ကိုယ်ခံအားကောင်းမွန်ပြီး ရောဂါကူးစက်မှုကို တိုက်ခိုက်ပေးမယ့် အစားအစာ ၁၅ မျိုး
သင့်တော်တဲ့အစားအသောက်တွေက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးနဲ့ အခြားကူးစက်ရောဂါတွေကနေကာကွယ်ဖို့ နည်းလမ်းရှာနေရင်တော့ အရင်ဆုံး အသီးအရွက်ဆိုင်ကိုသွားသင့်ပြီး အစားအသောက်တွေမှာ ဒီ ၁၅ မျိုးပါအောင် စီစဉ်သင့်တာပေါ့။
၁။ ရှောက်သံပုရာမျိုးနွယ်အသီးများ

လူအများစုက အအေးမိကြတာနဲ့ ဗီတာမင်စီကို တန်းမြင်ကြပါတယ်။ သူက ကိုယ်ခံအားကို ကောင်းမွန်စေလို့ပါ။ ဗီတာမင်စီက ကူးစက်ရောဂါတွေကို အဓိကတိုက်ခိုက်ပေးတဲ့ သူရဲကောင်းဖြစ်တဲ့ သွေးဖြူဥထုတ်လုပ်မှုကို တိုးတက်စေပါတယ်။ ရှောက်သံပုရာမျိုးနွယ်အားလုံးက ဗီတာမင်စီပါဝင်မှုမြင့်ပါတယ်။ မြန်မာနိုင်ငံမှာ ရနိုင်တဲ့ အသီးတွေကို ချရေးကြည့်ပါမယ်။
လိမ္မော်သီး
သံပုရာသီး
သံပုယိုသီး
လီမွန်သီး
ဂရိတ်ဖရုသီး
ကာဗလာသီး
ရှောက်ချိုသီး
၂။ ငရုတ်ပွသီးအနီ

ရှောက်သံပုရာတင်မကပါဘူး။ ငရုတ်ပွသီးက ဗီတာမင်စီပါဝင်မှု သူတို့ထက်ပိုမြင့်ပါတယ်နော်။ Beta carotene ပါဝင်မှုလည်း မြင့်ပါတယ်။ Beta carotene ဆိုတာ အပင်တွေမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်စသည်တို့ကို ဖြစ်ပေါ်စေတဲ့ ရောင်ခြည်ပစ္စည်းဖြစ်ပါတယ်။ လူခန္ဓာကိုယ်အတွက်ဆိုရင်တော့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်အေ ကို ပြောင်းလဲပေးပါတယ်။ ဗီတာမင်အေက မျက်စိအားကောင်းစေသလို အသားအရေလည်း လှပစေတာကြောင့် အလှအပထိန်းသိမ်းချင်တယ်ဆိုရင်တော့ ငရုတ်ပွသီးအနီက ရွေးချယ်စရာတစ်ခုပါ။
၃။ ဘရိုကိုလီ (ပန်းဂေါ်ဖီအစိမ်း)

ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ ဘုရင်ကြီးလို့ ပြောရမလားပဲ။ ဗီတာမင် အေ၊ စီ၊ အီး၊ အမျှင်ဓာတ်တွေ၊ အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ပါဝင်တာကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးသီးနှံ ပန်းဂေါ်ဖီအစိမ်းကိုလည်း အားပေးသင့်ပါတယ်။ စားရင်လည်း ရေနွေးငွေ့နဲ့ ပေါင်းစားတာက အဟာရအများစုရနိုင်တဲ့နည်းလမ်းလို့လည်း သုတေသနတွေက ပြောကြပါတယ်။
၄။ ကြက်သွန်ဖြူ

ကမ္ဘာပေါ်က ဟင်းလျာအတော်များများမှာ ကြက်သွန်ဖြူကို မဖြစ်မနေထည့်ပြီး ချက်ကြပါတယ်။ ကြက်သွန်ဖြူက ကူးစက်တာတွေကို တားစီးပေးရာမှာ ခရာကျတယ်လို့ လက်ခံထားကြပါတယ်။
၅။ ချင်း (ဂျင်း)

