အရှေ့တောင်အာရှရဲ့ ရာသီဥတုပြောင်းလဲမှုကို ကူညီပေးမယ့် ရေတိမ်ဒေသနဲ့ ဒီရေတော
ဒီရေတောနဲ့ သစ်ဆွေးမြေများကဲ့သို့ ရေတိမ်ရေဝပ်ဒေသများကို ကာကွယ်ထိန်းသိမ်းထားခြင်းဟာ အရှေ့တောင်အာရှဒေသမှာ မြေယာအသုံးပြုမှုကနေ ထွက်ရှိလာတဲ့ ကာဗွန်ထုတ်လွှတ်မှုရဲ့ ထက်ဝက်ကျော်ကို လျှော့ချပေးနိုင်လို့တယ်ဆိုပေမဲ့ စိန်ခေါ်မှုအချို့ကတော့ ကျန်ရှိနေဆဲပါ။
သစ်ဆွေးမြေနဲ့ ဒီရေတောတွေကို ကာကွယ်ထိန်းသိမ်းထားခြင်းဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရာသီဥတုပြောင်းလဲလာမှုကို တိုက်ဖျက်ဖို့ရာ ကြိုးပမ်းအားထုတ်မှုတွေကို ပိုမိုအားကောင်းစေနိုင်ကြောင်း နိုင်ငံတကာသုတေသီအဖွဲ့များရဲ့ တွေ့ရှိချက်အသစ်အရ သိရှိရပါတယ်။
ကာဗွန်သိပ်သည်းဆများတဲ့ သစ်ဆွေးမြေတွေနဲ့ ဒီရေတောတွေဟာ အရှေ့တောင်အာရှဒေသရဲ့ ဧရိယာထဲမှာ ၅ ရာခိုင်နှုန်းသာ ပါဝင်တာပါ။ သို့ပေမဲ့လည်း ၎င်းတို့ကို ကာကွယ်ခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းတို့ဟာ 770±97 မီဂါတန် (megatonnes) နဲ့ ညီမျှတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ (MtCO2e) ကို နှစ်စဉ်လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းပမာဏဟာ အရှေ့တောင်အာရှဒေသတွင်း မြေယာအသုံးပြုမှုကနေ ထွက်ရှိလာတဲ့ ကာဗွန်ထုတ်လွှတ်မှုရဲ့ ပမာဏထက်ဝက်ကျော်နဲ့ ညီမျှတာလည်း ဖြစ်ပါတယ်။
သစ်ဆွေးမြေနဲ့ ဒီရေတောတွေကို ထိန်းသိမ်းထားခြင်းဟာ ပြန်လည်ထူထောင်ခြင်းကနေ ရရှိလာမဲ့အကျိုးအမြတ်တွေနဲ့ နှိုင်းယှဉ်လိုက်ပါက ဒေသတွင်းရှိ ဂေဟစနစ်ဆုံးရှုံးမှုကနေ ထွက်ပေါ်လာမဲ့ ကာဗွန်ထုတ်လွှတ်မှုများကို လျှော့ချပေးခြင်းဖြင့် ပိုမိုကြီးမားသော ရာသီဥတုဆိုင်ရာ လျော့ပါးသက်သာစေရေး အလားအလာများကို ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။
ရာသီဥတုဆိုင်ရာ ကတိကဝတ်အသစ်မှာ ပါဝင်သော သစ်ဆွေးမြေနဲ့ ဒီရေတောများ (နိုင်ငံအလိုက် သတ်မှတ်ထားသော ပံ့ပိုးကူညီမှုများ 3.0 သို့မဟုတ် NDCs) ဟာ နိုင်ငံများအား ၂၀၃၀ မှ ၂၀၃၅ အတွင်း ပိုမိုမြင့်မားသော ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက်များ ချမှတ်ရာမှာ ကူညီပေးနိုင်မှာလည်း ဖြစ်ပါတယ်။
အဆိုပါလေ့လာမှုဟာဆိုရင် သစ်ဆွေးမြေနဲ့ ဒီရေတောများကို ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကနေ ရရှိလာမဲ့ များပြားလှသော ရာသီဥတုဆိုင်ရာ အကျိုးကျေးဇူးများကို အစီရင်ခံ ဖော်ပြထားတာဖြစ်ပါတယ်။ ထို့ကြောင့် သုတေသီတွေဟာ အရှေ့တောင်အာရှ နိုင်ငံများအတွက် ထိရောက်တဲ့ ရာသီဥတုဆိုင်ရာ သဘာဝဖြေရှင်းနည်းများကို ဖော်ထုတ်လာကြတာလည်း ဖြစ်ပါတယ်။
