အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
facebook အကြောင်းတစေ့တစောင်း

facebook အကြောင်းတစေ့တစောင်း

Okkar
Okkar • 20/05/2023

အားလုံးမင်္ဂလာပါနော်။

အရင်အပတ်တွေတုန်းကတင်ခဲ့တဲ့ ကမ္ဘာပေါ်မှာလူသုံးအများဆုံး လူမှုမီဒီယာတွေအကြောင်းကို ဖတ်ပြီးကြမယ်လို့ မျှော်လင့်ပါတယ်။ အခုတစ်ပတ်မှာတော့ ကမ္ဘာပေါ်မှာလူသုံးအများဆုံး လူမှုမီဒီယာဖြစ်တဲ့ Facebook ဖြစ်ပေါ်လာပုံကို ‌ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ အောက်မှာ Facebook ရဲ့သမိုင်းကြောင်းလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ကြပါဦး။

Facebook ကိုစတင်တည်ထောင်သူကတော့ အားလုံးသိကြတဲ့ Mark Zuckerberg ပဲဖြစ်ပါတယ်။ Mark နဲ့အတူ Facebook ကုမ္မဏီကိုပူးတွဲကူညီတည်ထောင်သူများကတော့ Mark ရဲ့ကောလိပ်အခန်းဖော်တွေဖြစ်တဲ့ Eduardo Saverin၊ Andrew McCollum၊ Dustin Moskovitz၊ နှင့် Chris Hughes တို့ဖြစ်တယ်။

၂၀၁၃ ခုနှစ်တွင် ဟားဗက်တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသားဖြစ်သော  Mark Zuckberg သည် “Facemash” ဟုခေါ်သော ဟားဗက်တက္ကသိုလ်ကျောင်းသားများသာ အသုံပြုနိုင်သောဝက်ဆိုက်တစ်ခုကို ဖန်တီးခဲ့သည်။ “Facemah” ဝက်ဆိုက်သည် အသုံးပြုသူကျောင်းသား၊ကျောင်းသူများမှ ဝက်ဆိုက်တွင် တင်ထားသော တခြားသောကျောင်းသားနှစ်ဦး၏ ဓာတ်ပုံနှစ်ပုံကိုယှဉ်၍ ဘယ်ကျောင်းသားကပို၍ဆွဲဆောင်မှုရှိသည်ကို ရွေးချယ်နိုင်သည့် ဝက်ဆိုက်ဖြစ်သည်။

“Facemash” ဝက်ဆိုက်ကိုစတင်ဖန်တီးပြီးရက်အနည်းငယ်အကြာတွင် တက္ကသိုလ်မှ ဝက်ဆိုက်ကို ပိတ်ပင်လိုက်သည်။ “Facemash” သည် Mark Zuckberg အတွက် Facebook ဖန်တီးမှုဆီသို့ ခရီးစတင်ခြင်းပင်ဖြစ်သည်။

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် Mark Zuckerberg သည် “Thefacebook” အမည်ရှိ လူမှုမီဒီယာဝက်ဆိုက်ကို ဟားဗက်ကျောင်းသားများသာအသုံးပြုနိုင်ရန် စတင်ဖန်တီးခဲ့သည်။ “Thefacebook” သည် ဟားဗက်တက္ကသိုလ်ကျောင်းသားများအကြားတွင် အလျှင်အမြန် ရေပန်းစားပျံနှံသွားပြီး နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ တက္ကသိုလ်များနှင့် ကောလိပ်များတွင်ပါ အသုံးပြုနိုင်ရန် တိုးချဲ့နိုင်သည်။ ၂၀၀၄ ခုနှစ်အကုန်တွင် အမေရိကန်ပြည်ထောင်စုတွင် “Thefacebook” ကိုအသုံးပြုသူ ၁ သန်းကျော်ရှိနေပြီဖြစ်သည်။

