အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးအထွက်တိုးရေး မြေသြဇာကျွေး

စပါးအထွက်တိုးရေး မြေသြဇာကျွေး

Soe Myint
Soe Myint • Greenovator • 13/02/2020

 ‌   မြေသြဇာဟုဆိုရာတွင် အပင်များကလိုအပ်သည့် အာဟာရဓာတ်များပါဝင်သော မြေဆီလွှာသို့ ထည့်ပေးရသည့် (သို့မဟုတ်) အပင်သို့ပက်ဖျန်းပေးရသည့် ပစ္စည်းအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ ဤတွင် သဘာဝ‌မြေသြဇာနှင့် ဓာတ်မြေသြဇာနှစ်မျိုးစလုံး အကျုံးဝင်ပါသည်။ 

သဘာဝ‌မြေသြဇာ

   သဘာဝ‌မြေသြဇာသည် ပြုပြင်ဖော်စပ်ခြင်းမရှိဘဲ ဓာတုပစ္စည်းကင်းသည့် လယ်ယာလုပ်ငန်းမှ သဘာဝအလျောက်ရရှိနိုင်သော အာဟာရပစ္စည်းများဖြစ်သည်။ သဘာဝ‌မြေသြဇာတွင် နွားချေး၊ ကြက်ချေးစသည့် တိရိစ္ဆာန်မှရရှိသော ဆွေးမြေ့ပြီးသည့် အညစ်အကြေးများ၊ အပင်မှရရှိသည့်ရွက်ကြွေ၊ အပင်အကြွင်းအကျန်၊ သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေး၊ သစ်စိမ်းမြေသြဇာစသည်တို့ပါဝင်သည်။ 

    သဘာဝမြေသြဇာများသည် မြေစေးကိုဖွယ်စေ၍ သဲမြေကိုစေးစေကာ ‌မြေဆီလွှာ၏ ရုပ်သဘာဝကို ပြုပြင်ပေးသည်။ ထူးခြားသည်မှာ ဓာတ်မြေသြဇာများက ဖြည့်ဆီးမပေးနိုင်သည့် စပါးပင်အတွက် လိုအပ်သော အနည်းလိုအာဟာရဓာတ်များနှင့် အခြား ကြီးထွား ဖွံ့ဖြိုးရေးအထောက်အကူများကို ပံ့ပိုးပေးသည်။

    သဘာဝမြေသြဇာကို စပါးမစိုက်မီ အနည်းဆုံး သီတင်းနှစ်ပတ်ကျော် ထွန်းရေး တမန်းပြုပြင်စဉ်ကပင် လယ်ကွက်အတွင်း ညီညာစွာပက်ကြဲ၍ မြေနှင့်သမအောင် ထွန်မွှေ ထည့်သွင်းရန် ဖြစ်ပါသည်။ 

    သဘာဝမြေသြဇာတွင် စပါးပင်မှလိုအပ်သည့် အာဟာရဓာတ်များ ပါဝင်သော်လည်း ပမာဏမှာ အနည်းငယ်မျှသာဖြစ်သည်။ အထွက်နှုန်းမြင့်မားရေးအတွက် လိုအပ်သည့် အာဟာရဓာတ်များရရှိရန် သဘာဝ‌မြေသြဇာကိုသာ သုံးစွဲမည်ဆိုလျှင် ပမာဏများစွာ ထည့်သွင်းရမည်ဖြစ်သည်။ ဤမျှများပြားသည့် ပမာဏကိုရရှိရန် ခဲယဉ်းသကဲ့သို့ စိုက်ခင်းတွင် ထည့်သွင်းရန်လည်း လွယ်ကူမည်မဟုတ်ချေ။ ထို့ကြောင့် မိမိလယ်ယာလုပ်ငန်းခွင်မှရရှိသည့် သဘာဝမြေသြဇာများကို ဓာတ်မြေသြဇာများနှင့်တွဲဖက်၍ မိမိစပါးစိုက်ခင်းတွင် ထည့်သွင်းအသုံးပြုရန် အကြံပြုလိုပါသည်။ 

ဓာတ်မြေသြဇာ

    ဓာတ်မြေသြဇာသည် ဓာတုဗေဒနည်းဖြင့် ဖော်စပ်ထုတ်လုပ်သော အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်များပါဝင်သော ဓာတ်ပစ္စည်းများဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုက်ထရိုဂျင်မြေသြဇာအဖြစ် ယူရီးယားဓာတ်မြေသြဇာကိုလည်းကောင်း၊ ဖော့စဖားရပ် မြေသြဇာအဖြစ် ထရစ်ပယ်စူပါဖော့စဖိတ် ဓာတ်မြေသြဇာကိုလည်းကောင်း၊ ပိုတက်စီယံမြေသြဇာအဖြစ် မြူရိရိတ်အော့ဖ်ပိုတက် ဓာတ်‌မြေသြဇာကိုလည်းကောင်း၊ ယခုအခါ နာမည် အမျိုးမျိုးဖြင့်လည်းကောင်း ဝယ်ယူရရှိ သုံးစွဲကြောင်းသိရသည်။ 

