၅၄ နှစ်မြောက် ကမ္ဘာမြေနေ့
🌏 ဒီနေ့ဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တိုင် လက်မှတ်ထိုးခွင့်ပြုပေးခဲ့တဲ့ ကမ္ဘာမြေနေ့ပါ။
ဒီတော့ "မင်္ဂလာနှစ်ပတ်လည်နေ့ပါ ကမ္ဘာမြေကြီးရေ” လို့ Green Way က နှုတ်ခွန်းဆက်လိုက်ပါတယ်..။
🌿 သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး၊ ဂေဟစနစ်ကြီးပျက်စီးနေတာကို ကုစားရေးနဲ့ ပိုပြီးတော့ ကြာရှည်ရှင်သန်နိုင်ရေး စတဲ့ရည်ရွယ်ချက်တွေနဲ့အတူ ကမ္ဘာမြေနေ့ကို ဦးသန့်လက်ထက် ၁၉၇၀ ခုနှစ် ဧပြီ ၂၂ မှာ စတင်ကျင်းပခဲ့တာမို့ ခုဆို ၅၄ နှစ်မြောက် ရှိနေပါပြီ..။
လူတွေအတွက်ဆိုရင် သစ်ပင်တွေကို ထမ်းပိုးပေးထားရတဲ့ကမ္ဘာမြေကြီး၊ ပင်လယ်သမုဒ္ဒရာတွေကို ရင်ခွင်ပိုက်ပေးထားတဲ့ကမ္ဘာမြေကြီး၊ ပန်းပွင့်တွေ လန်းစွင့်စေဖို့ နှလုံးသားနို့ရည်တွေ တိုက်ကျွေးပေးနေတဲ့ ကမ္ဘာမြေကြီး..။
အဲ့ဒီ ကမ္ဘာမြေကြီးဟာ အခုဆိုရင် လူတွေရဲ့ ဂရုမစိုက် ပစ်ပယ်မှုတွေကြောင့်ပဲ နာမကျန်းဖြစ်နေတဲ့ လက္ခဏာတွေကို ကျန်းမာရေးဖောက်ပြန်မှုတွေနဲ့အတူ ညှင်းသွဲ့သွဲ့ ပြနေတာ ကြာပြီပေါ့..။
🌿 ဒီတော့ ဒီနှစ်ကမ္ဘာမြေနေ့ကစလို့ ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးကို ပြန်လည်ပြုစုလိုက်ကြရအောင်လားရှင်..။
ဒီအတွက် ကျွန်မတို့တွေ ပါဝါရိန်းဂျားတွေလို အစွမ်းထက်ဖို့ မလိုပါဘူး။ ပလတ်စတစ်သုံးစွဲမှုတွေ လျှော့ကြမယ်။ ဓာတုဆေးဝါးတွေ အလွန်အကျွံသုံးတာကို လျှော့ကြမယ်။ ရေချိုတွေကို အလဟဿမဖြစ်အောင် ဂရုစိုက်သုံးကြမယ်။ အထူးသဖြင့်..သူချစ်တဲ့အပင်လေးတွေနဲ့ ကမ္ဘာကြီးကို ပြန်ပြီး အလှဆင်ပေးကြမယ်..။ စသဖြင့်..စသဖြင့်.. တနိုင်တပိုင်လေးတွေနဲ့ ပြုစု ကုသပေးရုံပါပဲ..။
🌿 အစိမ်းရောင်လမ်းရဲ့ ဦးကြီးတွေကတော့ သစ်ပင်လေးတွေကို ချစ်ပြီးသားမို့ အထွေအထူးပြောစရာလိုမယ်မထင်ပါဘူးနော်..။
သစ်ပင်လေးတွေစိုက်ပျိုးတာက အရိပ်ရတဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ပြီး အောက်စီဂျင်ကိုထုတ်ပေးတာမို့ ကိုယ့်ပတ်ဝန်းကျင်မှာ များများစိုက်ပျိုးလိုက်တာနဲ့ ကမ္ဘာမြေကြီးကို သာမက လူသားတွေကိုပါ သက်ရှည်ကျန်းမာလက်ဆောင်တွေ ပေးလိုက်တာနဲ့ တူတူပါပဲရှင်..။
ဒီတော့.. အို..ကမ္ဘာမြေကြီး..။
၅၄ နှစ်မြောက် ကမ္ဘာမြေနေ့ကစလို့ သင့်ကို ကျွန်မတို့ချစ်ခင်ခြင်းတွေနဲ့ စောင့်ရှောက်ပေးပါ့မယ်..။
စိမ်းမြလန်းဆန်းမှုတွေနဲ့ သက်ရှည်ကျန်းမာပါစေရှင်..။

ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026