သီးနှံပင်အကြိုက် ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်
သီးနှံပင်တွေမှာ ရေ၊ မြေသြဇာ၊ အာဟာရ၊ အလင်းရောင်စသော အဓိကပင်မအကြောင်းအရာများ လိုအပ်ပါသည်။
ထို့ကြောင့် သာမန်အခြေအနေမျိုးမဟုတ်သော ပတ်ဝန်းကျင်ဖိအားများဖြစ်သည့် ရေဝပ်၊ မိုးခေါင်၊ မြေပူ၊ ရေပူ၊ ရေငတ်၊ မြေကြပ် အခြေအနေများတွင် ပုံမှန်အပင်ကြီးထွားဖို့ မဖြစ်နိုင်သည့်အတွက် ကျွေးလိုက်တဲ့မြေသြဇာကို မစားနိုင်တဲ့အတွက် အပင်ဇီဝလှုံ့ဆော်ပစ္စည်း လိုအပ်သည်။
အပင်ဇီဝလှုံ့ဆော်ပစ္စည်းဆိုတာ ဘာလဲ? (Plant biostimulants)
- အမိုင်နိုအက်ဆစ်၊ ဟူးမစ်အက်ဆစ်၊ ဖူးလ်ဗစ်အက်ဆစ်၊ ပင်လယ်ရေညှိ၊ ရိုင်ဇိုဘီယံ၊ အောက်ဇဲလစ်အက်ဆစ်၊ ဟိုက်ဒြိုဂျင် ပါရောက်ဆိုဒ် စသည့်ဓာတ်ပစ္စည်းတွေကို ခေါ်သည်။
ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်ဆိုတာ ဘာလဲ?
H2O2လို့ခေါ်သည့် ဟိုက်ဒြိုဂျင် အက်တမ်၂လုံး၊ အောက်ဆီဂျင်အက်တမ် ၂ လုံးပါဝင်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းသန့်စင်ဆေးရည်တစ်မျိုးပါ။အရောင်၊ အနံ့၊ မရှိသောဆေးရည်ဖြစ်ပါသည်။
စိုက်ပျိုးရေးအတွက်ဘယ်လိုအသုံးဝင်သလဲ?
ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်သည် အနာသန့်ဆေး၊ ခန္ဓာကိုယ်သန့်စင်ဆေး၊ မှန်ကြည်ဆေးအတွက်သာအသုံးဝင်သည်လို့ သိထားကြပေမယ့်စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးဝင်ကြောင်း သိသူနည်းပါးပါသေးသည်။
ဟိုက်ဒရိုဂျင်ပါရောင်ဆိုဒ် အာနိသင်များ
ဆေးခန်းသုံးပစ္စည်းမှသည် ယခုအခါ စိုက်ပျိုးရေးသုံးပစ္စည်းဖြစ်လာခဲ့ခြင်းဖြစ်သည်။
အပင်အတွက် အကျိုးပြုပုံများမှာ
အပင်ခါးရိ၊ အမြစ်ပုပ်ရောဂါကာကွယ်ခြင်း
အကြောင်းကြောင်းကြောင့် ရေဝပ်ခြင်း၊ မြေကြပ်ခြင်းစသော သီးနှံပင်အမြစ်ဇုံ အောက်ဆီဂျင်ပြတ်ခြင်း (anaerobic respiration)ဖြစ်စဥ်မှာ အမြစ်များ အသက်မရှူနိုင်သဖြင့် အပင်ညှိုးခြင်း၊ အမြစ်ပုပ်ခြင်းဖြစ်စေပါသည်။ ထိုအချိန်တွင် ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်ကို အသုံးပြုခြင်းဖြင့် မြေတွင်းအောက်ဆီဂျင်လည်ပတ်မှုကို ထောက်ပံ့စေပြီး အမြစ်ပုပ်ရောဂါများကိုကာကွယ်စေသည်။
အသုံးပြုပုံ။ ။ရေ၁ဂါလံကို ဆေး ၂၀ စီစီနှုန်းရေဖျော်ဖျန်းပါ။
ပိုးမွှားများကို ကာကွယ်ပေးခြင်း
ငရုတ်၊ သခွား၊ စပျစ် စသော ဟင်းသီး/ရွက် သစ်သီးဝလံစိုက်ခင်းများတွင် ပျ၊ ဖြုတ်၊ လှေး၊ ယင်ဖြူ၊ မွှားပင့်ကူများကျရောက်ပြီး အပင်ကြီးထွားမှုနှေးခြင်း၊ အသီးအပွင့်မတင်ခြင်းများဖြစ်လေ့ရှိသည်။
ယင်းအခြေအနေတွင် ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်သည် ပိုးမွှားများကို ဖယ်ရှားနိုင်ခြင်း၊ အပင်၏ ဇီဝကမ္မကို ပံ့ပိုးပေးခြင်းကြောင့် ပိုးသတ်ဆေး ai များ၏အာနိသင်ကို ထိရောက်စေပါတယ်။
မြေဆီလွှာကောင်းမွန်စေခြင်း
ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်ကို ရေ၁ဂါလံ/ဆေး၅၀စီစီ ဖြင့် မြေကြီးကိုဖျန်းပေးခြင်းဖြင့် မြေဆီလွှာ အာဟာရကောင်းမွန်စေပါတယ်။ အမြစ် ဖွဲ့စည်းပုံကောင်းမွန်ပြီး အပင်အစာစားအားကောင်းစေကာ အာဟာရချို့တဲ့မှုကို ကုသပေးသည်။