    ထို့ပြင် နိုက်ထရိုဂျင်၊ ဖော့စဖားရပ်၊ ပိုတက်ဆီယမ်နှင့် အခြားအာဟာရဓာတ်များ ပေါင်းစပ်ပါဝင်သော ကွန်ပေါင်းဓာတ်မြေသြဇာများကိုလည်း စျေးကွက်တွင် ဝယ်ယူရရှိ သုံးစွဲလျက်ရှိပါသည်။

နိုက်ထရိုဂျင်မြေသြဇာ

    နိုက်ထရိုဂျင်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်သော အာဟာရဓာတ်ဖြစ်သည်။ သဘာဝအလျှောက် ရှိရင်းစွဲပမာဏသည် စပါးပင်အတွက် လုံလောက်မှုမရှိနိုင် သဖြင့် နိုက်ထရိုဂျင်ပါသော ဓာတ်မြေသြဇာကို မဖြစ်မနေ ထပ်မံဖြည့်စွက်ထည့်သွင်းရန် လိုအပ်ပါသည်။ 

    နိုက်ထရိုဂျင်မြေသြဇာကို စပါးပင်အတွက် အလိုအပ်ဆုံးအချိန်များတွင် ကျွေးပေးရန်လိုသည်။ အပင်ပွားချိန်၊ မှို့ကပ်ချိန်နှင့် စပါးစေ့နို့ရည်တည်ချိန်တို့သည် နိုက်ထရိုဂျင် အာဟာရရရှိရေးအတွက် အရေးကြီးသည့်အချိန်များဖြစ်သည်ဟု သိထားပါသည်။ 

    အပင်ပွားချိန်၏ အစောပိုင်းနှင့် အလယ်ပိုင်းကာလတို့တွင် ထည့်ပေးခြင်းသည် ပင်ပွားအများဆုံးကို ဖြစ်စေပြီး အနှံပါသော ပင်ပွားအရေအတွက်များစေသည်။ မှို့ကပ်ချိန် သည် စပါးအနှံလောင်းဖြစ်တည်ချိန်ဖြစ်သည်။ မှို့ကပ်ချိန်နှင့် အစေ့အဆံပြည့်ဖြိုးချိန်တို့တွင် နိုက်ထရိုဂျင်‌မြေသြဇာကို ကျွေးပေးခြင်းဖြင့် အနှံအရေအတွက်၊ တစ်နှံပါအစေ့အ‌ရေအတွက်နှင့် အောင်စေ့ကိုများစေသည်ဟု ဆိုပါသည်။

ထည့်သွင်းနည်းစနစ်

    စပါးပင်သည် ၄င်း၏ ကြီးထွားအဆင့်အလိုက် နိုက်ထရိုဂျင်အာဟာရကို လိုအပ်ခြင်းကြောင့်လည်းကောင်း၊ နိုက်ထရိုဂျင်မြေသြဇာ၏ သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်၍လည်းကောင်း၊ ယူရီးယားဓာတ်မြေသြဇာကို စပါးစိုက်ခင်း၌ ထည့်သွင်းရာတွင် တစ်ကြိမ်တည်းထည့်သွင်းရုံဖြင့် မလုံလောက်နိုင်ဟုသိရသည်။

    မြေသြဇာ၏ အကျိုးအာနိသင် အပြည့်အဝရရှိစေရေးအတွက် အကြိမ်ကြိမ်လီ၍ ခွဲဝေထည့်သွင်းသင့်ပြီး လီ၍ကျွေးတိုင်း ထုထည်တူ မြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင်ရော၍ တစ်ညနှပ်ထားကာ နောက်နေ့တွင် စိုက်ခင်းအတွင်း ညီညာစွာကြဲပက်သင့်ပါသည်။ သက်လျင်စပါးမျိုးများတွင် ကောက်လှန်ချိန်၊ ပင်ပွားချိန်၊ အနှံထွက်ချိန်တို့တွင် သုံးကြိမ်လီ၍လည်းကောင်း၊ သက်လတ်စပါးမျိုးများတွင် ကောက်လှန်ချိန်၊ ပင်ပွားချိန်၊ အနှံလောင်းဖြစ်တည်ချိန်နှင့် အနှံထွက်ချိန်တို့တွင် လေးကြိမ်လီ၍လည်းကောင်း၊ ယူရီးယားဓာတ်မြေသြဇာကို ထည့်သွင်းပေးရန် လိုအပ်ကြောင်း သိထားပါသည်။ 

‌မြေသြဇာအကျိုးရှိရေး

    ထည့်ပေးလိုက်သော နိုက်ထရိုဂျင်မြေသြဇာကို အကျိုးရှိစေရန်အတွက် အရေးကြီး သောအချက်များမှာ (၁) စိုက်ခင်းတွင် ရေထိန်းသိမ်းမှု ကောင်းမွန်စေခြင်း၊ (၂) ပေါင်းမြက် ကင်းစင်စေခြင်းနှင့် (၃) ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေခြင်းတို့ဖြစ်ပါသည်။