သစ်ဆွေးမြေနဲ့ ဒီရေတောကဲ့သို့ ဂေဟစနစ်နှစ်ခုစလုံးဟာ သဘာဝအခြေအနေများအောက်မှာ အော်ဂဲနစ်ဒြပ်စင်များ ဆွေးမြည့်ပျက်စီးခြင်းကနေ ကာကွယ်ပေးထားပြီး အသားတင် ကာဗွန်စုပ်ယူတဲ့ အရာများအဖြစ်နဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီဂေဟစနစ်တွေရဲ့ ကာဗွန်စုပ်ယူမှုဟာ ကာဗွန်ဆုံးရှုံး (ထုတ်လွှတ်) မှုထက်ကို များပြားနေတာ ဖြစ်ပါတယ်။
ဒီဂေဟစနစ်တွေရဲ့ အသားတင်ကာဗွန်ရရှိမှုဟာ အပင်တွေအစား ၎င်းတို့ရဲ့ မြေဆီလွှာထဲမှာ အဓိက စုဆောင်းထားတာ ဖြစ်ပါတယ်။ သစ်ဆွေးမြေတွေမှာဆိုရင် ကာဗွန်သိုလှောင်မှု ၉၀ ရာခိုင်နှုန်းကျော် ဒီရေတောတွေမှာတော့ ၇၈ ရာခိုင်နှုန်းဟာ ၎င်းတို့ရဲ့ မြေဆီလွှာတွေထဲမှာ ရှိနေကြတာဖြစ်ပါတယ်။
အတိုင်းအတာအရပြောရရင် ရေတိမ်ဒေသ နှစ်မျိုးလုံးကို ကာကွယ်ခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းတို့ဟာ အခြားသော အဖိုးတန်အကျိုးကျေးဇူးများကိုပါ ပူးတွဲပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ အကျိုးကျေးဇူးတွေကတော့ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းပေးခြင်း၊ ရေ အရည်အသွေး မြှင့်တင်ပေးခြင်း၊ ကမ်းရိုးတန်းဒေသအား ကာကွယ်ပေးခြင်း၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ အရှေ့တောင်အာရှ ဒေသတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော ကမ်းရိုးတန်းနေ ပြည်သူများအတွက် ကျေးလက်ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်တာဖြစ်ပါတယ်။
အဆိုပါ ဂေဟစနစ်တွေမှာ အကျိုးကျေးဇူးများရှိနေသလို သစ်ဆွေးမြေနဲ့ ဒီရေတောများကို ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့မှာ စိန်ခေါ်မှုများနဲ့ ဆုံးရှုံးမှုများကလည်း ဆက်လက်ရှိနေဆဲပါ။
အများအားဖြင့် မြေယာအသုံးချမှုများကြောင့် သစ်ဆွေးမြေနဲ့ ဒီရေတောများ ထိခိုက်ပျက်စီးတဲ့အခါမှာ လေထုထဲကို ကာဗွန်ပမာဏအမြောက်အမြား ထုတ်လွှတ်ပါတယ်။ အဆိုပါ ကာဗွန်ထုတ်လွှတ်မှုများကြောင့် နောက်ပိုင်းမှာ ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားလာစေနိုင်တာ ဖြစ်ပါတယ်။

ခန့်မှန်းချက်အသစ်အရ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခု (၂၀၀၁ - ၂၀၂၂) အတွင်း မြေယာအသုံးပြုမှုပုံစံများ ပြောင်းလဲလာတာကြောင့် ကာဗွန်ပမာဏ 691±97 MtCO2e ခန့်ကို ပိုလျှံပြီးထုတ်လွှတ်ခဲ့ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ အကြီးမားဆုံးဒေသဖြစ်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၇၃ ရာခိုင်နှုန်း ရှိတာဖြစ်ပါတယ်။ သူ့နောက်မှာတော့ မလေးရှား (၁၄ ရာခိုင်နှုန်း)၊ မြန်မာ (၇ ရာခိုင်နှုန်း) နဲ့ ဗီယက်နမ် (၂ ရာခိုင်နှုန်း) တို့ ရှိနေကြပါတယ်။ အခြားအရှေ့တောင်အာရှနိုင်ငံ ခုနစ်ခုကတော့ ကျန်ရှိတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၄ ရာခိုင်နှုန်းကို အသီးသီးထုတ်လွှတ်ကြတာဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသမှာတော့ ဒီရေတောနဲ့ သစ်ဆွေးမြေတွေကို ဖြစ်ထွန်းမှုမရှိတဲ့ မြေတွေအဖြစ်နဲ့ သဘောထားလေ့ ရှိကြပါတယ်။ ထိုသို့ သဘောထားသည့်တိုင်အောင် ဒီရေတောနဲ့ သစ်ဆွေးမြေတွေမှာ စိုက်ပျိုးမြေ တိုးချဲ့ရေးစီမံချက်များကိုတော့ ကာလရှည်ကြာစွာ လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။
ထို့အပြင် ရှင်းလင်းမှုမရှိသော (သို့မဟုတ်) မြေယာအများအပြား ပိုင်ဆိုင်မှုနဲ့ ရေရှည် ပါဝင်စောင့်ကြည့်ရေး အစီအစဉ်များ မရှိခြင်းတို့ဟာလည်း လက်တွေ့မြေပြင်မှာ ပြန်လည်ထူထောင်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့နဲ့ အကောင်အထည် ဖော်ဖို့ရာအတွက် အရေးကြီးသော စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်။
အဆိုပါ စိန်ခေါ်မှုများကြားမှာပဲ သစ်ဆွေးမြေနဲ့ ဒီရေတောများရဲ့ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးကို အခြေခံတဲ့ ကာဗွန်ပရောဂျက်များ ဖော်ဆောင်ရာမှာ အစိုးရနဲ့ ကော်ပိုရိတ်များရဲ့ စိတ်ဝင်စားမှုကလည်း လျင်မြန်စွာတိုးလာနေတာ ဖြစ်ပါတယ်။ ထို့ကြောင့် ယခုအချိန်ဟာ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေးအတွက်သာမက လူနဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ ရေတိမ်ဒေသများရဲ့ အရေးကြီးသော အခန်းကဏ္ဍများကို အသိအမှတ်ပြုရန် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
လေ့လာမှုအသစ်ဟာဆိုရင် နှစ်စဉ် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး အလားအလာများကို ပံ့ပိုးပေးခြင်းဖြင့် အရှေ့တောင်အာရှဒေသအတွက် ရာသီဥတုဆိုင်ရာမူဝါဒမှာ အရေးကြီးသော ကွာဟချက်ကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဒေသဆိုင်ရာ မြေယာအသုံးချမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအတွက် ရာသီဥတုဆိုင်ရာ လျော့ပါးသက်သာရေး အလားအလာများဟာ နိုင်ငံများအကြားမှာတော့ ကျယ်ပြန့်စွာ ကွဲပြားမှု ရှိနိုင်ပါတယ်။
ရှာဖွေတွေ့ရှိချက်များအရ သစ်ဆွေးမြေနဲ့ ဒီရေတောတွေဟာ မြေယာအသုံးချမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို မလေးရှားနိုင်ငံမှာ ၈၈ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၆၄ ရာခိုင်နှုန်းနှင့် ဘရူနိုင်းတွင် ၆၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အခြားနိုင်ငံတွေမှာတော့ မြန်မာက ၃၉ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၂၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၁၈ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၁၃ ရာခိုင်နှုန်း၊ ထိုင်းက ၁၀ ရာခိုင်နှုန်း၊ လာအိုက ၉ ရာခိုင်နှုန်း၊ စင်ကာပူက ၂ ရာခိုင်နှုန်းနှင့် တီမောလက်စ်တီက ၀.