အသားဟင်းမပါပေမယ့် အာဟာရမျှတအောင်ဘယ်လိုစားကြမလဲ
အခြေခံအားဖြင့်ခွဲခြားထားတဲ့ အာဟာရဓာတ်အုပ်စုကြီး (၃) ခုမှ ခန္ဓာကိုယ်ကြီးထွားစေတဲ့ အစာအုပ်စုအဖြစ် တိရစ္ဆာန် သား၊ ငါး၊ ပုစွန်၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုး ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အသားဓာတ်(ပရိုတင်း)ကို အဓိကအားဖြင့် အသား၊ ငါးတွေစားခြင်းကနေ ရရှိတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ခက်ခဲကြပ်တည်းတဲ့ကာလမှာ အသားဟင်းနပ်မှန်ဖို့ဆိုတာ အခြေခံလူလတ်တန်းစားတွေအတွက် မလွယ်ကူပါဘူးဗျ။ ဒါကြောင့် လိုအပ်တဲ့အသားဓာတ်ကို ဘယ်လိုအစားစာတွေနဲ့ ဖြည့်တင်းမလဲဆိုတာနဲ့ အာဟာရမျှတဖို့ ဘယ်လိုစားရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်ဗျ။
အသားဟင်း ပုံမှန်မစားနိုင်ပေမယ့် လိုအပ်တဲ့အသားဓာတ်ကို ပဲပုပ်၊ ပဲနို့၊ ပဲလွန်း၊ မတ်ပဲ၊ ပဲပိစပ်၊ ပဲကြီး၊ ပဲရာဇာ၊ ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ မြေပဲ၊ ပဲလိပ်ပြာ၊ ပဲကတီပါ၊ ပဲပြား၊ တို့ဟူး စတဲ့ ပဲအမျိုးမျိုးကိုစားပေးခြင်းဖြင့် လိုအပ်တဲ့အသားဓာတ်ကို ရရှိနိုင်ပါတယ်ဗျ။ ဒါ့အပြင် အစေ့အဆံတွေဖြစ်တဲ့ သစ်ကြားသီး၊ မြေပဲ၊ သီဟိုဠ်သရက်စေ့၊ နှမ်းစေ့၊ မုယောစပါး၊ မြင်းစားဂျုံ (oat)၊ Almond စေ့ စသည့်တို့စားခြင်းမှလည်းအသားဓာတ်ကို ရရှိနိုင်ပါတယ်။ အစေ့အဆံတွေမှာ အိုမီဂါ ၃ ဓာတ်နဲ့ အကျိုးရှိတဲ့အဆီ( Fatty acid) တွေလည်း ပါဝင်ပါသေးတယ်။ အသားဟင်းမစားနိုင်ပေမယ့် လိုအပ်တဲ့အသားဓာတ်ကို မိမိတို့မှာအလွယ်တကူရရှိနိုင်တဲ့ ပဲအမျိုးမျိုး၊ အစေ့အဆံတွေစားပြီး ဖြည့်တင်းနိုင်ပါတယ်။ အသားဟင်းမပါတဲ့ရက်တွေမှာ ပဲတစ်မျိုးမျိုးချက်စားမယ်ဆိုရင် ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့အသားဓာတ်ကို အတိုင်းတာတစ်ခုအထိ ရရှိနိုင်ပါတယ်ဗျ။ ဒါပေမယ့် အာဟာရမျှတဖို့အတွက်ဆိုရင် အသားဓာတ်တစ်မျိုးတည်းစားရုံနဲ့ မလုံလောက်သေးပါဘူး။ နောက်ထပ်အာဟာရဓာတ် အုပ်စုကြီး(၂)ခုလည်း စားပေးရပါဦးမယ်။
ရောဂါဘယများမှ ကာကွယ်ပေးသောအစာအုပ်စု- ဟင်သီးဟင်းရွက်များဖြစ်ကြတဲ့ မြင်းခွာရွက်၊ မုန်ညှင်းရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်ရွက်၊ ကန်ဇွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ ဗူးညွှန့်၊ ဖရုံညွှန့်၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ မုန်လာဥနီ၊မုန်လာဥဖြူ၊ ငရုတ်ပွသီး၊ ပဲပင်ပေါက်၊ ပဲတောင့်ရှည်၊ လျှောက်သံပုရာအုပ်စုဝင်များ ၎င်းတို့ကို စားပေးခြင်းဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်များရရှိပြီး ကိုယ်ခံစွမ်းအားကောင်းမွန်စေကာ ရောဂါပိုးမွှားများဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ အစာအာဟာမျှတဖို့နဲ့ ကိုယ်ခံအားကောင်းစေရန်အတွက် နေ့စဉ် အသီးအရွက်တစ်ခွက်စားပေးဖို့လည်း လိုအပ်ပါတယ်။
အင်းအားဖြစ်ထွန်းစေတဲ့ အစာအုပ်စု- ထောပတ်၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ထန်လျက်၊ ကြံသကာ၊ သကြား၊ ခေါက်ဆွဲ၊ ဆန်၊ ဂျုံတို့ဖြင့်ပြုလုပ်သောမုန့်အမျိုးမျိုး စသည်တို့ကို စားပေးခြင်းဖြင့် ကစီဓာတ်ကိုရရှိပြီး ခန္ဓာကိုယ်လှုပ်ရှားရာတွင် လိုအပ်တဲ့စွမ်းအင်ကို ထုတ်ပေးပါတယ်။
အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ အသားဟင်းမစားနိုင်တဲ့နေ့တွေမှာ တတ်နိုင်သလောက်လေးနဲ့ အာဟာရမျှတဖို့အတွက်ဆိုရင် လိုအပ်တဲ့အသားဓာတ်အတွက် ပဲအမျိုးမျိုးတစ်ခွက် (သို့မဟုတ်) ကြက်ဥ၊ ဘဲဥစားပေးနိုင်ရင်လည်း ကောင်းပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေရရှိစေမယ့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတစ်ခွက်စားပေးရပါမယ်။ ဒါ့အပြင် ကစီဓာတ်(ကာဘိုဟိုက်ဒရိတ်)ရစေဖို့ အပေါ်မှာဖော်ပြခဲ့တဲ့ ဖြည့်စွက်အစာတွေလည်း စားပေးရပါမယ်။ ဒါဆိုရင်တော့ အသားဟင်းတွေ မစားနိုင်တောင် အာဟာရဓာတ်မျှတစွာရရှိပြီး ကျန်းမာစေမှာလည်းဖြစ်ပါတယ်။ အားလုံးနေကောင်းကျန်းမာပြီး ကပ်ဆိုးကြီးမှ အမြန်ဆုံးလွတ်မြောက်ပါစေဗျာ။
Reference; http://babimildmomsclub.com.mm/%E1%80%A1%E1%80%AC%E1%80%9F%E1%80%AC%E1%80%9B%E1%80%99%E1%80%BD%E1%80%BA%E1%80%90%E1%80%B1%E1%80%85%E1%80%9B%E1%80%94%E1%80%B9-%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%B9%E1%80%B7%E1%80%B1/
https://www.unlockfood.ca/en/Articles/Vegetarian-and-Vegan-Diets/Four-steps-to-a-balanced-vegan-eating-pattern.aspx
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ထွန်းရာဇာ
အားလုံး