သစ်ကြံပိုးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ
သစ်ကြံပိုးဆိုတာ လူကြိုက်များတဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။ အရသာပြည့်စုံပြီး ကောင်းမွန်တဲ့ ရနံ့ရှိတဲ့အတွက် အစားအစာတွေ ချက်ပြုတ်ရာမှာ အသုံးပြုကြတာဖြစ်ပြီး အထူးသဖြင့် အဖျော်ယမကာ၊ မုန့်ဖုတ်တဲ့နေရာတွေနဲ့ ဟင်းလျာချက်ပြုတ်ရာမှာ မကြာခဏထည့်သွင်း အသုံးပြုကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် သစ်ကြံပိုးအခေါက်ကို ပေါင်းခံပြီးနောက် ရရှိလာတဲ့အဆီတွေကို အစားအသောက်၊ ဖျော်ရည်၊ ဆပ်ပြာ၊ ရေမွှေးနဲ့ ဆေးဝါးတွေ ဖော်စပ်ရာမှာလည်း အသုံးပြုကြပါတယ်။
သစ်ကြံပိုးအမှုန့်ဟာလည်း အသားအရေအတွက် ကောင်းကျိုးရှိပြီး အထူးသဖြင့် အသားအရေခြောက်သွေ့မှုနဲ့ ဝက်ခြံ၊ ဆားဝက်ခြံတွေ ထွက်ရှိမှုကို သက်သာပျောက်ကင်းစေနိုင်တာ ဖြစ်ပါတယ်။ သစ်ကြံပိုးကို အခြေခံပြီးတော့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေလည်း ထုတ်လုပ်ကြပြီး အမှုန့် (powder)၊ အခဲ (tablet)၊ အတောင့် (capsule) စသည်ဖြင့် ပုံစံမျိုးစုံရှိပါတယ်။
အများသိပြီးသားဖြစ်တဲ့ ကရဝေး၊ မှန်သင်း၊ နလင်ကျော် စတဲ့အပင်တွေဟာလည်း သစ်ကြံပိုးမျိုးရင်းဝင် အပင်တွေဖြစ်ပါတယ်။ သစ်ကြံပိုးရဲ့ မူရင်းဒေသတွေက သီရိလင်္ကာ၊ အိန္ဒိယကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်ကနေ ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ယခုဆောင်းပါးမှာ လေ့လာရမှာ ဖြစ်ပါတယ်။

အာဟာရဓာတ်များ ရရှိစေနိုင်ခြင်း
သစ်ကြံပိုးအမှုန့် ထမင်းစားဇွန်း ၁ ဇွန်းမှာ ကယ်လိုရီ ၂၀၊ ကာဗိုဟိုက်ဒရိတ် ၆ ဂရမ်နဲ့ အမျှင်ဓာတ် ၄ ဂရမ်ပါဝင်ပါတယ်။ သစ်ကြံပိုးဟာ ပရိုတင်းနဲ့ အဆီ ကြွယ်ဝတဲ့ အရင်းအမြစ်မဟုတ်ပေမယ့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်စဖောရပ်စ်နဲ့ ပိုတက်စီယမ် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ကြံပိုးမှာ အဓိကပါဝင်နေတဲ့ စင်နာမယ်လ်ဒီဟိုက် (Cinnamaldehyde) ဆိုတဲ့ ဓာတ်ဟာ ကျန်းမာရေးနဲ့ ဇီဝဖြစ်ပျက်မှုများအပေါ်မှာ အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ရောင်ရမ်းမှုများကို သက်သာစေခြင်း
သစ်ကြံပိုးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့ ပိုလီဖီနော (polyphenol) ဓာတ်တွေပါဝင်တာကြောင့် ရောင်ရမ်းမှုတွေကို ဆန့်ကျင်ပေးနိုင်ပါတယ်။ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေရဲ့ တူညီတဲ့အချက်တစ်ခုက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်တဲ့ အစွမ်းထက်ဒြပ်ပေါင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ သစ်ကြံပိုးမှာ ပါဝင်နေတဲ့ Cinnamaldehyde ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ အနံ့အရသာကို ပေးစွမ်းနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှုတွေကို ထိရောက်စွာ လျော့ချပေးနိုင်တာ ဖြစ်ပါတယ်။
Cinnamaldehyde ဟာ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ရုံသာမက ခန္ဓာကိုယ်တွင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးထွားလာမှုနဲ့ ဆက်စပ်နေတဲ့ ဒြပ်ပစ္စည်းတွေကိုလည်း ပိတ်ဆို့တားဆီးနိုင်ပြီး ရောဂါများဖြစ်ပွားနိုင်မှုကိုလည်း လျှော့ချပေးမှာဖြစ်ပါတယ်။ သစ်ကြံပိုးကို ဟင်းလျာတွေချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်တွင်း နာတာရှည်ရောင်ရမ်းမှုတွေအပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်လာစေဖို့လည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ဆီးချိုရောဂါ သက်သာစေခြင်း
သစ်ကြံပိုးဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီး အင်ဆူလင်တုန့်ပြန်မှုအားကောင်းစေကာ ဆီးချိုအပါအဝင် ၎င်းနဲ့ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ သွေးဖိအား လျှော့ချပေးနိုင်တယ်ဆိုတာ နှလုံးသွေးကြောစနစ်ကို ကာကွယ်ပေးနိုင်တာလည်း ဖြစ်ပါတယ်။ သစ်ကြံပိုးဟာ သွေးတွင်းသကြားဓာတ်တွေကို ၁၀ - ၂၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆီးချိုအပါအဝင် ၎င်းနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် သစ်ကြံပိုးအမှုန့်ကို နေ့စဥ် လက်ဖက်ရည်ဇွန်း ဇွန်းတဝက်ကနေ ၂ ဇွန်း ပုံမှန်အသုံးပြုခြင်းဖြင့် ကောင်းကျိုးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေခြင်း