၀၄ ရာခိုင်နှုန်း အသီးသီး လျော့ချပေးနိုင်တယ်လို့ တွေရှိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံရှိ သစ်ဆွေးမြေများနဲ့ ဒီရေတောများမှ ရာသီဥတုဆိုင်ရာ လျော့ပါးသက်သာစေရေး အလားအလာများဟာ နိုင်ငံရဲ့သစ်တောနဲ့ မြေယာအသုံးချမှု (FOLU) ဆိုင်ရာ ရည်မှန်းချက်များကို ၂၀၃၀ ခုနှစ်မှာ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း အဆိုပါလေ့လာမှုအရ သိရပါတယ်။
၂၀၂၂ ခုနှစ် နိုင်ငံအလိုက် သတ်မှတ်ထားသော ပံ့ပိုးကူညီမှုများ (NDCs) မှာ အင်ဒိုနီးရှားနိုင်ငံဟာ ပြင်ပပံ့ပိုးမှု အဆင့်ပေါ်မူတည်၍ FOLU မှ နှစ်စဉ် ကာဗွန်ထုတ်လွှတ်မှုများကို ၂၀၃၀ ခုနှစ်မှာ ၅၀၀ နဲ့ ၇၂၉ MtCO2e ပမာဏကြားသို့ လျှော့ချရန်စီစဉ်ထားတာ ဖြစ်ပါတယ်။ လေ့လာမှုအရ အဆိုပါ ကိန်းဂဏန်းပမာဏဟာ သစ်ဆွေးမြေများနဲ့ ဒီရေတောများကနေ စုပေါင်းပံ့ပိုးနိုင်တဲ့ ရာသီဥတုဆိုင်ရာ လျော့ပါးသက်သာစေရေး အလားအလာပမာဏနဲ့ တူညီနေတာလည်း ဖြစ်ပါတယ်။
သို့ပေမဲ့လည်း သစ်ဆွေးမြေနဲ့ ဒီရေတောတွေရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လျော့ပါးသက်သာရေး အလားအလာများဟာ အနာဂတ်မှာ ကြုံတွေ့ရမဲ့ အန္တရာယ်ရှိသော ရာသီဥတုပြောင်းလဲမှုတွေကို ရှောင်ရှားနိုင်ဖို့ရာတော့ လုံလောက်မှု မရှိသေးဘူးလို့ ဆိုရမှာပါ။
သစ်ဆွေးမြေနဲ့ ဒီရေတောများကို ကာကွယ်ထိန်းသိမ်းထားခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ၎င်း၏သက်ရောက်မှုများကို တားဆီးနိုင်ဖို့ရာ အထိရောက်ဆုံး နည်းလမ်းအဖြစ် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်များကို လျော့နည်းအောင်လုပ်ဆောင်ပေးတဲ့ လုပ်ငန်းစဉ်များကတော့ ဆက်လက်တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။
Ref:
https://www.thejakartapost.com/opinion/2025/02/05/peatlands-and-mangroves-are-key-to-southeast-asias-climate-efforts.html
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
U Saw
လွန်ခဲ့သော ၁ နှစ် ကဆောင်းပါး ခေါင်းစဉ်မှာ "ရာသီဥတုပြောင်းလဲမှုကို ကူညီပေးမယ့်" လို့ ရေးလိုက်တော့ "contributing to Climate Change" လို့ မရည်ရွယ်တဲ့ ပြောင်းပြန်အဓိပ္ပါယ်ကို ရောက်သွားပါတယ်။
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....