အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၃) ရေအသုံးချခြင်း

ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၃) ရေအသုံးချခြင်း

      ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၂) ရာသီအကြိုပြင်ဆင်မှုအကြောင်းကို ပြီးခဲ့တဲ့အပတ်က ပြောပြပြီးပြီဆိုတော့ ခုတစ်ပတ်မှာတော့ ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများရဲ့ တတိယပိုင်းဖြစ်တဲ့ ရေကိုစနစ်တကျ ဘယ်လိုသုံးစွဲရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ 'ရေအသုံးချခြင်း' ဆိုတဲ့ အကြောင်းကို ပြောပြပေးသွားပါမယ်

      ရေရဲ့ အရေးကြီးပုံကို နွေရာသီရောက်လာတဲ့အခါ ပိုပြီး သိသိသာသာမြင်လာရတယ် မဟုတ်ပါလား

      စပါးစိုက်ပျိုးရာမှာ ရေကို ကောင်းမွန်စွာ စီမံခန့်ခွဲမှုက ရေအလဟသ ဆုံးဆုံးမှုကို လျော့ချပေးတဲ့အတွက် ဖန်လုံအိမ်ဓါတ်ငွေ့ကိုလည်း သိသာစွာ လျှော့ချပေးနိုင်ပါတယ် 

ဒီVideo ကနေ

- ဆန်(၁)ကီလို သို့မဟုတ် (၆၀)သားထွက်ရှိလာဖို့အတွက်  ရေဘယ်လောက်သုံးရပါသလဲ

-  စပါးစိုက်ခင်းတွေမှာ ရေကို မပြတ်တမ်း  အမြဲလွှမ်းထားတဲ့အခါ ဘာတွေဖြစ်လာမလဲ 

- မြေကို လေရှုစေခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ 

ဒါတွေနဲ့အတူ 

    (၁) ရေအသုံးချမှုအတွက် လိုအပ်သော SRP စံချိန်စံညွှန်းမှာ ပါဝင်တဲ့ နံပါတ်(၁)အချက်ဖြစ်တဲ့ ရေစီမံခန့်ခွဲမှု အကြောင်းကို လေ့လာခြင်းအားဖြင့် မိုးရေအတွက် စိုက်ပျိုးနည်းစနစ်၊ ရေလွှမ်းမိုးတတ်သော နေရာများတွင် ရေသွင်းနည်းစနစ်၊ ရေမလွှမ်းမိုးသော နေရာများတွင် ရေသွင်းခြင်း စတဲ့ အကြောင်းအရာတွေနဲ့ တောင်သူဦးကြီးတို့ရဲ့ ရေသွင်းစိုက်စနစ်က ဘယ်အမျိုးအစားထဲမှာ ပါဝင်နေလဲဆိုတာတွေကို  အချက်ကျကျ သိရှိနိုင်ပါတယ်

   (၂) စိုတစ်လှည့် ခြောက်တစ်လှည့်စိုက်ပျိုးသော စနစ် (AWD)နှင့် ဒီစနစ်ကို လက်တွေ့အသုံးပြုကျင့်သုံးခြင်းကြောင့် အထွက်နှန်း (၂)ဆထွက်နိုင်ကြောင်းနဲ့ ဘာကြောင့် ဒီစနစ်ကို ကျင့်သုံးသင့်လဲဆိုတာတွေကို အသေးစိတ် ပြောပြပေးထားပါတယ်

    (၃) ကျေးရွာအုပ်စုအဆင့် ရေသွင်းစနစ်၊ စိုက်ပျိုးရေရဲ့ အရည်အသွေးကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ၊ ကိုယ်ပိုင်တွင်းရေကို အသုံးပြုပြီးစိုက်ပျိုးနေတဲ့ တောင်သူတွေအတွက် မြေအောက်ရေစစ်ထုတ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးတရားတွေ၊ ရေများလို့ပဲဖြစ်ဖြစ် ပိုးမွှားရောဂါကြောင့်ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် ရေထုတ်တော့မယ်ဆိုရင် လိုက်နာရမည့် SRPစနစ်ကအချက်တွေ စတဲ့ အကြောင်းအရာအတော်များများကို လေ့လာမှတ်သားရမှာပါ။ 

        ကောင်းမွန်တဲ့ ရေစီမံခန့်ခွဲမှုဟာ သွင်းအားစုတွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ အထောက်အကူပေးသလို ဖန်လုံအိမ်ဓါတ်ငွေ့ (သို့မဟုတ်) အပူငွေ့တွေကို သိသိသာသာ လျှော့ချပေးနိုင်တဲ့ အဓိက အချက်တစ်ခုဖြစ်ပါတယ်နော်

