လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး (OSH) ဆိုတာဘာလဲ
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၊ Vision Zero Fund စီမံကိန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပံ့ပိုးရောင်းချရေးကွင်းဆက် GSCs) များတွင် လုပ်ငန်းခွင်နှင့်ဆက်နွယ်သော သေဆုံးမှုများ၊ ထိခိုက်ဒါဏ်ရာရမှုများနှင့် ရောဂါရမှုများကို ကာကွယ်တားဆီးရန် ရည်ရွယ်ပါသည်။ စီမံကိန်းသည် ရှမ်းပြည်နယ်တွင် ချင်းသီးနှံကုန်စည်တန်းဖိုးမြှင့်ကွင်းဆက်အတွင်း လုပ်ငန်းခွင်ဘေးကင်း လုံခြုံရေးနှင့် ကျန်းမာရေးကဏ္ဍကို မြင့်တင်ပေးလျက်ရှိပါသည်။
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုသည်မှာ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရစေခြင်း၊ ဖျားနာခြင်း သို့မဟုတ် ပစ္စည်းဉစ္စာထိခိုက်ပျက်ဆီးခြင်းများ ဖြစ်ပွားစေနိုင်သော အန္တရာယ်ရှိသည့် အရာ၀တ္ထု၊ အဖြစ်အပျက်၊ အပြုအမူ (သို့) အခြေအနေကို ခေါ်ပါသည်။ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးသည် အန္တရာယ်ကို ကြိုတင်ကာကွယ်ခြင်းထက် ပိုပါသည် - အလုပ်အခြေအနေနှင့် ရှုထောင့်အားလုံးကို လွှမ်းခြုံပြီး အလုပ်သမားများ၊ လယ်သမားများနှင့် ၎င်းတို့မိသားစုဝင်များ၏ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများကို အမြင့်ဆုံးထိ မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းခြင်း ပါဝင်ပါသည်။ အကျယ်တဝင့်အနေဖြင့် အောက်ပါတို့ကို ရည်ရွယ်ပါသည်-
• အလုပ်သမား၊ လယ်သမားများ၏ အလုပ်အခြေအနေများကြောင့် ဖြစ်လာသည့် ကျန်းမာရေးအပေါ် ဆိုးရွားသော သက်ရောက်မှုများကို အလုပ်သမား၊ လယ်သမားများအတွက် ကြိုတင်ကာကွယ်ရေး
• အလုပ်သမား၊ လယ်သမားများ၏အလုပ်တွင် ကျန်းမာရေးကို ဆိုးရွားစေသောအချက်များမှ ရရှိလာသည့် အန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး
• ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို လိုက်နာဆောင်ရွက်သည့် အလုပ်ပတ်၀န်းကျင်အဖြစ် အလုပ်သမား၊ လယ်သမားများ၏နေရာထိန်းသိမ်းမှု
ထို့ကြောင့် ကျန်းမာပြီး ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်အလေ့အကျင့်များသည် လယ်ယာလုပ်ငန်းခွင်မှာလည်း အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော်မိမိတို့ လယ်ယာလုပ်ငန်းခွင်တွင် ဖြစ်လာမည့်အန္တရာယ်များကို ကြိုတင်သိရှိနားလည်ထားပြီး တားဆီးကာကွယ်နိုင်မှသာ အလုပ်လုပ်နိုင်မူစွမ်းရည်ကောင်းများ ရရှိမည့်အပြင် ကုန်ထုတ်လုပ်နိုင်စွမ်းလည်း တိုးတက်လာမည် ဖြစ်ပါသည်။ (ဉပမာအားဖြင့် အိမ်ထောင်စုတစုတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ဖြစ်လာနိုင်သည့် ဆုံးရှုံးမှုများကို ကြိုတင်သိရှိနားလည်ခြင်းမရှိသည့်အတွက်အကြောင့် လုပ်ငန်းနှင့်ဆက်နွယ်သော ထိခိုက်ဒဏ်ရာရခြင်း၊ ဖျားနာခြင်းတို့ကြောင့် လူများအလုပ်လုပ်နိုင်ခြင်းမရှိပေ။ ထိုအခါ လယ်ယာလုပ်ငန်း ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်မှုဖြစ်ပွားစေသည်။ ထိုကြောင့် တောင်သူလယ်သမားများသည် လုပ်ငန်းခွင်ဘေးအန္တရာယ်များကို ကြိုတင်သိရှိနားလည်ထားရန်လိုအပ်ပြီး သို့မှသာ ကြိုတင်ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။
