ဆေးဖက်ဝင် ရဲယိုသီး၏အသုံးဝင်ပုံများ
ရဲယိုသီးကိုတော့ အင်္ဂလိပ်လို Noni fruit လိုခေါ်ပါတယ်။ ရဲယိုပင်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျယ်ပြန့်စွာပေါက်ရောက်ပါတယ်။ အပင်ငယ်တစ်မျိုးဖြစ်ပြီး ပင်စည်ကတော့ဖြောင့်တန်းပါတယ်။ အရွက်ပုံစံကတော့ ထောင့်မှန်ရွက်ဆိုင်ပုံစံကိုမှ အစိမ်းရင့်ရောင်ရှိပါတယ်။ အသီးပုံစံကတော့ရှည်မျောမျောရှိကာ အသီးမျက်နှာပြင်မှာ ငါးမျက်စိလိုမျိုးအထစ်ထစ်လေးတွေပါပါတယ်။ ရဲယိုသီးဟာ အသီးပုံစံအနေနဲ့လည်းရုပ်ဆိုးတဲ့အပြင် အနံနဲ့အရသာကလဲအတော်လေးကို နှစ်လိုဖွယ်မရှိပါဘူး။
လှတာမက်ရင် ညစာခက်မယ် ဆိုတဲ့စကားအတိုင်းပဲ ပုံစံခက်ဆိုးဆိုးရဲယိုသီးဟာ ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်။ ရဲယိုဟာ အပွင့်၊ အသီး၊ အရွက်၊ အခက်၊ ပင်စည်၊ အခေါက်၊ အမြစ်မကျန် တစ်ပင်လုံးဟာဆေးဖက်ဝင် ဘယဆေးပင်ဖြစ်ပါတယ်။
ရဲယိုသီးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခေါ်တဲ့ ကိုယ်ခန္ဓာခုခံစွမ်းအား၊ အနိမ့်အမြင့်ကိုပြတဲ့ဓာတ်ခွဲစမ်းသပ်မှုမှာ အမှန်တကယ်မြင့်တက်စေတာကို ခေတ်မီဆေးသိပ္ပံသုတေသနတွေကဖော်ပြနေကြပါတယ်။
ရဲယိုသီးမှာပါဝင်သောဓာတ်ပစ္စည်းတွေကတော့ - အင်သရာကွီနုန်းအမျိုးမျိုးရောနှောပါဝင်မှု၊ အော်ဂဲနစ်အက်ဆစ်အမျိုးမျိုးနဲ့ ဗီတာမင်အမျိုးမျိုး ပါဝင်ပါတယ်။ ဒါ့အပြင် ဂလူးကိုစ့် ကွန်ပေါင်း၊ အက်စပပရူလိုစီဒစ်-အက်ဆစ်၊ သတ္တုဓာတ်အဖြစ် ပိုတက်စီယမ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဆဲလီနီယမ် စတာတွေဖြစ်ကြပြီး အာဟာရဓာတ်အခြေခံဖြစ်တဲ့ ကာဘိုဟိုက်ဒြိုက်၊ ကစီ၊ သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ် ပရိုတင်းတွေပါဝင်ပါတယ်။
သကြားဓာတ်အမျိုးမျိုးဖြစ်တဲ့ ဂလူးဂို့စ်၊ ဖရပ်(ဂ်)တို့စ်၊ နို့သကြား ကယ်လက်တို့စ်၊ ကလူးကိုဆိုက်တွေပါဝင်ပြီး ရဲယိုသီး ရဲယိုရွက်တွေမှာပါဝင်တဲ့ ကလူးကိုဆိုက်တွေဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့သတ္တိရှိတဲ့ အင်တီအောက်ဆီဒင့်များအဖြစ် ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အရာတွေများစွာပါဝင်ပါတယ်။
ရဲယိုသီးကိုကျန်းမာရေးအတွက်စားချင်သော်လည်း ရဲယိုသီးရဲ့အနံ့အရသာကြောင့် မစားနိုင်မှာစိုးရိမ်နေသူများအတွက် ရဲယိုသီးကို ထန်းလျက်နဲ့သော်လည်းကောင်း ပျားရည်နဲ့သော်လည်းကောင်းရောပြီး ယိုထိုးကာစားနိုင်ပါတယ်။
ယခုအခါရဲယိုသီးကိုအသုံးပြုပြီးဖော်စပ်ထားသော အဝင်မဆိုးသည့် ဆေးဝါးဓာတ်စာများလည်းပေါ်နေပြီဖြစ်တဲ့အတွက် ထိုဆေးဝါးဓာတ်စာများကို စားသုံးပါကလည်း ရဲယိုသီးကိုစားသလိုအကျိုးများစေပါတယ်။
ကင်ဆာဝေဒနာရှင်တွေအတွက် အထောက်အကူ
ကမ္ဘာပေါ်ရှိအပင်များထဲတွင် ရဲယိုပင်သည် XERONINE အမြင့်မားဆုံးဖြစ်သည်။ နာနတ်သီးတွင်ပါဝင်မှုထက်ရှစ်ဆပိုများလေသည်။ရဲယိုသီးမှာပါဝင်တဲ့ XERONINE ဆိုတာခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပြီး ခန္ဓာကိုယ်ထဲက တစ်သျှူးတွေကို ကင်ဆာဆဲလ်အဖြစ်မပြောင်းလဲနိုင်အောင် ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ သေမိန့်ရစောင့်နေသော ကင်ဆာရောဂါဝေဒနာများအတွက် ရဲယိုသီး၏အစွမ်းက မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာခဲ့ပြီပါလား။ ရဲယိုသီးပုံမှန်စားသုံးသူတွေဟာ အရေပြားကင်ဆာဖြစ်ဖို့အလားအလာနည်းပါတယ်။ XERONINE ဆိုတာကတော့ လူတိုင်းအတွက် အနည်းငယ်လိုအပ်တဲ့ ဟိုမုန်းတစ်မျိုးဖြစ်ပါတယ်။
