အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကောက်ရိုးမှို သမရိုးကျမြေပြင်စိုက်ပျိုးခြင်းနှင့် ဆောင်းရာသီပြဿနာ

ကောက်ရိုးမှို သမရိုးကျမြေပြင်စိုက်ပျိုးခြင်းနှင့် ဆောင်းရာသီပြဿနာ

Green Way
Green Way • Greenovator • 03/01/2020

၁။ နေ့ည အပူချိန်ကွာဟခြင်း။

၂။ စိုက်သက် ၅ ရက်အတွင်း မှိုဘောင်မျက်နှာပြင်တွင် မှိုမျှင်များ ထင်ရှားစွာ မမြင်တွေ့နိုင်ခြင်းကို စိုးရွံ့ကြခြင်း။

၃။ မှိုသန္ဓေများ ရိပုပ်ခြင်း။

၄။ မှိုဘောင်၏ အလျားလိုက် မျက်နှာပြင် ဘေးနှုတ်ခမ်းနေရာများတွင် မှိုနေရာယူဖြစ်တည်မှုနည်း၍ အလယ်အူကြောတွင် ဖြစ်ထွန်းမှုများခြင်း။

၅။ ကြီးထွားနှုန်း နှောင့်နှေးခြင်း။

အထက်ပါ ပြဿနာများကို ဖြေရှင်းဖို့ မိမိတို့အသုံးပြုသော ကုန်ကြမ်းများသည် မှိုဘောင်သက်တမ်းတလျှောက် ထိုက်သင့်သောအပူနှင့် အာဟာရရှိနိုင်ဖို့ ရွေးချယ်ရပါမည်။

အထူးသဖြင့် ယခု ဆောင်းရာသီတွင် ဗေဒါအသုံးပြုခြင်းထက် ကြက်ချေး၊ နွားချေးကို အဓိကထား အသုံးပြုပေးပါ။ ကြက်ချေး၊ နွားချေး အခက်အခဲရှိလျှင် စပါးခွံကို အီးအမ်ဖြန်း၍ အောက်ခံကြမ်းခင်းတွင် အသုံးပြုပေးပါ။

မှိုမျှင်ဆင်းအားကောင်းစေရန် မှိုမျိုးတွင် ဖြည့်စွက်စာ မဖြစ်မနေထပ်ပေါင်းပေးပါ။ စိုက်သက် ၅ ရက်အတွင်း လေ၊ နေ၊ အလင်းရောင် လုံခြုံမှုရှိအောင် ဖန်တီးပေးပါ။

စိုက်ဘောင်၏ ပတ်ဝန်းကျင်အခြေအနေကို စေ့ငုံသုံးသပ်၍ မှိုဘောင်ခေါင်၏ အမြင့်ကို ချိန်ဆပေးပါ။ အတတ်နိုင်ဆုံး နေပူကွင်းပြင်တွင် စိုက်ပျိုးပါ။ မှိုဘောင်အတွက် အသုံးပြုသော ဂျပ်စက္ကူကို ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းတိုး၍ အသုံးပြုပြီး မှိုကျင်းမျက်နှာပြင်အပြည့် ဖြန့်ခင်းပါ။ ပုံမှန်လေသွင်း လေထုတ်ပြုလုပ်ခြင်းကို နံနက် ၁၀ နာရီနှင့် ညနေခင်း ၄ နာရီအတွင်း အများဆုံး (၂) ကြိမ် ၅ မိနစ်ခန့်သာ အချိန်ပေး၍ မမေ့မလျော့ လုံခြုံစွာ ပြန်အုပ်ပါ။

စိုက်ပျိုးသမျှ ဖြစ်ထွန်း၍ သင့်တင့်သောအကျိုးအမြတ် ရရှိကြပါစေ။

5.12.2017

Source - Aung Min (ကောက်ရိုးစိုက်ကြမလားမိတ်ဆွေ)

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

YANNAING

YANNAING

လွန်ခဲ့သော ၃ နှစ် က

ကောက်ရိုးမိုစိုက်ချင်ပတယ်

YANNAING

YANNAING

လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့စိုက်ချင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့

Saung • ဖြေကြားချက် 2 ခု

ပဲပင်ပေါက်ပြီး5ရက်သားမိုးမိသွားတာနိမ့်တဲနေရာရေမြုပ်သွားတယ်အများအားဖြင့်မြင့်တဲနေရာပဲကျန်တယ်အဲဒါဒီအတိုင်းထားသင့်သလားပြန်ထွန်စိုက်သင့်လားစရိတ်ကလဲများတော့အကြံပေးပါဉီး

UTheinAung • ဖြေကြားချက် 1 ခု

စပါးစိုက်ပျိုးရေးမှာ အောင်ရေကိုဘယ်အချိန်ဖြတ်သင့်လဲဗျ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမလဲ စီစဥ်တကျပြောပြပေးပါဗျ တနယ်လုံးအတွက်ပါဗျ ကျေးဇူးပါ

sithuaung • ဖြေကြားချက် 1 ခု

စပါးကို ပုလဲမြေသြဇာနဲ့ ထုံးရောပတ်လို့ရမရ သိချင်ပါတယ်

မောင်မြတ်မင်း • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။