၂၀၀၅ ခုနှစ် သြဂုတ်လတွင် “Facebook.com” domain နာမည်ကို ဒေါ် လာ ၂ သိန်းဖြင့် ဝယ်ယူခဲ့ပြီး နာမည်ရှေ့ရှိ “The” ကိုဖြုတ်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် “Facebook” ကုမ္ပဏီသည် PayPal ကုမ္ပဏီကိုမ္ပဏီကို ပူးတွဲတည်‌ထောင်သူ Peter Thiel ထံမှ ၎င်းတို့ အတွက် ပထမဆုံးရင်းနှီးမြှပ်နှံမှုကို ရရှိခဲ့သည်။ Thiel သည် “Facebook” ကုမ္ပဏီ၏ရှယ်ယာ ၁၀.၂% အတွက် ဒေါ်လာ ၅၀၀,၀၀၀ ကိုရင်းနှီးမြှပ်နှံခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် “Facebook” သည် သုံးစွဲသူများအတွက် ၎င်းတို့၏ ဝက်ဆိုက်အတွင်းသို့ မိုဘိုင်းဖုန်းများမှတဆင့်ဝင်ရောက်ကြည့်ရှုနိုင်သော မိုဘိုင်းဖုန်းဆော့ဝဲလ်ကို စတင်မိတ်ဆက်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် “Facebook” သည် ၎င်းတို့၏ ဝက်ဆိုက်ကို Third-Party ဆော့ဝဲလ်ဖန်တီးသူများထံသို့ ဖွင့်လှစ်ပေးခဲပြီး “Facebook” ဝက်ဆိုက်နှင့်ချိတ်ဆက်အသုံးပြုနိုင်သည့် ဖုန်းဆော့ဝဲလ်များ၊ဝက်ဆိုက်များကို ဖန်တီးစေခဲ့သည်။ ထိုကဲ့သို့ပြုလုပ်မှုသည် “Facebook” ၏လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးပွားစေခဲ့ပြီး အသုံးပြုသူ ပိုမိုများပြားလာခဲ့သည်။

၂၀၀၈ ခုနှစ်တွင် “Facebook” သည် လူမှုမီဒီယာတခုဖြစ်သော MySpace ကိုကျော်ဖြတ်ကာ အမေရိကန်နိုင်ငံ တွင် ရေပန်းအစားဆုံး လူမှုမီဒီယာဖြစ်လာခဲသည်။ထို့အပြင် “Facebook” သည်စပိန်စကားပြောသူများအသုံးပြု နိုင်ရန်အတွက် ၎င်းတို့၏ပထမဆုံးနိုင်ငံတကာဝက်ဆိုက်ဖြစ်သည့် Facebook en Español ကို ၂၀၀၈ ခုနှစ်တွင်ပင် လွှင့်တင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် Facebook သည် ဒေါ်လာ ၁၆ သန်းတန်ဖိုးရှိသော အများပိုင်ကုမ္မဏီ(Initial Public offering- IPO) အဖြစ်ပြောင်းလဲခဲ့သည်။ IPO အဖြစ်သို့ပြောင်းလဲပြီးအစတွင် ကုမ္မဏီ၏စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး နည်းပညာကုမ္ပဏီများထဲမှတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် Facebook ကုမ္မဏီသည် Instagram နှင့် ၂၀၁၄ ခုနှစ်တွင် WhatsApp  စသော လူမှုမီဒီယာများကို ဝယ်ယူခဲ့သည်။ အဆိုပါဝယ်ယူနိုင်မှုများကြောင့် Facebook သည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး ကမ္ဘာနည်းပညာလောကတွင် နေရာတခုကိုအခိုင်အမာယူဆောင်နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် Facebook ကုမ္မဏီ၏တည်ထောင်သူတဦီးဖြစ်သော Mark Zuckerberg သည် Facebook ကုမ္ပဏီကို Meta အဖြစ်နာမည်ပြောင်းလဲလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့သည်။

ထိုသို့ပြောင်းလဲခဲ့ခြင်းမှာ metaverse ကိုတည်ဆောင်ရန်ဖြစ်ကြောင်းနှင့်AI နည်းပညာကို ပိုမိုတိုးတတ်အောင် လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယနေ့အချိန်တွင် Facebook သည် ကမ္ဘာပေါ်တွင် အောင်မြင်မှုအရှိဆုံး နည်းပညာကုမ္ပဏီတခုအဖြစ် ရပ်တည်နေသော်လည်း သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ အလွဲသုံးစားပြုလုပ်ခြင်းနှင့် သတင်းမှားများပျံနှံမှုများကြောင့် နိုင်ငံတချို့တွင် တရားစွဲဆိုခံရခြင်းများ၊ အသုံးပြုခွင့်ပိတ်ပင်ခြင်းများနှင့် ရင်ဆိုင် ခဲ့ရသည်။ ကုမ္ပဏီသည် အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားနေသော်လည်း သုံးစွဲသူများနှင့်ကမ္ဘာနိုင်ငံများအတွက် စိုးရိမ်စရာပြဿနာအရင်းအမြစ်တခုအဖြစ် ဆက်လက်တည်ရှိနေသည်။

Facebook သည် လူမှုကွန်ယက်၏စွမ်းအားနှင့် ကမ္ဘာပေါ်တွင် သေးငယ်သောဖန်တီးမှုတခုမှအလွန်ကြီးမားသော အောင်မြင်မှုဖြစ်နိုင်ကြောင်းသက်သေပြနေသည့် စံပြတခုပင်ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဦးထွန်းထွန်းဦး

ဦးထွန်းထွန်းဦး

လွန်ခဲ့သော ၃ နှစ် က

၏

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။