အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

Green Way
Green Way • 08/03/2025

ဒီနေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပါ..

အမျိုးသမီးများရဲ့ အခွင့်အရေးအတွက် လှုပ်ရှားမှု၊ ကျားမတန်းတူ ညီမျှမှုရရှိရေး၊ မျိုးဆက်ပြန့်ပွားမှု အခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်းတို့ အပေါ် အာရုံစိုက်လာမိစေဖို့ ရည်ရွယ်ပြီး နှစ်စဉ် မတ်လ ၈ ရက်နေ့တိုင်းမှာ အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ (IWD) ကို ကျင်းပကြပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝန်းမှာ ဆန္ဒမဲပေးခွင့်ကစလို့ ကျား၊ မ တန်းတူအခွင့်အရေးတွေရဖို့ဆိုပြီး လှုပ်ရှားမှုတွေ ကျယ်ပြန့်နေပါပြီ။ ဒီအထဲမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍထဲက အမျိုးသမီးတွေရဲ့အခန်းကဏ္ဍမြှင့်တင်ရေးဆိုတာကလည်း အရေးကြီးလာပါတယ်။

မိမိတို့လို နိုင်ငံမျိုးမှာတော့ ပိုလို့တောင်အရေးကြီးလာပါတယ်။ ဘာလို့လဲဆိုတော့ စိုက်ပျိုးမွေးမြူရေးကို ဦးဆောင်လုပ်ကိုင်နိုင်မဲ့ အမျိုးသားတွေဟာ စားဝတ်နေရေးဖြေရှင်းဖို့ ပြည်ပနိုင်ငံတွေကို ပိုထွက်သွား ကြတာကြောင့် ဒီနယ်ပယ်မှာ အမျိုးသမီးတွေ မဖြစ်မနေ ပိုမိုပါဝင်လာကြရလို့ပါ။ 

ဆိုတော့ အစိမ်းရောင်လမ်းအဖွဲ့သားတွေအနေနဲ့ ဒီနေ့မှာတော့ အမျိုးသမီးတွေကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ ဖြစ်ပေါ်လာပုံနဲ့ ဘာကြောင့်အရေးကြီးတယ်ဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပေါ်နေတဲ့အရောင်စာသားလေးကို ဖိပြီး ဖတ်ရှုနိုင်ပါတယ်ရှင့်

ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ "လုပ်ဆောင်ချက်တွေကို အရှိန်မြင့်ကြစို့" ပဲ ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 1 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။