အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မီဂါဘိုက် (MB) နဲ့ မီဂါဘစ် (Mb) အကြောင်း သိကောင်းစရာ

မီဂါဘိုက် (MB) နဲ့ မီဂါဘစ် (Mb) အကြောင်း သိကောင်းစရာ

Green Way
Green Way • Greenovator • 01/06/2020

တောင်သူတွေအားလုံး မင်္ဂလာပါ ခင်ဗျ။ အပတ်စဥ် တင်ဆက်ပေးနေကြဖြစ်တဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။

 ယခင်တစ်ပတ်မှာ ဖေ့စ်ဘုတ်က သတင်းတုတွေကို ဘယ်လို စစ်ဆေးနိုင်မလဲဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးကြီးတွေ ဖေ့စ်ဘုတ်၊  အင်တာနက်သုံးရင်း  ပက်ကေ့ချ် (Package) တွေဝယ်ရာမှာ တွေ့နေရတဲ့ မီဂါဘိုက် MB နဲ့ မီဂါဘစ် Mb ကြားမှာရှိတဲ့ ကွာခြားချက်လေးတွေကို သိဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျ။ 

MB ဆိုတာ မီဂါဘိုက် (Megabyte) ဖြစ်ပြီး M ရော B ရော စာလုံးအကြီးနဲ့ ရေးပါတယ်။ Mb ဆိုတာ မီဂါဘစ် (Megabits)  ဖြစ်ပြီး b ကို အသေးနဲ့ ရေးပါတယ်။  မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကတော့ အင်တာနက် အမြန်နှုန်းကို မီဂါဘိုက် (MB) အနေနဲ့ သိကြတာများပါတယ်။ ပိုနားလည်သွားအောင် ဥပမာလေးနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။ 

အင်တာနက် အသုံးပြုခြင်းနှင့် အတိုင်းအတာများ

1024 bits  = 1 Kilo byte (KB)

1024 KB = 1 Mega Byte (MB)

1024 MB = 1 Giga Byte (GB)

မီဂါဘိုက် နှင့် မီဂါဘစ် ဆက်စပ်မှု

1 byte = 8 bits

1 MB = 8 Mb 

12.5 MB = 100 Mb 

1 GB = 8 Gb 

ဒါကြောင့် ကျွန်တော်တို့ဟာ အင်တာနက် 20Mbps နဲ့ လိုင်းသုံးနေတယ်ဆိုရင် 20MBps (မီဂါဘိုက်) ရနေတာ မဟုတ်ဘဲ ၁ စက္ကန့်ကို 2.5MB (မီဂါဘိုက်) အမြန်နှုန်းနဲ့ သုံးနေတယ်ဆိုတာ သိရှိနိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ မိမိအသုံးပြုနေတဲ့ အင်တာနက် အမြန်နှုန်းလေးကို တောင်သူဦးကြီးတွေ အနေနဲ့ အခြေခံအားဖြင့် နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။

ယခင်တစ်ပတ်က ဖေ့စ်ဘုတ် သတင်းမှန်/ မမှန် စစ်ဆေးနိုင်မယ့် ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

တစ်ချက်လေး စောင်းငဲ့ကြည့်အုံး

ကိုးကားချက်- Technoland Computer Trading Co.,Ltd

You

ဆက်စပ်မေးခွန်းများ

အရင်နှစ်ကမြစ်ခြောက်ဆွေးရောဂါတေကြောင့်အပင်တေသေပါတယ် ဘယ်လိုမျိုးစေ့လူးနယ်ဆေးကိုသုံးရမလဲဗျ ပဲတီစိမ်းကိုထွန်ခင်းလုပ်မှာပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ ပြောင်းပင်များ ပြောင်းဖူး ဖူးချိန်တွင် မုန့်ဖုတ်ဆော်ဒါအား အပင်ခြေပုံခြင်း ဖြင့်လည်းကောင်း အရည်ဖျော်၍ ဖျန်းပေးခြင်းဖြင့်လည်းကောင်း အဖူးထွားသည်ဟု ပြောကြပါသည်။ သို့ဖြစ်ပါ၍ ထိုအယူအဆမှာ မှန်ကန်ခြင်း ရှိ/မရှိ သိပါရစေဗျာ။ ပြောင်းစိုက်ပျိုးရေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် မြေသြဇာကိုလည်း သိပါရစေခင်ဗျာ။ အောက်ပါပုံတွင် ပါရှိသော ပြောင်းပင်တွင်ကျရောက်နေသည့် မှိုရောဂါအတွက် မည်သို့ကုသရမည် ဆိုသည်ကိုလည်း ညွှန်ကြားပေးပါခင်ဗျာ။

ဦးနိုင်လင်းထွန်း • ဖြေကြားချက် 0 ခု

သဘာဝမြေသြဇာကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချချင်တာပါ။ဘယ်လိုအရာတွေကိုပေါင်းစပ်ထုတ်လုပ်ရမလဲဗျ နည်းပညာသိသူများမျှဝေပေးပါဦး

YeMinZaw • ဖြေကြားချက် 0 ခု

ထရိုင်ကိုဒါးမားဘယ်မှာဝယ်ရမလဲ မှုံရွာကပါ မှိုကြချိန်အသုံးပြုလို့အဆင်ပြေးလားဗျ

ko moe • ဖြေကြားချက် 1 ခု

ဖြေပေးပါအူးဗျာ နွားစာမရှိလို့ ပဲလွန်းနဲ့ ပြောင်းဖူးကျဲ ချင်ပါတယ် မကွေးတိုင်းချောက်​မြို့နယ်မှာ မိုးရနိုင်သေးလားဗျ ကျဲသင့်မကျဲသင့်အကြံပေးပါအူးဗျ

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။