ငွေကြေးကြောင့်ရန်ဖြစ်နေရခြင်းကို ရပ်စေမယ့် အချက် (၆) ချက်။
ငွေကြေးနဲ့ပတ်သက်ပြီးရန်ဖြစ်ရတာတွေက နှစ်ဖက်လုံးအတွက် အင်မတန်နာကျင်ထိခိုက်စေပါတယ်။ အထူး သဖြင့်မိသားစုအိမ်ထောင်ရေးအတွင်းမှာ ငွေကြောင့်တောက်လျှောက်ရန်ဖြစ်နေရတယ်ဆိုရင်တော့အလွန်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။
ပိုက်ဆံကြောင့် ရုန်းကန် နေရတယ် ပြဿနာတတ်တယ် တိုက်ခိုက်စိတ်ဆင်းရဲမှုတွေများပြားနေရင်အောက် ဖော်ပြပါအချက်တွေကို အသုံးချပြီး အဆင်ပြေမှု ရယူလိုက်ပါ။
၁။ မတူညီတဲ့ အရာတွေကို မှတ်ထားပါ။ အတင်းလိုက်ပြောင်းခိုင်းနေမယ့်အစား မူဝါဒခွဲခြမ်းတာတွေကိုအသိ အမှတ်ပြုလိုက်ပါ။
ယောကျာ်းနဲ့ မိန်းမ ဟာ အတွေးအခေါ်မျိုးမတူညီတာတွေ သင်သိထားပြီးဖြစ်မှာပါ။ မတူညီတာဟာ အကောင်းအဆိုးပြောတာမဟုက်ပါဘူး။ အရမ်းအရေးကြီးတာက တစ်ယောက်နဲ့ တယောက် မတူညီတဲ့ အချက်တွေကို သတိထားမိဖို့ လိုတာပါ။ ဥပမာ ကိန်းဂဏန်းစရင်းဇယားတွေနဲ့ အတိအကျတွက်ချက်သူလား (သို့) လွတ်လပ်စွာလုပ်ရတာကြိုက်သူလား၊ စုဆောင်းသူလား (သို့) သုံးဖြုန်းသူလား နှင့် လုံခြုံမှုကို ကြိုက်သူလား (သို့) အဆောင်အယောင်အလှအပကို ကြိုက်သူလား စသည်ဖြင့် အချင်းချင်းရဲ့လိုအပ်ချက်ကို သိနေခြင်းက အမှန်တကယ် တန်ဖိုးထားရန် ပထမဆုံးခြေလှမ်းတခုဖြစ်ပါတယ်။ ဒီအချက်ကို ငွေကြေးကိစ္စပြောဆိုတဲ့အခါမှာ ထိန်းသိမ်းပါ။ သင့်အိမ်ထောင်ဖက်ပြောတာကိုဘဲ မစဥ်းစားပါနဲ့။ တကယ်နားထောင်ပေးပါ။ တတ်နိုင်သလာက်နားလည်ပေးပါ ပြီးရင် သူတို့ တကယ်ဘာပြောလဲဆိုတာ စဥ်းစားကြည့်ပါ။ ကိစ္စတစ်ခုမှာ သင်တယောက်ထဲရဲ့ အမြင်ဘဲရှိတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အရင်နားထောင်ဖို့နှင့် နောက်မှ ဆွေးနွေးပြောဆိုဖို့က အရေးကြီးတာပါ။
၂။ ငွေသုံးစွဲမှု အစီအစဥ်ကို နေ့ညမပြတ်ဆွဲထားပါ။
