ဝက်နားရွက်ပြာရောဂါခံနိုင်ရည်ရှိဝက်မျိုးများ ထုတ်နိုင်ပြီ
ဝက်နားရွက်ပြာရောဂါဟာ အမေရိကန်ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ လောက် ဆုံးရှုံးမှုဖြစ်စေနေတဲ့ရောဂါပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ ဝက်မျိုးတွေကို Acceligen မျိုးစပ်အဖွဲ့က ဖန်တီးလိုက်နိုင်ခြင်းဖြင့် ဒီပြဿနာကို ဖြေရှင်းသွားနိုင်တော့မှာ ဖြစ်ပါတယ်။

“ ဒီဝက်နားရွက်ပြာရောဂါက ဒီမှာတော့ နေရာတကာကိုဖြစ်နေတာ။ အရွယ်မရွေးကို ဖြစ်နေတာမျိုးပဲ” လို့ အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်တက္ကသိုလ်ရဲ့ တိရစ္ဆာန်ဆေးကုသရေးနှင့် ဆေးဝါးထုတ်လုပ်ရေးပါမောက္ခ Daniel Linhares က ပြောပါတယ်။
ကန်းဆက်ပြည်နယ်တက္ကသိုလ်ရဲ့ မျိုးဗီဇတွေကိုစိတ်ဖြာခွဲဆက်ခြင်းနဲ့ ပရိုတင်းပြုပြင်မွမ်းမံမှုပြု လုပ်ခြင်း နည်းပညာတွေကို အသုံးချပြီး Acceligen မျိုးစပ်အဖွဲ့အနေနဲ့ ဝက်နားရွက်ပြာရောဂါကို သဘာဝ အလျောက်ခံနိုင်ရည်ရှိတဲ့ ဝက်မျိုးတွေကို စပ်ခဲ့တာဖြစ်ပါတယ်။
“မျိုးဗီဇစိတ်ဖြာခွဲဆက်နိုင်ခြင်းနည်းပညာဟာ မျိုးစပ်ခြင်းအတွက် စွမ်းအားအကောင်းဆုံးလက်နက်တွေထဲက တစ်မျိုးပါပဲ။ ဒီဟာကြောင့် ကျွန်တော်တို့ ဝက်မွေးမြူရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေကို ကိုင်တွယ်လာနိုင်တယ်။ ဆိုတော့ ရေရှည်စားနပ်ရိက္ခာဖူလုံရေးကို ဖန်တီးလာနိုင် တာပေါ့” လို့ Acceligen မျိုးစပ်အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Tad Sonstegard က ပြောပါတယ်။
ဒီလို ဝက်နားရွက်ပြာရောဂါခံနိုင်ရည်ရှိဝက်မျိုးတွေရလာဖို့ အီလီနွိုက်စ်တက္ကသိုလ်က ပါမောက္ခ Bob Rowland ကလည်း ပူးပေါင်းကူညီပေးခဲ့တာပါ။
အလေးချိန်လျော့ကျတာနဲ့ရုတ်တရက်သေဆုံးတာလိုမျိုး ကြီးကြီးမားမား ဆုံးရှုံးမှုတွေကို ထိန်းချုပ်နိုင်ဖို့ လက်ရှိမှာ ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ကာကွယ်ဆေးထိုး အစီ အစဉ်တွေလုပ်နေပေမဲ့ ဒီဗိုင်းရပ်စ်ကို ထာဝရပျောက်ကွယ်သွားအောင်တော့ ဘယ်သူမှမလုပ်နိုင်သေး ပါဘူးလို့ ပါမောက္ခ Daniel Linhares က ဆိုပါတယ်။
ဒါပေမဲ့ အခုတွေ့ရှိချက်အသစ် (ရောဂါဒဏ်ခံဝက်မျိုး) ကတော့ ဝက်မွေးမြူရေးလုပ်ငန်းကနေ ဒီဗိုင်းရပ်စ်ကို ဖယ်ရှားပစ်နိုင်မဲ့ အလားအလာရှိနေပါတယ်။
“ Acceligen ရဲ့ ရည်မှန်းချက်ကတော့ အကောင်းဆုံးမျိုးစပ်မှုတွေပြုလုပ်ပေးခြင်းဖြင့် တိရစ္ဆာန်တွေ၊ မွေးမြူရေးသမားတွေနဲ့ ပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးသွားဖို့ပါပဲ” လို့ အမှုဆောင်အရာရှိချုပ် Tad Sonstegard က ဆိုပါတယ်။
အခုလို ဝက်နားရွက်ပြာရောဂါကို သဘာဝအလျောက်ခံနိုင်ရည်ရှိ ဝက်မျိုးတွေထွက်ပေါ်လာခြင်းဟာ စားနပ်ရိက္ခာဖူလုံရေးအတွက် ထူးခြားတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီး ဝက်မွေးမြူရေးလုပ်ငန်းအတွက်လည်း တိုးတက်တဲ့ အရွေ့တစ်ခုဖြစ်စေမှာ ဖြစ်ပါတယ်။
https://bit.ly/3kWnZnr
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဖြိုးဝေအောင်
လွန်ခဲ့သော ၃ နှစ် ကASF ကာကွယ်ဆေးလဲ ရနေပြီကြားပါတယ် အသေးစိတ်လေးသိချင်လို့ ရှင်းပြပေးပါလားဆရာ
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ဘိုလွင်
အားလုံး