အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ

တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ

Thein Soe Min
Thein Soe Min • 21/08/2026

မိတ်ဆွေပိုးတွေကို စိုက်ခင်းမှာကျတဲ့ ဖျက်ပိုးတွေကို စားသောက်ဖျက်ဆီးပေးတယ်ဆိုတာကိုပဲ အဓိက မြင်မိကြမှာပါ။ AskNature ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ပုစဉ်းရင်ကွဲ (Cicada) တွေရဲ့ အကြောင်းဟာ သဘာဝတရားရဲ့ အံ့မခန်း စွမ်းရည်တစ်ခုကို ပြသနေပါတယ်။ ပုစဉ်းရင်ကွဲတွေရဲ့ တောင်ပံတွေဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဓာတုဆေးဝါးတွေ လုံးဝမသုံးဘဲ သေစေနိုင်ပါတယ်။ သူတို့ရဲ့ တောင်ပံမျက်နှာပြင်မှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ နာနိုတိုင်လေး ဆူးလေးတွေ (Nanopillars) ထောင်ပေါင်းများစွာ ရှိနေပါတယ်။ ဘက်တီးရီးယားတွေဟာ အဲဒီတောင်ပံပေါ်ကို ကျရောက်လာတဲ့အခါ၊ ဒီဆူးချွန်ပုံစံ နာနိုတိုင်လေးတွေက ဘက်တီးရီးယားရဲ့ ဆဲလ်အမြှေးပါး (အရေပြား)ကို အတင်းဆွဲဆန့်လိုက်ပြီး ပူဖောင်းတစ်လုံး ပေါက်ကွဲသွားသလိုမျိုး စုတ်ပြဲပျက်စီးသွားစေပါတယ်။ ဒါဟာ ဓာတုပစ္စည်းမပါဘဲ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံသက်သက်နဲ့ ရောဂါပိုးတွေကို အလိုအလျောက် နှိမ်နင်းတဲ့ သဘာဝတရားရဲ့ အဆင့်မြင့်နည်းပညာတစ်ခု ဖြစ်ပါတယ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သဘာဝတရားကြီးဟာ ပြင်ပရန်သူတွေကို ဘယ်လိုဟန့်တားရမလဲဆိုတဲ့ "သဘာဝကာကွယ်ရေးစနစ်" ကို အကောင်းဆုံး ပိုင်ဆိုင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီသဘောတရားကို အခြေခံပြီး တောင်သူဦးကြီးတွေအနေနဲ့ "ဂေဟစနစ်စိုက်ပျိုးရေး (Agroecology)" ကို ဘာကြောင့် တန်ဖိုးထားသင့်သလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

ဂေဟစနစ်စိုက်ပျိုးရေးဆိုတာ သဘာဝတရားရဲ့ လုပ်ဆောင်ပုံတွေကို နားလည်ပြီး သဘာဝနဲ့ သဟဇာတဖြစ်အောင် စိုက်ပျိုးတဲ့ စနစ်ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ တောင်သူအများစုဟာ ပိုးမွှားတွေကို နှိမ်နင်းဖို့ ဓာတုပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲနေကြပါတယ်။ သို့သော် ဓာတုဆေးတွေဟာ မြေဆီလွှာကို ပျက်စီးစေရုံသာမက လူရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။

ပုစဉ်းရင်ကွဲတောင်ပံတွေလိုပဲ သဘာဝပတ်ဝန်းကျင်မှာ ဓာတုဆေးမလိုဘဲ စိုက်ခင်းဖျက်ပိုးတွေကို သဘာဝအတိုင်း ထိန်းချုပ်ပေးနိုင်တဲ့ စနစ်တွေ အများကြီးရှိပါတယ်။ ဓာတုဆေးသုံးတိုင်းမှာ မိတ်ဆွေအရေအတွက် ဘယ်လောက်လျော့သွားနိုင်မလဲဆိုတာ သတိရမိပြီး မလိုအပ်ဘဲ သုံးစွဲတာမျိုး ရှောင်ရှားစေလိုပါတယ်ဗျ။

ပုစဉ်းရင်ကွဲလေးက ရင်ကွဲလောက်မယ့် ခပ်စွာစွာအသံလေးကို ပိုင်ဆိုင်ထားပေမယ့် တောင်သူတွေ ရင်မကွဲအောင် ကူညီပေးနေပါတယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ဂေဟစနစ်

ဂေဟစနစ်

KoKo Naing DOF

KoKo Naing DOF

လွန်ခဲ့သော ၃ ပတ် က

အသိပညာဗဟုသုတများစွာရရှိစေပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 1 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။