အိမ်ထောင်ရေးမှာ ကောင်းမွန်တဲ့ ငွေကြေးသုံးစွဲနည်းဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးပြီး အစီအစဥ်ချခြင်းဖြစ်ပါတယ်။ အဲ့လိုဆွဲခြင်းကြောင့်လည်း ကောင်းမွန်တဲ့ ရလဒ်တွေရလာကိုတွေ့ခဲ့ရပါတယ်။ ငွေကြေးရည်မှန်း ချက်တွေထားတဲ့ စုံတွဲတွေဟာ ပိုရင်းနှီးလာကြတယ်။အကြောင်းကတော့ နှစ်ဦးနှစ်ဖက်ယုံကြည်မှု ပိုတိုးပွားလာကြလို့ပါ။ သူတို့ဟာ ပြဿနာများတဲ့ အိမ်ထောင်ရေးကနေ ကောင်းမွန်ပြီးကြံ့ခိုင်တဲ့ အိမ် ထောင်ရေးကိုပျိုးထောင်နိုင်ကြပါတယ်။ ဒါဟာ လှပတဲ့ အရာတစ်ခုပါဘဲ။ သင့်မှာသီးခြားဘဏ်စာရင်းတွေ ထားရှိနေမယ်ဆို ငွေနှင့် ပတ်သက်၍ အချေအတင်ဆွေးနွေးနေရပြီး သင့်အိမ်ထောင်ရေးမှာ ယုံကြည်မှုနည်းပါးစွာနဲ့အမြဲ စိတ်ဖိစီးမှုရနေပါလိမ့်မယ်။
၃။ ချဲ့ကားပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
အိမ်ထောင်ရေးမှာ မပြောသင့်ဆုံး စကားလုံးနှစ်ခုက ငွေကြေး (သို့) တခြားအရာတွေဖြစ်တဲ့ "ဘယ်တော့မှ" နဲ့ "အမြဲတမ်း" စတဲ့စကားတွေဖြစ်ပါတယ်။ မလိမ်ပါနဲ။တစ်ခါလိမ်လိုက်လို့တစ်ချိန်မှာပြန်ပေါ်လာခဲ့ရင် ယုံကြည်မှုကိုပြန်လည်တည်ဆောက်ဖို့ခက်ခဲပါတယ်။ ဘယ်တော့မှမလုပ်ဘူး နဲ့ သင်အမြဲဒါဘဲ လုပ်တယ် ဆိုတဲ့ စကားတွေကပြောဖို့လွယ်ပါတယ်။ ဒါမဲ့ အချိန်အများစုမှာ တကယ့်လက်တွေ့ထက် စိတ်ခံစားမှုပေါ် မူတည်ပြီးပြောကြတာပါ။ ထောင်ချောက်ထဲ မဝင်ပါစေနဲ့။ ထိခိုက်နစ်နာစေမယ့် စကားမျိုးမပြောပါနဲ့။ အနိုင်ကျင့်တာနှိပ်စက်ပြောတာဆုတ်ခွာဆဲဆိုတာငြီးငြူအပြစ်တင်တာမျိုးထပ်ခါထပ်ခါပြုလုပ်ရင် တစ်ချိန်ချိန်ရောက်ရင် နောက်ပြန်လှည့်လို့မရတဲ့ ပေါက်ကွဲမှုတွေပေါ်လာနိုင်ပါတယ်။
၄။ အပေးအယူ လုပ်ရမှာတွေကို မကြောက်ပါနဲ့။
အပေးအယူဆိုတဲ့ စကားက အလွယ် =တကူလာတာမဟုတ်ပါဘူး။ ဒါမဲ့ ပိုက်ဆံကြောင့် ရန်ဖြစ်ရတာကို ရပ်တန့်ချင်တယ်ဆို ဒါကအနည်းငယ်တော့ ရက်စက်ရာကြပါတယ်။ သင်က အပေးအယူလုပ်ချင်တယ် (သို့) သင့်ရဲ့ငွေကြေး အစီအစဉ်ကိုဖျက်စီးမိမယ်ဆို ၊ လမ်းခုလတ်ရောက်မှ ပြဿနာရဲ့ အဖြေကို တွေ့နိုင်ပါတယ်။ နှစ်ဖက်စလုံးလျှော့တလှည့် နိုင်တလှည့်လုပ်ပါ။ အနိုင်ကျင့်တာမှားလွန်းရင် ကြာလာရင်ခံနိုင်ရည်အား နည်းသွားပြီးထွက်ပေါက်ကိုပဲ ရှာဖွေဖို့လုပ်တတ်ကြပါတယ်။ သည်းခံနိုင်တယ်ဆိုရင်လဲအတိုင်းအတာတစ်ခုအထိလောက်ပဲဖြစ်ပါလိမ့်မယ် ။ဒါကြောင့်တူညီတဲ့ ရည်မှန်း ချက်ထားပြီး ခက်ခဲတဲ့ အရာတွေကို တူတူပြင်ဆင်ရှေ့ဆက်ကြပါ။
