အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်၊ ဝက်နှင့်အတူ ငါးတွဲဖက်မွေးမြူမှုခြင်းကို ကန့်ကွက်တင်ပြထားသော်လည်း အစိုးရ၏တုန့်ပြန်မှု မရရှိသေး။

ကြက်၊ ဝက်နှင့်အတူ ငါးတွဲဖက်မွေးမြူမှုခြင်းကို ကန့်ကွက်တင်ပြထားသော်လည်း အစိုးရ၏တုန့်ပြန်မှု မရရှိသေး။

Green Way
Green Way • Greenovator • 17/10/2019

   နိုင်ငံအတွင်း စားသုံးရန်မသင့် ကြက်ခြံ၊ ဝက်ခြံတို့နှင့် အတူ ငါးတွဲဖက်မွေးမြူနေခြင်းအား မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ လုပ်ငန်းရှင်များအနေဖြင့် အစိုးရထံသို့ ကန့်ကွက်တင်ပြထားသော်လည်း ယနေ့အချိန်ထိ တုန့်ပြန်မှုမရရှိသေးကြောင်း သိရသည်။ 

   ယင်းကဲ့သို့ မွေးမြူခြင်းသည် အများပြည်သူအတွက် စားသုံးမှုမပြုသင့်သည့်အပြင် ဈေးကွက်တွင်းမှာလည်း ဈေးပေါပေါနှင့် ဝင်ရောက်နေခြင်းကြောင့် စစ်မှန်စွာ ငါးမွေးမြူရေးတစ်မျိုးတည်းသာ လုပ်ကိုင်နေသော လုပ်ငန်းရှင်များ ထိခိုက်လာနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မြင့်စိန်ကပြောသည်။ 

   “ဒီဟာကလေ ဥပဒေနဲ့သွားရတော့မယ့် အပိုင်းဖြစ်နေတယ်။ တို့နိုင်ငံမှာက ဥပဒေမရှိဘူး ဖြစ်နေတယ်။ ဒါကို ဦးတို့ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ဝန်ကြီးဌာနထံ တင်ပြထားတယ်။ ပြောလည်း ပြောပြထားပါတယ်။ ဒီနှစ် နှစ်စထဲမှာပဲ တင်ပြထားတယ်။ ဝန်ကြီးဌာနက တုန့်ပြန် အကြောင်းကြားလာတော့ မရှိသေးဘူး။ ဒါက ဝန်ကြီးဌာနကနေ ဆုံးဖြတ်ပေးရမယ့် ကိစ္စပါ။” ဟု ဒေါက်တာ မြင့်စိန်က ပြောသည်။

   ကြက်၊ ဝက်နှင့်အတူ ငါးတွဲဖက်မွေးမြူနေခြင်းကြောင့် ငါးများတွင် ဆေးယဉ်ပါး ရောဂါဖြစ်ပွားနိုင်၍ ယင်းမွေးမြူရေးစနစ်ကို ပြန်လည်သုံးသပ်ရန်အတွက် အစိုးရထံ တင်ပြထားကြောင်း သိရသည်။ 

    ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငါးမွေးမြူရေးကန်များတွင် ကျင့်သုံးဆောင်ရွက်မှုများ ရှိ‌နေခြင်းကြောင်း ပြည်တွင်းငါးလုပ်ငန်းကဏ္ဍအပြင် ရေထွက်ပို့ကုန်လုပ်ငန်းများကိုပါ ဆိုးကျိုးသက်ရောက်လာနိုင်ကြောင်း သိရသည်။ 

   “ဒါက ကျွန်တော်အနေနဲ့ ပြောလို့မရသေးပါဘူး။ နိုင်ငံတော်က မူဝါဒချ လုပ်ကိုင်ရမယ့် ကိစ္စလေးဖြစ်နေတဲ့အတွက်ပါ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ငါလုပ်ငန်းဦးစီးဌာန၊ ဒုတိုင်းမှူး ဦးလှဌေးက ပြောသည်။ 

   မြန်မာနိုင်ငံနှင့် အိမ်နီချင်းကပ်လျက်ဖြစ်သော တရုတ်နိုင်ငံက ၂၀၁၀ ခုနှစ်မှာ ကြက်နှင့် ငါးတွဲဖက်မွေးမြူခြင်းကို လုံးဝမမွေးသင့်ဟုဆိုကာ ဥပဒေထုတ် ကန့်သတ်လိုက်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်း၌ ငါးကန်များပေါ်မှာ ခြံများ အခိုင်အမာတည်ဆောက်၍ လုပ်ကိုင်လာကြကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။