အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမ်းဇော်ပင်အကြောင်းနှင့် ဆေးဖက်ဝင်ပုံများ...

ကမ်းဇော်ပင်အကြောင်းနှင့် ဆေးဖက်ဝင်ပုံများ...

ရုက္ခဗေဒအမည်      -Madhuca Longifolia/ Bassia Longifolia

မျိုးရင်း                  - Sapotaceae

မြန်မာအမည်         - ကမ်းဇော်/ရေမယ်ဇယ်(ရေမည်စည်)

အင်္ဂလိပ်အမည်      - Honey Tree/ Mahuwa Tree

   ကမ်းဇော်ပင်သည် အပင်ကြီးအမျိုးအစားဖြစ်သည်။ အပင်သက်တမ်းမှာ နှစ်(၁၀၀)ခန့်ရှိသည့် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောအရိပ်ရအပင်ဖြစ်သည်။ အပင်သက်တမ်း(၅)နှစ်သားတွင် လုံးပတ် (၂ပေခွဲ မှ ၃ပေ) ရှိမှသာ အသီးစတင်သီးလေ့ရှိသည်။ ကမ်းဇော်ပင်သည် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည်။

ပုံသဏ္ဍာန်

    မယ်ဇယ်ပင်နှင့်တူသည်။ အစေးထွက်သည်။ အစေ့မှ အဆီထွက်သည်။ အဆီသည် အဝါရောင်ရှိသည်။

အရွက်...........အစိမ်းရင့်ရောင်ဖြစ်ပြီး ထိပ်ချွန်သည်။ရွက်လွှဲထွက်သည်။အလျား(၈)လက်မ အနံ (၂)လက်မခန့်ရှိပြီး ငှက်မွှေးပုံစံကဲ့သို့ရှိသည်။

အပွင့်...........တပို့တွဲ၊တပေါင်းလများတွင်ပွင့်သည်။ အဝါနုရောင်ပွင့်သည်။

အသီး …….အစိမ်းရောင်ဖြစ်သည်။ တပေါင်း၊ တန်ခူးလများတွင် အသီးသီးသည်။ ကဆုန်၊ နယုန် အသီးကြွေချိန်တွင် အစေ့များကောက်ယူကြသည်။

အစေ့…….အစေ့ပုံစံမှာ ပြောင်ချောပြီးမာကျောသည်။ အညိုရင့်ရောင်/ကျွန်းသားရောင်ဖြစ်ပြီး ခရေစေ့နှင့် တူသော်လည်း ကမ်းဇော်စေ့က နှစ်ဆခန့် ပိုကြီးသည်။

ပေါက်ရောက်ရာဒေသ……...အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ဘက်ဖျား တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ် နှင့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သစ်တောများ၏ မြေနိမ့်ချိုင့်ဝှမ်း ၊ရွံ့နွံပေါ၍ ရေရှိသော စွတ်စိုဒေသများတွင် အဓိကပေါက်ရောက်သည်။

ကမ်းဇော်ပင်အစိတ်အပိုင်းများ၏ကျန်းမာရေးအတွက် အသုံးဝင်မှုများ……

   -ကမ်းဇော်အပွင့်ကို  နှလုံးရောဂါ၊ သွေးရောဂါ၊ ချောင်းဆိုး၊ လည်ချောင်းနာ ရောဂါများအတွက် အသုံးပြုနိုင်သည်။

   -ကမ်းဇော်အရွက်ကို  နာကျင်ကိုက်ခဲမှုများ၊ မီးလောင်အပူနာများ၊ ထိခိုက်ရှနာများအတွက် အရွက်ကိုပြာချ၍ ထောပတ်နှင့် ရောလိမ်းနိုင်ပေသည်။

   -ကမ်းဇော်အခေါက်ကို အရေပြားယားယံခြင်း၊ နူနာ၊ အရေပြားရောဂါ နှင့် ဆီးချိုရောဂါများအတွက်  အသုံးပြုနိုင်သည်။

   -အစေ့အဆီကို အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အသားအရည်လှပဆေး၊ နားကိုက်ခြင်း၊ ဝမ်းချုပ်ရောဂါ၊ သွားသွေးယိုစိမ့်ခြင်း နှင့် ခြေကွဲ၊ လက်ကွဲ၊ အသားအရည်ကွဲအက်ခြင်းများအတွက် အသုံးပြုနိုင်ပေသည်။

ကမ်းဇော်ပင်၏ အစိတ်အပိုင်းတိုင်းသည် အသုံးဝင်လှပေသည်။

ကမ်းဇော်ပင် အစိတ်အပိုင်းများမှာ အသုံးဝင်သော်လည်း  ကမ်းဇော်ဆီ၏ဆေးဖက်ဝင်မှုမှာ ပို၍ကျော်ကြားသည်။ ကမ်းဇော်ဆီသည်အဝါရောင်ရှိပြီး အနံ့မှာ သစ်ဂျပိုးနံ့ရှိသည်။

ကမ်းဇော်ဆီတွင်  Polysaccbaride , Saponin, Flavonoid , Sterol , B-carotene and aleanoliid acid Fatty acid စသောဒြပ်ပေါင်းများပါဝင်သည်။

ကမ်းဇော်ဆီမှာ ဈေးကွက်ဝင်ပြီး ပေါက်ဈေးမှာ ဝိုင်ပုလင်းပုံစံ တစ်ပုလင်းလျှင် (၁သိန်း‌ကျော်)ခန့်ရှိပေသည်။

မေမြတ်မော်

“သဘာဝဆေးဖက်ဝင် ကမ်းဇော်ဆီ အစွမ်း ကိုယ်တွေ့ဖြစ်ရပ်များ” စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။