မြန်မာဆေးကျမ်းများအလိုအရ ချင်းစိမ်းသည် ချိုခါးသော အရသာရှိ၏။ အေးသော သတ္တိရှိ၏ ။ နှုတ်ကို မြိန်စေ၏ ။ ကြေကျက်လွယ်၏ ၊ ဝမ်းမီးကို တောက်စေ၏ ၊ သလိပ် သည်းခြေဒေါသကို နိုင်၏၊ ဆီးဝမ်းကိုရွှင်စေ၏၊ အဆိပ်ကို နိုင်၏၊ အသံနာ ၊ ရင်နာ၊ လေနာတို့ကိုနိုင်၏။ ပြင်းထန်သော အနာပေါက်ခြင်းနှင့် ထိခိုက်မှုတို့ကြောင့်ဖြစ်သော ရောင်တင်းသောရောဂါတို့ကို ပျောက်ကင်းစေ၏။ (Wiki Myanmar) ဒီလောက်ကောင်းတဲ့ချင်းကို နေ့စဉ်သုံးဆောင်ဖို့ မမေ့သင့်ပါဘူးနော်။
၆။ ဟင်းနုနွယ်

ဗီတာမင်စီတစ်ခုတည်းကြောင့် ဒီစာရင်းထဲထည့်တာမဟုတ်ပါဘူး။ သူ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်အေ ပြောင်းလဲပေးတဲ့ Beta carotene တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကို တိုးတက်လာစေမှာ အမှန်ပါပဲ။ ကျေးလက်ကလူတွေ ကျန်းမာရေးဘာကြောင့်ကောင်းလဲဆိုတာ ဒီလို အလွယ်တကူရနိုင်တဲ့ ဟင်းနုနွယ်သီးနှံတွေ နေ့စဉ်လတ်လတ်ဆတ်ဆတ် စားသုံးနိုင်တဲ့အခွင့်အရေးရှိကြတာကြောင့်ပါ။
၇။ ဒိန်ချဉ်

ဒိန်ချဉ်က ဗီတာမင်ဒီရဲ့ရင်းမြစ်လို့တောင် ပြောရမလိုဖြစ်နေပြီ။ ဗီတာမင်ဒီက ကိုယ်ခံအားကိုကောင်းမွန်စေသလို ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်တဲ့ဖြစ်စဉ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒိန်ချဉ်ကိုတော့ ပုံစံအမျိုးမျိုးနဲ့ စားသုံးကြပါတယ်။ ပျားရည်လေးနဲ့ဆို ဘယ်လောက်တောင် ကောင်းမလဲ။
၈။ Almond စေ့

အချို့က Almond စေ့ကို ဗာဒံစေ့လို့ ပြောကြပေမယ့် တကယ်က ဗာဒံက India Almond ဖြစ်ပါတယ်။ နာမည်တူပေမယ့် အပင်ချင်းကွဲပါတယ်။ မျိုးရင်းတွေလည်း မတူကြပါဘူး။ ဗာဒံစေ့လည်း အဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီနေရာမှာတော့ Almond အကြောင်းပဲ ပြောကြတာပေါ့။
အအေးမိတာတွေကို ကာကွယ်တိုက်ခိုက်တဲ့အခါမှာ ဗီတာမင်စီကို နောက်တန်းကနေ ပံ့ပိုးပေးနေတာ ဗီတာမင်အီးပါ။ Almond လိုမျိုး အခွံမာအသီးတွေက ဗီတာမင်တွေအပြင် ကျန်းမာစေတဲ့ အဆီတွေပါ ပါဝင်ပါတယ်။
၉။ နေကြာစေ့

နေကြာစေ့မှာ ဖော့စဖောရပ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် ဘီ-၆ နဲ့ ဗီတာမင်အီး တွေပါဝင်တဲ့ အဟာရမြင့်အစားအစာတစ်မျိုးပါ။ ဗီတာမင်အီးက ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။ ထောပတ်သီးမှာလည်း ဗီတာမင်အီးပါဝင်ပါတယ်နော်။
၁၀။ နနွင်း

နနွင်းလည်း ဟင်းတိုင်းလိုလိုမှာ မပါမဖြစ်ဆရာကြီးပါ။ နနွင်းဟာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ Curcumin ဓာတ်တွေ များစွာပါဝင်ပါတယ်။ သုတေသနတွေအရတော့ Curcumin က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
၁၁။ လက်ဖက်ရည်ကြမ်း (Green tea)