သွေးကြောကျဉ်း၊ သွေးတိုး
ရဲယိုသီးကို စားသုံးခြင်းဖြင့် သွေးကြောများကို ကျယ်စေပြီးသွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဆေးဝါး၏အပူကို ခံစားရပြီး သွေးတိုးရောဂါ၊ သွေးကြောကျဉ်း ရောဂါတို့တွင် အကျိုးရှိအောင်ဆောင်ရွက်ပေးသော ဒြပ်ပေါင်း Secpoltin ဖြစ်သည်။
အကိုက်အခဲသက်သာခြင်း
ရဲယိုသီးကို အကိုက်အခဲပျောက်ဆေးနဲ့ခေါင်းကိုက်ပျောက်စေတဲ့ အသီးလို့ခေါ်ကြပါတယ်။ ရှေးခေတ်လူတွေက နာကျင်ကိုက်ခဲနေတဲ့ အဆစ်တွေကို ရဲယိုရွက်အုပ်ပြီးသက်သာအောင်ကုသခဲ့ကြတယ်လို့သိရပါတယ်။ ရဲယိုမှာအကိုက်အခဲပျောက်စေတဲ့အစွမ်းတွေရှိပါတယ်။ အကိုက်အခဲသက်သာစေတဲ့ မော်ဖင်းဆာလဖိတ်( Morphine Sulphate ) အာနိသင် ၇၅ ရာခိုင်နှုန်းရှိပါတယ်။
သွေးဖိအားကိုထိန်းညှိပေးခြင်း
ရဲယိုဟာသွေးတိုးနေတဲ့သူတွေရဲ့ သွေးဖိအားကို တည်ငြိမ်အောင်ထိန်းပေးနိုင်တာကို တွေ့ရပါတယ်။
ရောင်ရမ်းမှုကို လျော့ကျခြင်း
ရဲယိုသီးမှ အကိုက်အခဲပျောက်ဆေး NSAIDs လိုအစွမ်းမျိုးပါတာကြောင့် ရောင်ရမ်းမှုကိုတွန်းလှန်ဟန့်တားနိုင်ပါတယ်။
ပိုးမွှားတွေကို တွန်းလှန်ပေးခြင်း
ရဲယိုမှာပါတဲ့ အန်သရိုကွီနုန်း၊ စကိုပိုလက်တင်နဲ့ တာပင်းတို့ဟာ ဘက်တီးရီးယား၊ ဖန်းဂပ်စ်နဲ့ ကပ်ပါးကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းတွေရှိတာကြောင့် ပိုးမွှားတွေကိုတွန်းထုတ်ရာမှာ အလွန်အစွမ်းထက်ပါတယ်။
နေ့တိုင်းရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ်တို့စားကာ အစာအိမ်ရောဂါပျောက်ကြောင်း၊အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့်ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါလက်တွေ့ပျောက်ကင်းနိုင်ကြောင်းရေးသားထားပါတယ်။
ယနေ့ခေတ်မှာတော့ ရဲယိုသီးဘယ်လောက် ဆေးစွမ်းထက်တယ်ဆိုတာ လူသိများလာပါပြီ။ ရဲယိုသီးမှာ အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိုက်တွေအပြင် ဗီတာမင် အေ၊ စီ၊ သံဓာတ်နဲ့ နိုင်ယာစင်ဓာတ်လည်းပါဝင်ပါတယ်။ အဆီမပါဘဲ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်။
ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့အသီးတွေက ကမ္ဘာပေါ်မှာအများကြီးပါ။ အဲ့ထဲမှရဲယိုသီးကိုရွေးချယ်ပြီးထုတ်လုပ်ရသလဲဆိုတော့ ရဲယိုက ကင်ဆာပျောက်တဲ့ ထိပ်တန်းအသီး၃၀၀ထဲမှာရဲယိုသီးက ထိပ်ဆုံးဆယ်ခုထဲမှာပါလို့ရွေးချယ်လိုက်ပါတယ်။
လင်းလင်းထွန်း
ကိုးကား- https://my.m.wikipedia.org၊ ဆေးမြီးတိုမှတ်စု၊
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။
U BHONE THWE HTAN • ဖြေကြားချက် 1 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from လင်းလင်းထွန်း
အားလုံး