# အကြံပြုတင်ပြချက်
ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်သည် အပင်အတွက်/မြေကြီးအတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးအာနိသင်များစွာရှိသည့်အပြင် အိမ်တွင်းအလှဆင် ပန်းပင်များ၊ တန်ဖိုးမြင့် အလှစိုက်ပင်များ၊ သစ်သီးဝလံဥယျာဥ်ခြံများတွင် မဖြစ်မနေ သုံးသင့်သော အပင်ဇီဝလှုံ့ဆော်ပစ္စည်း(Plant biostimulants)ဖြစ်သည်။
ဓာတ်မြေသြဇာလျှော့ချသုံးစွဲနိုင်ခြင်း၊ အပင်အာဟာရအတွက် အထောက်အကူဖြစ်ခြင်း သီးနှံအထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်စေခြင်း စတဲ့ကောင်းကျိုးတွေအမှန်တကယ်ရရှိစေနိုင်သည်မှာ လက်တွေ့ဖြစ်သည်။
ထို့ကြောင့် မြစ်သားမြို့နယ်၊ ငရုတ်စိုက်တောင်သူကြီး၊ ကိုမြင့်ထွန်းဦးရဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ် သုံးစွဲပုံကိုတင်ပြရင်းနဲ့ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။
ကျနော့်နာမည် မြင့်ထွန်းဦးပါ။ မြစ်သားမြို့က ငရုတ်စိုက်တောင်သူပါ။
ငရုတ်ရွက်သေးထိုး လက္ခဏာတွေ့လာချိန်နဲ့ လှေး၊ မွှားတွေ ကျလာရင် ဒီနည်းကိုသုံးဖြစ်ပါတယ်။
HydrogenPeroxide (ပြင်ပဆေးကြောသန့်စင်ဆေးရည်)ကို ဆေး၁ ပုံး ၁ ဗူးနှုန်းထည့်ပြီး ၂ ရက်ဆက်ဖျန်းပေးပါ။ ကျွန်တော်စမ်းသပ်ပြီးပါပြီဗျ။ ဆိုးကျိုးမရှိဘဲ ကောင်းကျိုးတွေရပါတယ်။
ဒီဆေးရည်နဲ့ ၂ ရက်ဆက်၀င်အရင်ဖျန်းပြီးတာနဲ့ ပိုးသတ်ဆေး စသုံးလို့ရပါပြီ။
မိတ်ဆွေရဲ့ စိုက်ခင်းက "လှေး"/မွှားကျနေရင်
အဘာမက်+ကလိုဖီနာပြား/အဘာမက်တင်+စပိုင်နိုတီရမ် စတာတွေနဲ့ ၂ ကြိမ်လောက်ကို 3/4ရက်ခြားပြီးဖျန်းကြည့်ပါ။ကောင်းကောင်းနိုင်ပါတယ်။ အဘာမက်တင်အစား ပရိုဖီနိုဖော့စ်နဲ့ လူဖန်ညူရမ် စတာတွေနဲ့လည်း ရောလို့ရပါတယ်။
စိုက်ခင်းက "ပျ" ကျနေရင်
အပေါ်ကပြောထားသလို ရေနဲ့ Hydrogen peroxide အရည်နဲ့ ဆေးချပြီးမှသာ အဘာမက်တင်+ အင်မီဒါကလိုပရစ် သုံးကြည့်ပါ။
ဘာလို့အဲ့လိုလုပ်ရသလဲဆိုရင် ထူနေတဲ့ပိုးတွေကိုရေနဲ့ဆေးချပြစ်သလို အပင်ကိုလည်း အအေးဓာတ်ရသွားစေပြီး ခုခံစွမ်းအားတက်လာစေလို့ပါ။ အောက်ကအစိုဓာတ်ကောပေးမှာဆိုတော့ အပင်ရဲ့လုပ်ငန်းစဉ်စလုပ်စေနိုင်ပါတယ်။ အအေးဓာတ်လေးအပင်မှာရှိလာပြီဆိုရင် ပိုးစုပ်မှုတွေကလည်းနည်းသွားသလို/ ရေဆေးလိုက်တဲ့အခါရေကြောင့်ပြုတ်ကျသေဆုံးမှုကြောင့် ၅၀%လောက် လျော့သွားစေနိုင်ပါလိမ့်မယ်။ ပြီးမှ ပိုးသတ်ဆေးလိုက်ဖျန်းလိုက်တော့ ပိုထိရောက်သွားတာပေါ့...
အားလုံးအဆင်ပြေကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
khun wai yan htet
လွန်ခဲ့သော ၁ နှစ် က@U Khun Yan Htet:ကယ်လ်ဘိုစူပါ ထဲက Ca MG B ကို အသီးအပွင့်ချိန်မဟုဘဲ အခြားအဟာရဓာတ်ကောင်းစုပ်ယူနိုင်ဖို့ အပင်အစောပိုင်း ပင်ပိုင်းကြီးထွားမှုချိန်သုံးလို့ရလားဆရာ ကျေးဇူးပြုပြီး🙏
Wai Min Myat
လွန်ခဲ့သော ၁ နှစ် ကဧည့်ဗျကလာ
ဒို့ဦးလေး
လွန်ခဲ့သော ၁ နှစ် ကရေဖျော်ပြီး အပင်ခြေလောင်းရင်လဲရတယ်လေ။
ကိုထွေးကို
လွန်ခဲ့သော ၁ နှစ် ကဆရာ ရေဖျော်လောင်းရင်ယေားရလားဗျ
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Thar Po
အားလုံး