၅။ အကြွေးတွေကို တူတူဖြေရှင်းပါ။
အကြွေးရှိခြင်းက ရန်ခဏခဏဖြစ်စေပါတယ်။ အဲ့တော့ သင့်ကိုယ်တိုင်ကြိုးစားပြီး အကြွေးတွေက ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ အဲ့အရာကြောင့် သင့်ရဲ့ အိမ်ထောင်ရေးအပေါ်ကြီးမားသော ဖိစီးမှုများကို ဖယ်ရှားပေးရုံသာမက အတူတကွ လုပ်ဆောင်ဖို့ ပန်းတိုင်တစ်ခုကိုလည်း ပေးပါလိမ့်မယ်။ တစ်ယောက်ကကြိုးစားပြီး အကြွေးကျအောင်လုပ်နေပေမယ့် နောက်တစ်ယောက်က ထပ်ထပ်ချေးနေရင်ဘယ်တော့မှမပြီးဆုံးနိုင်ပါဘူး။ အကြွေးတွေကို ကြိုးကြိုးစားစားပေးဆပ်ပါ။ ဆိုလိုတာက ရေရှည်ကောင်းဖို့အတွက် လက်ရှိအချိန်မှာ အနစ်နာခံသင့်ရင် ခံပါ။ သင့်အနေနဲ့ လအနည်းငယ်စာ အပိုဝင်ငွေရဖို့ အလုပ်လုပ်ဖို့ စဉ်းစားကောင်းစဉ်းစားနေပါမယ်။
၆။ အဆုံးသတ်ကို စိတ်ထဲမှာ မှတ်ထားပါ။
သင်တို့ကိုယ်သင်တို့ စုံတွဲတွေအနေနဲ့ အခုဘယ်နေရာကိုရောက်နေသလဲဆိုတာ သိမှာပါ။ လက်ထပ်ချင်တာလားတိုက်ခန်းဝယ်မှာလား ကလေးယူမှာလားစသည်တွေရှိမှာပါ။ လအနည်းငယ်ကြာတဲ့အခါ သတ်မှတ်ထားတဲ့ စုဆောင်းငွေတခုရတဲ့အခါ သင်တို့အချင်းချင်း ဘာဖြစ်ချင်လဲဆိုတာကို မျှဝေပါ။ ပိုက်ဆံက အဲ့လို အိပ်မယ်တွေကို ဖြစ်လာအောင် ကူညီပေးနိုင်တဲ့အရာတစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုးတတ်မှုကို ဖျက်စီးစေတဲ့ အငြင်းပွားမှုမျိုးကို မလုပ်ပါနဲ့။ အဲ့တာတွေကြောင့်အနာဂတ်ကို မပျက်စီးပါစေနဲ့။ ငွေကြေးနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမှန်သမျှကို စိတ်ထဲမှတ်ထားပါ။ ဘယ်တော့မှ ငွေကြေးကိစ္စတွေကိုမဖုန်းကွယ်ထားပါနဲ့ ပွင့်လင်းစွာတိုင်ပင်ပါ၊ သင့်ရဲ့ အဓိက ရေရှည်လုပ်ချင်တဲ့အရာကို အထိခိုက်မခံပါနဲ့။
Mother Finance
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ma Pyae Pyae Phyo May
လွန်ခဲ့သော ၃ နှစ် ကအရမ်းအသုံးဝင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
နည်းပညာမိတ်ဖက်အဖွဲ့
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....