်ခဲ့သော ၄ နှစ် ကဘယ်မှာဝယ်လို့ရလဲ
ဇော်ဇော်
လွန်ခဲ့သော ၄ နှစ် ကပြုလုပ်တဲ့နည်းလမ်းမျှဝေပေးရင်အများအကျိုးရှိစေမှာပါမျှဝေပေးစေချင်ပါတယ်
UYeMin
လွန်ခဲ့သော ၄ နှစ် ကထရိုင်ကိုဒါးမားမှိုပြုလုပ်နည်းဆောင်းပါးလေးမတင်ပေးဘူးလားဆရာတို့ခင်ဗျာ
ဦးမြင့်အောင်
လွန်ခဲ့သော ၄ နှစ် ကကြိုကိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် သာ၍ကောင်းပါသည်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 2 ခု
ပဲပင်ပေါက်ပြီး5ရက်သားမိုးမိသွားတာနိမ့်တဲနေရာရေမြုပ်သွားတယ်အများအားဖြင့်မြင့်တဲနေရာပဲကျန်တယ်အဲဒါဒီအတိုင်းထားသင့်သလားပြန်ထွန်စိုက်သင့်လားစရိတ်ကလဲများတော့အကြံပေးပါဉီး
UTheinAung • ဖြေကြားချက် 1 ခု
စပါးစိုက်ပျိုးရေးမှာ အောင်ရေကိုဘယ်အချိန်ဖြတ်သင့်လဲဗျ
Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု
မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမလဲ စီစဥ်တကျပြောပြပေးပါဗျ တနယ်လုံးအတွက်ပါဗျ ကျေးဇူးပါ
sithuaung • ဖြေကြားချက် 1 ခု
စပါးကို ပုလဲမြေသြဇာနဲ့ ထုံးရောပတ်လို့ရမရ သိချင်ပါတယ်
မောင်မြတ်မင်း • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026