        တောင်သူဦးကြီးတွေအနေနဲ့လည်း မိမိတို့ရဲ့ စိုက်ခင်းက ဘယ်လိုရေအသုံးချ စိုက်ပျိုးနည်းစနစ်ထဲမှာပါသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ထားဖို့အတွက် ဒီ videoကို ကြည့်ရှု့နားဆင် မှတ်သားသင့်ပါတယ်။  လေ့လာကြည့်ပေးကြပါဦးရှင်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
ညီညီ

ညီညီ

လွန်ခဲ့သော ၅ နှစ် က

စပါးစိုက်ပျိုးရန် ချိန်တွက်၍မရနိုင်သော ရေပေးသွင်းခြင်း နည်းလမ်းများမှာ စက်ရေတင်စနစ်ဖြင့် စိုက်ပျိုးရန် ချိန်ဆတွက်ချက်၍ မရနိုင်ခြင်း၊ရေအစက်ချစနစ်ဖြင့် စိုက်ပျိုးရန် ချိန်ဆ၍မရနိုင်သေးခြင်း၊ ဆည်မြောင်းတာတမံမရှိသော ဒေသများ၌ နွေစပါးရေသွင်းစနစ်ကို ချိန်ဆ၍ မရနိုင်သေးခြင်းတို့ဖြစ်ပါတယ်။ စပါးပိုမိုဖြစ်ထွန်းမြင့်မားလာရန် အဖြစ်နိုင်ဆုံးနည်းလမ်းများမှာ ဒေသအလိုက် အရည်သွေးပြည့်မှီသော မျိုးသန့်စပါးဖြစ်ထွန်းလာအောင်ဆောင်ရွက်ခြင်း၊ဒေသအလိုက် အထူးပြုစုနေခြင်းဖြင့် မြေယာအခင်းအကျင်းကောင်းမွန်သော စိုက်ပျိုးဧရိယာများ ပိုမိုလာအောင်ဆောင်ရွက်ခြင်း၊စနစ်တကျ ရာသီခွင်ကျစိုက်ပျိုးနိုင်ရန် ဆွေးနွေးအတည်ပြုစိုက်ပျိုးခြင်း၊ပိုမိုကောင်းမွန်သော ရေသွင်းရေထုပ်စနစ်များဖြစ်လာရန် မြေပြင်ကွင်းဆင်းဆန်းစစ်အတည်ပြုချက်များကို မှတ်တမ်းထားရှိစိုက်ပျိုးခြင်း၊သဘာဝမြေပြင်အနေအထားများကို အနုစိပ်မှတ်တမ်းပြု၍ စိုက်ပျိုးခင်းကျင်းနိုင်ရန် ဒေသအလိုက် ဆွေးနွေးစုဖွဲ့ စိုက်ပျိုးခြင်းတို့ပဲဖြစ်ပါတယ်။

You
Helvetas မြန်မာ

နည်းပညာမိတ်ဖက်အဖွဲ့

Helvetas မြန်မာ

Helvetas  သည် ဆွစ်ဇာလန်နိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့တွင် မှတ်ပုံတင်ထားရှိပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတိုက်များရှိဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၃၀) တွင် လုပ်ကိုင်လျက်ရှိပါသည်။ Helvetas အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ  လူမှုအကျိုးပြုစီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကနဦး လုပ်ဆောင်မှုအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသများတွင်  စိုက်ပျိုးရေးနှင့် ကျေးလက် ပြည်သူများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊အသက်မွေးမြူရေးဆိုင်ရာ အခန်းကဏ္ဍများ၌ အလေးပေးဆောင် ရွက်ခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့ရှိ သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မုတ္တမပင်လယ်ကွေ့၏ တမူထူးခြားသော ဇီဝမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်ဖွံ့ ဖြိုးလာစေရန်ဆောင်ရွက်လျက်ရှိပြီး ယင်းတို့ကို အမှီပြုလျက်ရှိသော လူသားမျိုးနွယ်စုကို အကျိုးပြုရန် ရည်ရွယ်၍ မုတ္တမပင်လယ်ကွေ့ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါဝင်သည့် ရပ်ရွာအခြေပြုကမ်းရိုးတန်းစီမံခန့်ခွဲမှု စီမံချက်ကိုဆောင်ရွက်လျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။