မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုများ
တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၀ ရက် ည တွင် အားကောင်းသောအပူပိုင်းမုန်တိုင်း(Severe Tropical Storm FENGSHEN)အဖြစ်လည်းကောင်း၊ အောက်တိုဘာ ၂၁ ရက် ညတွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်-အနောက်တောင်ဘက် ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေကို အောက်တိုဘာလ ၂၂ ရက်ညတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။
မုန်တိုင်းဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် ချက်ချင်းအားပျော့ပျက်ပြယ်သွားပြီး မုန်တိုင်းအကြွင်းအကျန်များသည် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းသည် ၄၈ နာရီအတွင်း Depression - အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး၊ အနောက်-အနောက်မြောက်အရပ်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေနိုင်ပါတယ်။

ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်မည့် မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့်
- အောက်တိုဘာ ၂၃ မှ ၂၅ ရက်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့်(၂၃ ရက် မှ ၂၅ ရက်အတွင်း နေ့စဉ်မိုးရေချိန် ၀.၈ လက်မ မှ ၁.၅ လက်မခန့်)
- အောက်တိုဘာ ၂၃ မှ ၂၆ ရက်နေ့အထိ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးအသင့်အတင့်ထစ်ချုန်းရွာသွန်းနိုင် နေရာကွက်၍ မိုးများနိုင်(၂၃ ရက် မှ ၂၆ ရက်နေ့အထိ နေ့စဉ်မိုးရေချိန် ၂ လက်မ နီးပါးအထိ ရွာသွန်းနိုင်)
- အောက်တိုဘာ ၂၄ ရက် မှ ၂၆ ရက်အထိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် (တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး မိုးအနည်းငယ်ရွာနိုင်၊ နေရာကွက်၍ မိုးအသင့်အတင့်ရွာနိုင် နေ့စဉ်မိုးရေချိန် ၁ လက်အောက်သာ ရွာနိုင်)
- မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အနောက်ပိုင်းဒေသများ - စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုနည်းပါးပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ မိုးရွာသွန်းနိုင်ချေ မရှိသလောက်နည်းနေပါမယ်။
ယခုကြိုတင်ခန့်မှန်းရရှိတဲ့ မိုးလေဝသအခြေအနေများကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တွေက စိုက်ပျိုးမြေတွေမှာ မြေဆီလွှာအစိုဓာတ် ကောင်းကောင်းရရှိလာနိုင်ပြီး၊ စပါးရိတ်သိမ်းချိန်များအတွင်း ရွာနိုင်တဲ့ဖျက်မိုးအန္တရာယ်ကိုလည်း သတိထားကြရပါမယ်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
Ukhin
လွန်ခဲ့သော ၁ နှစ် ကဧရာဝတီတိုငင်းဝါးခယ်မဘက်မှာတင်ပေးပါအုံး
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကမိုးစပါးရိတ်ချိန်ဖျက်မိုးပါ
ဆက်စပ်ဆောင်းပါးများ
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
ဆက်စပ်မေးခွန်းများ
မြေကွက်လပ် 10×20 ပေလောက်ရှိပါတယ် ဒီတိုင်းထားထားတာထက် စိုက်ပျိုးရေးလေး သေချာ အချိန်ပေးလုပ်ချင်လို့ပါ ဘာအပင်တွေကို ဘယ်လိုမျိုး စိုကိရမလဲ ဆွေးနွေးပေးကြပါအူံးဗျ မြေက အညာမြေရွှံ့နည်းနည်းပါပါတယ် အပူပိုင်းဒေသပါ ခုတော့ မိုးခနခနရွာနေပါတယ် အချိန်ပေးပြီး ဂရုစိုက်ရလည်း အဆင်ပြေပါတယ် တစ်လတစ်လ 400k+ အသားတင်အမြတ်ကျန်နိုင်မလား မသိဘူး ရေလောင်းပေါင်းသင် နေ့တိုင်းလုပ်နိုင်ပါတယ်
Helium • ဖြေကြားချက် 1 ခု
လယ်ကျန် စပါးအတွက် မြေခံ ဘာသုံးသင့်ပါသလဲ..
အောင်ကိုဦး • ဖြေကြားချက် 1 ခု
ဆင်ငိုမြက်ကို Glyphosate နဲ့လည်းမသေလို့ ဘယ်ဆေးAi နဲ့ဖြန်းရင် အမြစ်ပြတ်မလဲပြန်လည်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
Kyaw zin • ဖြေကြားချက် 1 ခု
ဘာရောဂါ လည်းဆရာတို့ ဘာဆေးဖြန်းသင့်လည်းဗျ အပန်းမကြီးရင် ဖြေကြားပေးပါခင်မျ
Aung kaung myat • ဖြေကြားချက် 2 ခု
ကုလားပဲမျိုး 929အကြောင်းသိချင်လို့ပါ
Thawzinaung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
05/11/2026
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
More from ဦးဝင်းနိုင်
အားလုံး
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
05/11/2026
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
29/10/2026
အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်နေသည့် အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံပေါ်သက်ရောက်မှုများ
26/10/2026
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
22/10/2026