    စပါးခင်းကို ရေမပြတ်စေရန် ဂရုစိုက်ပေးရပါမည်။ အထူးသဖြင့် လယ်ကွက်များ ခြောက်သွေ့ပြီး ပက်ကြားအက်ပါက နိုက်ထရိုဂျင်သည် အငွေ့အဖြစ်ပို၍ ဆုံးရှုံးနိုင်ပါသည်။

    စပါးခင်းတွင် ပေါင်းမြက်များရှိပါက ၄င်းတို့သည် စပါးအတွက်ထည့်ပေးလိုက်သော နိုက်ထရိုဂျင်ကို ယှဉ်ပြိုင်လုယူ စားသုံးနိုင်သဖြင့် စပါးခင်းတွင် ပေါင်းမြက်ကင်းစင်အောင်  ဆောင်ရွက်ပြီးမှသာ မြေသြဇာကို ထည့်ပေးသင့်ပါသည်။ 

    အလားတူပင် စပါးပင်ကို ပိုးမွှားနှင့် ရောဂါကျရောက်မှုမှ ကာကွယ်ပေးခြင်းဖြင့် ထည့်ပေးလိုက်သော နိုက်ထရိုဂျင်မြေသြဇာကို စပါးပင်မှ အပြည့်အဝရယူစားသုံးနိုင်ပါသည်။ 

ဖော့စ်ဖရပ်မြေသြဇာ

စပါးတွင် နိုက်ထရိုဂျင်‌မြေသြဇာကဲ့သို့ပင် ဖော့စ်ဖရပ်မြေသြဇာကိုလည်း ထည့်ပေး ရန်လိုသည်။ ဖော့စ်ဖရပ်သည် အပင်ငယ်ကြီးထွားစဉ်ကာလအတွင်း အထူးလိုအပ်သည်။ ၄င်းသည် အမြစ်ပိုင်းကြီးထွားဖွံ့ဖြိုးရေး၊ ပင်ပွားပွားစည်းရေးနှင့် ပန်းပွင့်ချိန်စောရေးတို့ကို အားပေးသည်။ ဖော့စ်ဖရပ်မြေသြဇာကို မြေခံအဖြစ် စပါးမစိုက်မီ နောက်ဆုံး ထွန်ရေးတမန်းပြင်ချိန်တွင် ထည့်သွင်းပေးရန်လိုပါသည်။ 

ပိုတက်ဆီယမ်‌မြေသြဇာ

    စပါးတွင် ပိုတက်ဆီယမ်‌မြေသြဇာကို အပင်ပွားချိန်နှင့် မှို့ကပ်ချိန်တွင် ထည့်ပေး နိုင်သည်။ ပိုတက်ဆီယမ်သည် ပင်ပွားများစေပြီး စပါးစေ့အရွယ်အစားနှင့် အလေးချိန်ကို တိုးစေသည်။

    ပိုတက်ဆီယမ်မြေသြဇာကို အနည်းငယ်သာ အသုံးပြုနိုင်ပါက ပင်ပွားဖြိုင်ချိန်တွင် တစ်ကြိမ်တည်း ကြဲပက်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ အလီလီခွဲကျွေးမည်ဆိုပါက အသုံးပြုမည့် ပိုတက်ဆီယမ်‌မြေသြဇာကို နောက်ဆုံးထွန်ရေးပြင်ချိန်တွင် တစ်ကြိမ်၊   ကျန်မြေသြဇာကို အနှံလောင်းဖြစ်တည်ချိန်မတိုင်မီအထိ တစ်ကြိမ် (သို့မဟုတ်) ထို့ထက်ပို၍ ကြဲပက်ပေးနိုင်ကြောင်း သိရပါသည်။

    အချုပ်အားဖြင့် အထွက်နှုန်းမြင့်မားရန် စပါးစိုက်ပျိုးရာတွင် မြေသြဇာသုံးစွဲပါ။ မြေသြဇာဆိုရာတွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာနှစ်မျိုးလုံးကို  တွဲဖက်အသုံးပြုပါ။  နည်းစနစ်မှန်စွာ သုံးစွဲခြင်းဖြင့် ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေဖို့ ဖြစ်ပါသည်။

ဆင်းသီဟ

 

U win Zaw

U win Zaw

လွန်ခဲ့သော ၂ နှစ် က

ဆရာခင်ဗျရက်ကိုးဆယ်စပါးပြုစုပျိုးထောင်နည်းသိဘရစေခင်ဗျ။

mg khant kyaw zaw

mg khant kyaw zaw

လွန်ခဲ့သော ၃ နှစ် က

စပါးအနှံထွက်ချိန်မှာဘာဆက်ပြီးလုပ်သင့်လဲ

မောင်ရဲသူအောင်

မောင်ရဲသူအောင်

လွန်ခဲ့သော ၄ နှစ် က

ဘယ်နလသား‌ေမြသြဇာစကျွေးရလဲဗျ

ကျော်ဟိန်း

ကျော်ဟိန်း

လွန်ခဲ့သော ၄ နှစ် က

မေးပါရစေ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။