ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၁) စိုက်ခင်းစီမံခန့်ခွဲမှု
ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများအကြောင်းကို မိတ်ဆက်ပေးပြီးပြီးဆိုတော့ ခုတစ်ခေါက်မှာတော့ SRPစံချိန်စံညွှန်းရဲ့ ပထမဦးဆုံးအခန်းဖြစ်တဲ့ စိုက်ခင်းစီမံခန့်ခွဲမှုအကြောင်းကို ပြောပြပေးသွားပါမယ်
စိုက်ခင်းစီမံကောင်းတစ်ခု လက်ထဲမှာ ရှိထားမယ်ဆိုရင် (၁) ဘယ်လိုသီးနှံတွေကို ဘယ်အချိန်မှာ စိုက်သင့်တယ်ဆိုတာနဲ့ စိုက်ရေးပျိုးရေးအတွက် လိုအပ်တဲ့ အစီအမံတွေကို တိတိကျကျ ရေးဆွဲနိုင်ဖို့ အတွက် ကူညီပေးပါလိမ့်မယ် (၂) ဘယ်အချိန်မှာ ဘယ်လိုကုန်ကျမှုရှိမယ် ဘယ်လိုသွင်းအားစုတွေ ထည့်သွင်းရမယ် ရလဒ်အားဖြင့် ဘာတွေရရှိမယ် စတာတွေကို သိနိုင်မယ့် ကွင်းဆင်းစစ်ဆေးမှုစနစ်ဖြစ်လာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ (၃) နောက်ဆုံးအနေနဲ့ အထွက်တိုးရေး၊ ဈေးကွက်ရရှိရေး၊ အကျိုးအမြတ်ဖြစ်ထွန်းစေရေး အပေါ်လွှမ်းမိုးထားတဲ့ သွင်းအားစုတွေကို ဘယ်လိုအကျိုးရှိအောင် အသုံးချရမလဲဆိုတာတွေကို သိသိသာသာမြင်သာလာစေနိုင်ပါတယ်။
စိုက်ခင်းစီမံခန့်ခွဲမှုအတွက် လိုအပ်တဲ့ စံချိန်စံညွှန်းတွေမှာ
(၁) သီးနှံပြက္ခဒိန်၊
(၂) ကွင်းဆင်းမှတ်တမ်းများ သိမ်းဆည်းခြင်း၊
(၃) သင်တန်းများ စတာတွေ ပါဝင်ပါတယ်။
SRPအသိအမှတ်ပြုလက်မှတ်ကို ရယူဖို့အတွက်ဆိုရင် အထက်ပါအချက်တွေကို မရှိမဖြစ် သိထားဖို့လိုအပ်သလို အောက်ပါအချက်တွေကိုလည်း သိရှိလာနိုင်ပါတယ်နော်
- တောင်သူဦးကြီးတွေအနေနဲ့ သီးနှံပြက္ခဒိန်ကို ဘာကြောင့် ရေးဆွဲဖို့ လိုအပ်တာလဲ
- သီးနှံပြက္ခဒိန်မှာ ဘာတွေကို ထည့်သွင်းရေးဆွဲသင့်တာလဲ
- သီးနှံပြက္ခဒိန်မှာ ဘယ်လိုလုပ်ငန်းတွေကို တိုင်းတာမှတ်သားနိုင်ပါသလဲ
- သီးနှံပြက္ခဒိန်ရေးဆွဲခြင်းက ဘာအကျိုးကျေးဇူးတွေရနိုင်ပါသလဲ
- ကွင်းမှတ်တမ်းထားရှိဖို့ ဘာကြောင့်အရေးကြီးတာလဲ
- ကွင်းမှတ်တမ်းများကို ဘယ်လိုမှတ်သားသိမ်းဆည်းရမလဲ
- - ကွင်းမှတ်တမ်းများမှတ်သား သိမ်းဆည်းရာမှာ ဘယ်လိုအခက်အခဲ ရှိသလဲ
- ဘာအကြောင်းအရာတွေကို ဦးစားပေး မှတ်သားရမလဲ
- တိကျစွာ မှတ်သားထားတဲ့ မှတ်တမ်းများကနေ ရရှိနိင်တဲ့ အကျိုးကျေးဇူးတွေ အပြင်
အကယ်၍ SRPအသိအမှတ်ပြုလက်မှတ်ရရှိဖို့ လုပ်ဆောင်နေတဲ့ တောင်သူဦးကြီးတွေဆိုရင် စစ်ဆေးရေးအဖွဲက ကွင်းမှတ်တမ်းကို အဓိကထားပြီး စစ်ဆေးမှာဖြစ်တဲ့အတွက် ကွင်းမှတ်တမ်းထားရှိခြင်းက SRPအသိအမှတ်ပြုလက်မှတ်ရယူဖို့အတွက် မရှိမဖြစ် အထောက်အကူပြုမယ့်အရာဖြစ်တယ်ဆိုတာကို သိသိသာသာမြင်သာစေလာနိုင်ပါတယ်
- မှတ်တမ်းမှတ်ရာထားရှိရာမှာ တိတိကျကျ၊မှန်မှန်ကန်ကန်နဲ့ ပုံမှန်မှတ်တမ်းတင်ထားဖို့ အထူးအရေးကြီးပါသည်။
- SRPအသိအမှတ်ပြုလက်မှတ်ကို ရယူဖို့အတွက် ဆိုရင် SRPစံနှုန်းနဲ့ပတ်သက်တဲ့ သင်တန်းတွေမဖြစ်မနေတက်ရောက်ဖို့၊ သတင်းအချက်အလက်တွေ စုဆောင်းဖို့လိုအပ်သလို လေ့လာမှတ်သားထားတဲ့အချက်အလက်တွေကိုလည်း လက်တွေ့အသုံးချဖို့လိုပါတယ်
အောက်က ဗီဒီယိုလေးကတော့ SRPအသိအမှတ်ပြုလက်မှတ်ကို ရယူဖို့အတွက် လိုအပ်တဲ့အခြေခံအချက်အလက်တွေအကြောင်းကို အသေးစိတ်ရှင်းပြပေးထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ လေ့လာကြည့်ပေးကြပါဦးရှင်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
နည်းပညာမိတ်ဖက်အဖွဲ့
Helvetas မြန်မာ
Helvetas သည် ဆွစ်ဇာလန်နိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့တွင် မှတ်ပုံတင်ထားရှိပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတိုက်များရှိဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၃၀) တွင် လုပ်ကိုင်လျက်ရှိပါသည်။ Helvetas အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ လူမှုအကျိုးပြုစီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကနဦး လုပ်ဆောင်မှုအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသများတွင် စိုက်ပျိုးရေးနှင့် ကျေးလက် ပြည်သူများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊အသက်မွေးမြူရေးဆိုင်ရာ အခန်းကဏ္ဍများ၌ အလေးပေးဆောင် ရွက်ခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့ရှိ သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မုတ္တမပင်လယ်ကွေ့၏ တမူထူးခြားသော ဇီဝမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်ဖွံ့ ဖြိုးလာစေရန်ဆောင်ရွက်လျက်ရှိပြီး ယင်းတို့ကို အမှီပြုလျက်ရှိသော လူသားမျိုးနွယ်စုကို အကျိုးပြုရန် ရည်ရွယ်၍ မုတ္တမပင်လယ်ကွေ့ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါဝင်သည့် ရပ်ရွာအခြေပြုကမ်းရိုးတန်းစီမံခန့်ခွဲမှု စီမံချက်ကိုဆောင်ရွက်လျက်ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026