ထိခိုက်ဒဏ်ရာရခြင်း၊ ဖျားနာခြင်းကြောင့် အလုပ်သမားနှင့် လယ်သမားမိသားစုများ ငွေကုန်ကျများပါသည်။ ထို့ကြောင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးကို ကျင့်သုံးလိုက်နာခြင်းဖြင့် ငွေကြေးချွေတာနိုင်ပြီး ကုန်ထုတ်စွမ်းအားလည်း တိုးမြှင့်လာမည်ဖြစ်ပါသည်။



နည်းပညာမိတ်ဖက်အဖွဲ့
ILO Myanmar, VISION ZERO FUND
ချင်းသီးနှံကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်ကဏ္ဍ၊ ရှမ်းပြည်နယ် ၁။ စီမံကိန်းနောက်ခံအကြောင်းအရာ အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ The Vision Zero Fund (VZF) စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးရောင်းချရေးကွင်းဆက် (Global Supply Chains-GSCs)များကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အလုပ်နှင့်သက်ဆိုင်သော ထိခိုက်ဒဏ်ရာရှိမှု၊ သေဆုံးမှုနှင့် ရောဂါရရှိမှုများအား ကာကွယ်တာဆီးခြင်းနှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံ၌ VZF သည် ကမ္ဘာလုံးဆိုင်ရာပံ့ပိုးရောင်းချရေးကွင်းဆက် (GSCs)နှစ်ခုဖြစ်သော အထည်ချုပ်လုပ်ငန်းနှင့် ချင်းကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်လုပ်ငန်းတွင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး ပြဿာနာများကို လုပ်ဆောင်လျှက်ရှိပါပြီး ထိုကဲ့သို့သော ပြသာနာများကို ဖြေရှင်းရန် ကာကွယ်တားဆီးခြင်း ပုံစံများကို ရေးဆွဲခဲ့ပါသည်။ ထို့အပြင် VZF သည် ချင်းသီးနှံနှင့် အထည်ချုပ်လုပ်ငန်း ကမ္ဘာလုံးဆိုင်ရာပံ့ပိုးရောင်းချရေးကွင်းဆက် (GSCs) အတွင်း ဖွဲ့စည်းပုံမူဘောင်နှင့် လုပ်ငန်းခွင်ဘေးကင်းလံုံခြုံရေးနှင့် ကျန်းမာရေး (OSH) စနစ်နှင့် လူမှုဖူလုံရေးကဏ္ဍများအားကောင်းအောင် အားပေးကူညီခြင်းဖြင့် မူဝါဒအဆင့်၌လည်း လုပ်ဆောင်ပြီး မူဝါဒအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကိုလည်း ပံ့ပိုးပေးပါသည်။ VZF သည် ရှမ်းပြည်တောင်ပိုင်းရှိ ကလော၊ ပင်းတယ၊ ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေ၊ ရပ်စောက်နှင့် နမ်ဆန်စသည့်မြို့နယ် (၇)မြို့နယ်များတွင် ချင်းကုန်စည်တန်ဖိုးမြှင့် ကွင်းဆက်လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် Winrock International တို့နှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိပါသည်။ ချင်းကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်လုပ်ငန်းများအတွက် သတ်မှတ်ပြီးသောလုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် ပါဝင်သောလုပ်ငန်းများမှာ-၁။ တောင်သူလယ်သမားမျာအကြား ဓါတုစိုက်ပျိုးရေးသုံးပစ္စည်းအသုံးပြုခြင်းများနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအန္တရာယ်များ အသိပညာမြှင့်တင်ပေးခြင်း၊၂။ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များအား ဓါတုပစ္စည်းဘေးကင်းလုံခြုံစွာ ကိုင်တွယ်အသုံးပြုခြင်းကို ထိရောက်သည့် သတင်းအချက်းအလက်များဝေမျှခြင်း စွမ်းရည်မြှင့်တင်ပေးခြင်း၊ ၃။ တောင်သူလယ်သမားအစုအဖွဲ့များ၏ ဖွဲ့စည်းခြင်းကို ပံ့ပိုးပေးခြင်းနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သောလုပ်ငန်းများ လိုက်နာဆောင်ရွက်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးခြင်း၊ ၄။ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအန္တရာယ်များ ထိန်းချုပ်နိုင်ရန် (သို့) လျှော့ချရာတွင် ကူညီပေးသည့် လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် သင်တန်းများကို မြှင့်တင်ပေးခြင်း။ (အော်ဂဲနစ်နှင့် စိုက်ပျိုးရေးအကျင့်အကြံကောင်းများ)၇။ ချင်းကုန်ကြမ်းအဆင့်မြှင့်တင်ပြုပြင်သူများ (Ginger Processors) အား အလုပ်သမားများဘေးကင်းရန်နှင့် ကုန်စာရင်းမပျက်စီးရန်ထိန်းသိမ်းထားရှိသည့် စက်ရုံတည်ဆောက်မှုပုံစံများနှင့် OSH စီမံခန့်ခွဲမှုစနစ်များကို ပံ့ပုံးပေးခြင်း။ ၆။ လုပ်ငန်းခွင်အခြေအနေများနှင့် ကုန်စာရင်းစီမံခန့်ခွဲခြင်းလုပ်ငန်းများ တိုးတက်လာစေရန် အောင်ပန်းဈေးကွက်ရှိ ကုန်သည်များအား ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ပေးခြင်း၊ VZF သည် စိုက်ပျိုးရေးဦးစီးဌာန၊ Winrock International တို့နှင့်ပူးပေါင်းဆောင်ရွက်ပြီး ၇ မြို့နယ်ရှိ ချင်းစိုက်တောင်သူ များကို လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး နှင့် သမဝါယမအစုအဖွဲ့ တည်ထောင်ခြင်းသင်တန်းများကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ OSH သင်တန်းသည် အလျဉ်းသင့်သလို လိုအပ်သည့်အခြေအနေမှာ လိုက်နာကျင့်သုံးမှုကို ပံ့ပိုးကူညီရန်အတွက် ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးအကျင့်အကြံကောင်းအသိအမှတ်ပြုလက်မှတ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ထားပါသည်။ ချင်းတောင်သူအစုအဖွဲ့ (၆)ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ၎င်းတို့အဖွဲ့များသည် VZF ပံ့ပိုးကူညီမှုဖြင့် ပြည်ပဈေးကွက်အတွက် အရည်အအတွက်နှင့် အရည်အသွေးပြည့်မီစေရန် ရိပ်သိမ်းချိန်လွန် စီမံဆောင်ရွက်ခြင်းနှင့် အဖွဲ့တွင်းထိန်းချုပ်မှုစနစ်များ (Internal Control Systems) တည်ဆောက်ခြင်းလုပ်ငန်းစဉ် အဆင့်တွင် ရောက်ရှိနေပါသည်။ တောင်သူလယ်သမားများနှင့် VZF၏ အနာဂါတ်လုပ်ငန်းစဉ်များမှာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးသင်တန်း ပြုလုပ်ရန်နှင့် အလားအလာရှိသူများကို ဖော်ထုပ်၍ ချင်းစိုက်တောင်သူအစုအဖွဲ့သစ်ဖွ့ဲစည်းခြင်းကို ဆက်လက်ပံ့ပိုးကူညီသွားမည်။ VZFသည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ချင်းသီးနှံအတွက် မြန်မာ့စိုက်ပျိုးရေးအကျင့်အကြံကောင်းများ (Myanmar GAP) လမ်းညွှန်ချက်ပြုစုခြင်းနှင့် စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များကို သင်တန်းပေးခြင်းစသည်တို့လည်း လုပ်ဆောင်ပါသည်။ ထို့အပြင် VZFသည် အောင်ပန်းဈေးကွက်ရှိကုန်သည်များနှင့် VZF၏သင်တန်းများ၊ ရှေ့ပြေးပုံစံစမ်းသပ်ခြင်းမှ မောင်းနှင်သည့် OSH လမ်းကြောင်းနှင့် ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ခြင်းများကို လုပ်ဆောင်ပြီး အောင်ပန်းတွင် ကုန်ကြမ်းတန်ဖိုးမြှင့်တင်ပြုပြင်ခြင်းစက်ရုံပုံစံ၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးကဏ္ဍကို ကူညီပေးသည့် ထုတ်လုပ်နိုင်စွမ်းနှင့် OSH သင်တန်းများကိုလည်း လုပ်ဆောင်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....