ကမ်းခြေကို ခြေကုပ်ယူကာ ပင်လယ်ရေလွှမ်းခြင်းကို ကာကွယ်ပေးနေတဲ့ ဒီရေတောများ
ကမ္ဘာ့ရာသီဥတုသည် ပို၍ပူပြင်းလာသောကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ကမ္ဘာ၏အအေးပိုင်းဒေသတွင်ရှိနေသည့် ရေခဲပြင်များသည် ယခင်ကထက်ပို၍ အရည်ပျော်နှုန်းမြန်ဆန်လာသည်။ ထို့ကြောင့် ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်တို့သည် တစ်ဖြည်းဖြည်းမြင့်တက်လာပြီဖြစ်ပါသည်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ပင်လယ်ပြင်နှင့်ထိစပ်မှုများပြီး မြေနိမ့်ဒေသများသော နိုင် ငံ၊ ဒေသတို့အတွက် ဘေးအန္တရယ်များကျရောက်လာနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် မုန်တိုင်းနှင့်ဒီရေမြင့်တက်လာသောအခါ ရေလွှမ်းမိုးခြင်းကို ယခင်ကထက်ပို၍ ခံစားရမည်ဖြစ်သည်။ ထို့နောက် ကမ်းပါးပြိုခြင်းများ၊ စိုက်ပျိုးမြေများ၊ သောက်သုံးရေကန်များအတွင်သို့ ဆားငန်ရေစိမ့် ဝင်မှုများကိုကြုံလာရမည်။ ကုန်းမြေနှင့်ထိစပ်လျက်ရှိသော ကမ်းခြေဧရိယာများပိုမို၍ ရေလွှမ်းမိုးခြင်းခံရမည်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအတော်များများသည် ပင်လယ်ရေမျက်နှာမြင့်တက်လာခြင်း အန္တရာယ်ကိုစတင်ရင်ဆိုင်နေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုရင်ဆိုင်ကြုံတွေ့နေရသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူဦးရေ ၃.၅ သန့်ခန်းသည့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့်ဖြစ်ပေါ်လာသော ရေလွှမ်းမိုးမှုဒဏ်ကို နှစ်စဉ်ရင်ဆိုင်နေရပြီး ဒေသခံ ၁၇ ရာခိုင်နှုန်းမှာ နေရာပြောင်းရွှေ့နေထိုင်ရန်လိုအပ်နေပြီဟု ခန့်မှန်းကြပါသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ သုံးပုံနှစ်ပုံသည် ပင်လယ်ရေမျက်နှာပြင်အထက် (၅) မီတာအောက်တွင်တည်ရှိပြီး လာမည့် ၂၀၅၀ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် လက်ရှိအမြင့်ထက် (၅၀) စင်တီမီတာ ခန့်မြင့်တက်လာခဲ့ပါက နိုင်ငံအကျယ်အဝန်း၏ ၁၁ ရာခိုင်နှုန်းကို ဆုံးရှုံးမည်ဟု ခန့်မှန်းပြောဆိုကြပါသည်။ (ကိုးကား- အင်တာနက်)

ထို့ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းကို တတ်နိုင်သမျှ ကာကွယ်ရန်လိုအပ်လာပြီဖြစ်ပါ သည်။ ဤနေရာတွင် ဒီရေတောများ၏အရေးပါမှုကို ချန်လှပ်ထားခဲ့၍မရပေ။ ဒီရေတောများသည် ကမ်းခြေကိုကာကွယ်ပေးနေသောအပင်များဖြစ်လေသည်။ ဒီရေတောအမြစ်များနှင့် အပင်များသည် ကမ်းခြေကိုခြေကုပ်သဖွယ်ယူပြီး ပင်လယ်ရေလွှမ်းခြင်းများကိုကာကွယ်ပေးနေခြင်းဖြစ်ပါသည်။
တစ်ချို့ကမ်းရိုးတန်းဒေသများတွင် ရှိသည့် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုဇွန်မွေးမြူရေး လုပ်နေကြသည်များလည်းရှိပါသည်။ ကမ်းပါးပြိုခြင်းများ၊ ရေလွှမ်းခြင်းများမဖြစ်ပေါ်စေရန် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းခြင်းမှကာကွယ်ရမည်ဖြစ်သည်။
ကမ်းရိုးတန်းတစ်လျှောက် ကျောက်ဆောင်ကျောက်တန်း၊ ကမ်းတက်မြေများတွင် ပေါက်ရောက်သော ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကာ ကုန်းမြေဖွဲ့စည်းပေးသင့်ပါသည်။ ဒီရေတောများသည် လူသားတို့အတွက် သဘာဝတရားကပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင် ဖြစ်လေသည်။ ဒီရေတောများမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို အခြေခံအားဖြင့် နှစ် မျိုးခွဲခြားနိုင်မည်ဖြစ်သည်။ ၎င်း တို့မှာ (၁) လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးများနှင့် (၂) သွယ်ဝိုက်သောအကျိုးကျေးဇူးများ ဖြစ်လေသည်။ ထို့ ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကို ကာကွယ်ရန်အတွက် ဒီရေတောများကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
နည်းပညာမိတ်ဖက်အဖွဲ့
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Worldview International Foundation - WIF
အားလုံး