လက်ဖက်ခြောက် (အချို၊ အခါး) မှာ Flavonoids လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ EGCG ခေါ် epigallocatechin gallate ဓာတ်ပါဝင်ပါတယ်။ သူက ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးပါတယ်။ EGCG က လက်ဖက်အခါးခြောက်မှာပဲ ပါဝင်ပါတယ်။
လက်ဖက်ရည်ကြမ်းမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်စစ်ပါဝင်ပါသေးတယ်။
၁၂။ သင်္ဘောသီး

သင်္ဘောသီးမှာတော့ ဗီတာမင်စီ ပါဝင်ပါတယ်။ တစ်နေ့တာရဲ့ ဗီတာမင်စီလိုအပ်ချက်ကို သင်္ဘောသီး အလတ်ဆိုဒ်တစ်လုံးစားရုံနဲ့ လုံလောက်ပါတယ်။ နောက် သင်္ဘောသီးက အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖောလစ်အက်စစ်တို့လည်း သင်္ဘောသီးထဲမှာ ပါသေးတာမို့ စိုက်ပျိုးပေးကြတဲ့ တောင်သူတွေကို အားပေးရင် ဒေသထွက်သင်္ဘောသီးတွေကို စားသုံးသင့်ပါတယ်။
၁၃။ ကီဝီသီး

မြန်မာနိုင်ငံမှာ စိုက်ပျိုးခြင်းမရှိသေးပေမယ့် သင်္ဘောသီးလိုပဲ အဟာရတွေများစွာပါဝင်တဲ့ ကီဝီသီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကီဝီသီးမှာ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်ကေ နဲ့ ဗီတာမင်စီတွေ ပါဝင်ပါတယ်။
၁၄။ ကြက်သား

နေမကောင်းဖြစ်ရင် ကြက်စွပ်ပြုတ်လေးသောက်ချင်မှာပေါ့။ စိတ်ထဲမှာ ကြက်စွပ်ပြုတ်လေးသောက်လိုက်ရင် အားရှိပြီး နေကောင်းလာမှာပဲလို့ တွေးမိတယ်မဟုတ်လား။ ကြက်စွပ်ပြုတ်က အအေးမိတာကို သက်သာစေပါတယ်။ ကြက်သားမှာ ဗီတာမင် ဘီ-၆ ပါဝင်ပါတယ်။ ကြက်ရိုးစွပ်ပြုတ်လေးလုပ်သောက်မယ်ဆိုရင် လိုအပ်တဲ့ ကျန်းမာစေတဲ့အဟာရတွေ အပြည့်အဝရရှိမှာဖြစ်ပါတယ်။
၁၅။ ရေနေအခွံမာကောင်များ

ကျန်းမာတဲ့အစားအစာတွေလို့ပြောရင် ရေနေအခွံမာကောင်တွေကို ချက်ချင်းမစဉ်းစားမိကြဘူးမဟုတ်လား။ သူတို့တွေက ဇင့်ဓာတ်ပါဝင်တဲ့ စားသင့်တဲ့အစားအစာဖြစ်ပါတယ်။
ဇင့်ဓာတ်ပါဝင်တဲ့ ရေနေအခွံမာကောင်တွေဆိုတာ
ကမာ
ဂဏန်း
ပုဇွန်ထုပ်
ဂုံး
တို့ဖြစ်ကြပါတယ်။
ရေနေအခွံမာကောင်တွေကို လိုအပ်သလောက်ပဲ စားကြပါနော်။ လွန်ရင် ဘေးပြန်ဖြစ်တတ်လို့ပါ။ ပိုက်ဆံလည်း ပိုကုန်တာပေါ့။
အသီးအနှံတွေ၊ အစားအသောက်တွေက လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့အချိန်မှာ အဟာရဓာတ်အများဆုံးပါဝင်တာကြောင့် သေချာရွေးချယ်ဝယ်ယူစေချင်ပါတယ်။ နောက်တစ်ခုက ပြည်တွင်းမှာရရှိတဲ့သီးနှံတွေက သယ်ယူတဲ့လမ်းကြောင်းတိုတာကြောင့် ကာဗွန်ထုတ်လုပ်မှုလည်း နည်းပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းပြီးဖြစ်သလို တောင်သူတွေကို အားပေးရာလည်း ရောက်ပါတယ်။ အစိမ်းရောင်လမ်းရဲ့ဈေးတန်းကြီးမှာတော့ တောင်သူတွေ တိုက်ရိုက်တင်ရောင်းနေကြတာမို့ တောင်သူတွေဆီကနေ တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။
ကိုးကား - Healthline
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....