သစ်ကြံပိုးမှာ Cinnamaldehyde နဲ့ Epicatechin ကဲ့သို့ ဒြပ်ပေါင်းတွေပါဝင်နေပြီး ပရိုတင်းကြီးထွားမှု အဟန့်အတားဖြစ်တဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ မှတ်ဉာဏ်ကျဆင်းမှု၊ ရူးသွပ်စေမှု၊ ပါကင်ဆန် (သို့မဟုတ်) အကြောအားနည်းပြီး ခြေလက်များ တုန်ခြင်း၊ အမေ့လွန်ခြင်း စတာတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
ခံတွင်းကျန်းမာရေး ကောင်းမွန်စေခြင်း
သစ်ကြံပိုးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိပါဝင်တာကြောင့် ခံတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ သွားဖုံးနာခြင်း၊ သွားပိုးစားခြင်းနဲ့ ခံတွင်းအနံ့ဆိုးခြင်း စတာတွေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ သစ်ကြံပိုးအဆီ (သို့မဟုတ်) အမှုန့်အနည်းငယ်ကို ရေနွေးနဲ့ရောစပ်ပြီး ပလုတ်ကျင်းပေးခြင်းဖြင့် ခံတွင်း အနံ့ဆိုးတဲ့ပြဿနာတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
ဝက်ခြံ (acne) များ ပျောက်ကင်းစေခြင်း
သစ်ကြံပိုးဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်တာကြောင့် ဝက်ခြံပြဿနာ ရှိနေတယ်ဆိုရင် စမ်းသပ်အသုံးပြုကြည့်ဖို့ အကြံပြုပါတယ်။ ဝက်ခြံပြဿနာအတွက် အသုံးပြုမယ်ဆိုရင် ပျားရည် ထမင်းစားဇွန်း ၃ ဇွန်းနဲ့ သစ်ကြံပိုးအမှုန့် ထမင်းစားဇွန်း ၁ ဇွန်းတို့ကို နှံ့စပ်အောင်ရောမွှေပါ။ ထို့နောက် အရေပြားပေါ်မှာ သုတ်လိမ်းပြီး ၁၀ မိနစ်ခန့်ထားပါ။ ပြီးပါက ရေနဲ့ဆေးကြောပါ။ ဤနည်းလမ်းကို နေ့စဥ် (သို့မဟုတ်) ၁ ပတ်လျှင် ၃ ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် အသားအရေကြည်လင်ပြီး ဝက်ခြံပြဿနာတွေကို လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။
Ref: -https://www.besthealthmag.ca/
-https://www.themanual.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
ဆက်စပ်မေးခွန်းများ
ဘက်တီးရီးယားပိုရောဂါကျရောက်မှုဖြစ်ပွားပြီးအပင်ထွက်နှုန်းလျော့နည်း
ဇာနည်ဖြိုး • ဖြေကြားချက် 0 ခု
ပဲကျဲပက်ချိန်တွင် ထရိုင်ဂိုဒါးမားကိုလူးနယ်ကျဲပက်ထား ပါလျှင် ဘယ်နှစ်ရက်သားမှာ တကြိမ်ထပ်ပီး ဖျန်းလို့ရပါလဲ ခင်ဗျ့
ငြိမ်းချမ်း ကျော် • ဖြေကြားချက် 0 ခု
ပုံပါဆေးသုံးမျိုးရောဖြန်းလို့ ရလား ဆရာတို့ အပင်တွေ အမြစ်ပုပ်ပုပ်ပြီး အကွက်လိုက်သေနေလို့ ပိုးတွေလဲကျနေလို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
လယ်ပဲခုအချိန်မှကြဲရင်နောက်ကြနေပြီလားခင်ဗျကျောက်မှုန့်ထည့်ရင်အဆင်ပြေလားခင်ဗျဝါးခယ်မနဲ့မတ်ပဲကဲမှာပါ
ဦးဇာနည် • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုလယ်ထဲပန့စိုက်လို့အဆင်ပြေလားခင်ဗျဘယ်မျိုးတွေစိုက်သင့်လည်းပြောပြပေးပါခင်ဗျ
ဦးဇာနည် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ဓာတ်မြေဩဇာ အသုံးပြုမှုကို လျှော့ချပေးနိုင်သော အထူးပြုပြင်ထားသည့် ဘက်တီးရီးယားများ
18/11/2026
နိုဝင်ဘာ ၁၈ မှ ၂၄ ရက်အတွင်း ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ
17/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၇)
17/11/2026
ဗီဒီယို
ကုန်ကျစရိတ်သက်သက်သာနဲ့ နှစ်ပတ်အကြာမှာ စတင်အသုံးပြုနိုင်တဲ့ စူပါဘိုကာရှီ
16/11/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (9-13.10.2026)
16/11/2026
More from ဇင်ထူးနိုင်
အားလုံး
ဓာတ်မြေဩဇာ အသုံးပြုမှုကို လျှော့ချပေးနိုင်သော အထူးပြုပြင်ထားသည့် ဘက်တီးရီးယားများ
18/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
22/10/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026