အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် ( ၁၈ - ၂၂ .၈. ၂၀၂၅)

တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် ( ၁၈ - ၂၂ .၈. ၂၀၂၅)

AMIA
AMIA • 25/08/2025

မတ်ပဲ

မတ်ပဲက စျေးဆက်တိုက်ကျလာပြီး ယခုတစ်ပတ်မှာလည်း  တစ်တန်ကို  ၅၀၀၀၀ နီးပါးလောက်အထိပြန်ကျလာပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို အရင်အပတ်က ၉၇၀၀၀ ကျပ်ရှိရာကနေ အခုအပတ်မှာ ၉၃၀၀၀ ကျပ်ထိကျသွားပါတယ်။

ရွှေစျေးနဲ့ ဒေါ်လာစျေးနှုန်း ကျလာမှုကြောင့် ပြည်ပပို့ကုန်ဖြစ်တဲ့ မတ်ပဲစျေးကွက်ပါ လိုက်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ တစ်ဖက်မှာလည်း မတ်ပဲကို အဓိကဝယ်ယူတဲ့ အိန္ဒိယနိုင်ငံက ဝယ်လိုအားနည်းပြီး စျေးပေးနည်းတာကြောင့် စျေးကကျလာနေတာဖြစ်ပါတယ်။ စျေးကျပေမယ့်အရောင်းအဝယ်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာမှာ ၂၉၇၈၀၀၀၊ အင်္ဂါမှာ ၂၉၇၂၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၇၆၀၀ ၊ ကြာသပတေးမှာ ၂၉၇၂၀၀၀ ၊သောကြာမှာ ၂၉၅၁၀၀၀  စျေးတန်းသာရှိပါတယ်။

အရင်အပတ်က  မတ်ပဲ FAQ တစ်တန်ကို တနင်္လာမှ သောကြာနေ့အတွင်း ၂၉၇၄၀၀၀ မှ ၂၉၉၈၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ အမြင့်ဆုံး  ၄၈၀၀၀ ကျပ်လောက် စျေးကျခဲ့ပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကလည်း ယခုတစ်ပတ်မှာ   စျေးတန်းထပ်ကျလာပြီး တစ်တန်ကို ၂၆ သိန်းကျပ်ဝန်းကျင်သာ ရှိပါတော့တယ်။ အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၃၀၀၀၀ လောက်အထိစျေးကျဆင်းသွားပါတယ်။ ပဲစဥ်းငုံကလည်း ပြည်ပပို့ကုန်ပဲဖြစ်တာကြောင့် ဒေါ်လာစျေးကျတဲ့အတွက် ပဲစျေးပါလိုက်ကျဆင်းပြီး  ပြည်ပဝယ်လိုအားနည်းတဲ့အတွက်လည်း စျေးကွက်ကျနေတာဖြစ် ပါတယ်။ ပြည်တွင်းမှာတော့ အရောင်းအဝယ်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၆၆၈၀၀၀၊ အင်္ဂါမှာ ၂၆၅၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၆၂၇၀၀၀ ၊ ကြာသပတေးမှာ ၂၆၃၆၀၀၀ ၊ သောကြာမှာ ၂၆၂၀၀၀၀  စျေးတန်းသာရှိပါတယ်။

အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင်  ပဲစင်းငုံနီတစ်တန်ကို  ၂၇၀၅၀၀၀ မှ ၂၇၅၂၀၀၀ ကျပ်ရှိခဲ့တာဖြစ်ပါတယ်။

ဆန်/ စပါး

ပြည်တွင်း ဆန်စပါးစျေးကွက်မှာ စပါးစျေးနှုန်း ကျဆင်းနေသလို ဆန်စျေးနှုန်းလည်း ကျလာနေပါတယ်။ ဆန်စပါးစျေးကွက်အကျဘက်ရောက်နေပေမယ့် ဝယ်ယူသူကမရှိသလောက်နည်းနေတယ်လို့သိရပါတယ်။ ဆန်စျေးကွက်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာပဒေသာဆန်အမျိုးအစားတွေကလွဲပြီး  ကျန်တဲ့ပြည်ပနဲ့ပြည်တွင်းသုံးဆန်အမျိုးအစားအားလုံးစျေးကျပြီး အဝယ်အေးနေပါတယ်။ ယခင်နှစ်မိုးဆန်အဟောင်းတစ်အိတ်ကို ၅၅၀၀၀ ကျပ်ဝန်းကျင်အထိစျေးကျနေတာဖြစ်ပါတယ်။

စပါးစျေးကွက်မှာဆိုရင်လည်း မိုးစပါးအသစ်တွေက တင်း ၁၀၀ ကို ၈၅၀၀၀၀ ကျပ်ဝန်းကျင် ကနေ ၁၀၅၀၀၀၀ ကျပ်ဝန်းကျင်သာစျေးပေါက်ပြီး ယခင်နှစ်မိုးစပါးအဟောင်းတွေကတော့ ဝယ်ယူမရှိသလောက်ရှားပြီးစျေးကျနေပါတယ်။ မိုးစပါးအဟောင်းတွေကတော့ စပါးအမျိုးအစားပေါ်လိုက်ပြီး စပါး ၁၀၀ ကို အနိမ့်ဆုံးစျေး  ၁၄ သိန်းကျပ်သာရရှိနေတာဖြစ်ပါတယ်။

ပဲတီစိမ်း

​ပို့ကုန်ပဲဖြစ်တဲ့ ပဲတီစိမ်းကလည်း အခုတစ်ပတ်မှာစျေးကျလာတာတွေ့ရပါတယ်။ အဓိက ဒေါ်လာစျေးနှုန်းနဲ့ ရွှေစျေးကျဆင်းတဲ့ ဂယက်ကြောင့် ပို့ကုန်ပဲစျေးပါ လိုက်ကျလာတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိစျေးကွက်ထဲကို ခရမ်းရွှေဝါပဲတီစိမ်းတွေဝင်ရောက်ခြင်းမရှိဘဲ တခြားပဲတီစိမ်းအမျိုးအစားတွေသာ ဝင်ရောက်မှုရှိနေပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်း ၅၆.၂၅ ပိဿာကို ၂၈၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်သာရှိပါတယ်။ အရင်အပတ်က ၃၀၀၀၀၀ မှ ၃၄၀၀၀၀ ကျပ်အထိရှိခဲ့တာကြောင့် ၂၀၀၀၀ မှ ၃၀၀၀၀ ကျပ်စျေးကျလာပါတယ်။

နှမ်း

နှမ်းကလည်း ယခုတစ်ပတ်မှာ စျေးတန်းပြန်ကျလာပါတယ်။ စျေးကွက်ပြန်အေးသွားပေမယ့် အရောင်း အဝယ်သွက်နေတယ်လို့သိရပါတယ်။ပို့ကုန်သမားအဝယ်ရှိသလို လှောင်လက်သမားလည်းအဝယ်ရှိနေပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၇၂၀၀၀၀ မှ ၇၇၅၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၂၅၀၀၀ ကျပ်စျေးကျသွားပါတယ်။နှမ်းဖြူဂျပန်က ၃၂၅၀၀၀ ကျပ်မှ ၃၃၀၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၅၀၀၀ မှ ၂၀၀၀၀ ကျပ်အတွင်းစျေးကျပါတယ်။

နှမ်းညိုက ၂၆၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပြီး  ၁၀၀၀၀ ကျပ်စျေးကျလာပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။