ဒီရေတောနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်
Worldview International Foundation's (WIF) ၏ အဓိကဆောင်ရွက်ချက်မှာ ဒီရေတောများထိန်းသိမ်းခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပင်ဖြစ်ပါသည်။ ဒီရေတောများသည် မျိုးစိတ်အပေါ်မူတည်၍ ပေါက်ရောက်ရာဒေသချင်းလည်းကွာခြားပါလိမ့်မည်။ ယေဘုယျအားဖြင့် ပင်လယ်နှင့်ကုန်းမြေကြား ဒီရေအတက်အကျရှိသောနေရာတွင် ဒီရေတောများပေါက်ရောက်တတ်ပြီး တစ်နေ့လျှင် နှစ်ကြိမ်ခန့် ဒီရေနှင့်အထိအတွေ့ရှိမည်ဖြစ်ပါသည်။ ပင်လယ်ပြင်မှ သန့်စင် လန်းဆန်းသောရေများကိုရရှိကာ အပင်ကြီးထွားစေပြီး အချို့ဒီရေတောမျိုးစိတ်မှာ သူတို့၏ အောက်ဆီဂျင်လိုအပ်ချက်အတွက် မြေပြင်သို့ လေရှုမြစ်များတစ်စတစ်စပြူထွက်ကာ အားအင်ယူတတ်ပါသေး သည်။
ဒီရေတောနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အင်တာနက်မှတစ်ဆင့်ရှာဖွေစုဆောင်းနိုင်ရန် ရင်းမြစ်အများအပြားတွေ့ရပါသည်။ WIF အနေဖြင့်လည်း ဒီရေတောအကြောင်းကို အခြေခံမှသည် အသေးစိတ်အထိ လေ့လာသိရှိနိုင်ရန် ဒီရေတောအွန်လိုင်းတက္ကသိုလ်အမည်ရှိ ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးလိုက်ပါသည်။ အဆိုပါဝက်ဘ်ဆိုက် www.mangrove-virtual.university လိပ်စာမှတစ်ဆင့် အခြေခံ၊ အဆင့်မြင့် သင်ခန်းစာများကို အခမဲ့လေ့လာနိုင်မည်ဖြစ်ပါသည်။
WIF ၏ ဒီရေတောအွန်လိုင်းတက္ကသိုလ်ဝက်ဘ်ဆိုက်တွင် အခြေခံနှင့် အဆင့်မြင့်ဟူ၍ သင်တန်းနှစ်ရပ်ရှိမည်ဖြစ်ပြီး လက်ရှိတွင် အခြေခံအဆင့်သင်တန်းကိုဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပါသည်။
ဤသင်တန်းကိုလေ့လာသင့်သူများ
ဒီရေတောစိုက်ပျိုးခြင်းကိုစိတ်ဝင်စားပြီး ဒီရေတောစိုက်ပျိုးခြင်း၊ ပြန်လည်ထူထောင်ခြင်းများတွင် အတွေ့အကြုံလိုအပ်နေသူများအတွက် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ပြည်တွင်းရှိအစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ကျောင်းဆရာ၊ သင်တန်းသူ၊ သင်တန်းသား၊ ပြည်တွင်း အဖွဲ့အစည်းများ နှင့် အခြားစိတ်ပါဝင်စားသူများအား လေ့လာနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
အခြေခံအဆင့်
ဤသင်တန်းကို ထိခိုက်လွယ်သော ကမ်းရိုးတန်းဒေသခံများအကျိုးအတွက် ဖန်တီးထားခြင်းဖြစ်ပါသည်။ ဒီရေတောများသည် ပင်လယ်ရေမြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ရန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။ အဆိုပါ ဒီရေတောများသည် ဆိုင်ကလုန်းမုန်တိုင်းများနှင့် အခြားပြင်းထန်သော ရာသီဥတုဒဏ်မှလည်း အသက်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ပေးပါသည်။
ထို့အပြင်၎င်းသည် ကုန်းနေသစ်ပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ငါးဆအထိ လျှော့ချပေးသည်။ ထို့ကြောင့် ဒီရေတောများသည် ရပ်ရွာအကျိုးအတွက်ကာကွယ်ပေးမည့် စံပြ ဖြေရှင်းချက်တစ်ခုပင်ဖြစ်ပါသည်။ ထိုသင်ခန်းစာများကို လေ့လာခြင်းအားဖြင့် လူကြီးမင်း၏တန်ဖိုးရှိသော စီမံကိန်းများအကောင်အထည်ဖော်ရာတွင် အောင်အောင်မြင်မြင်စွမ်းဆောင်နိုင်အောင် အထောက်အပံ့ကောင်းများပေးစွမ်း နိုင်မည်ဖြစ်ပါသည်။
အဆင်မြင့် (လက်တွေ့စိုက်ပျိုးမည့်သူများ)
အကြီးစား ဒီရေတောများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ထူထောင်ရေး ပရောဂျက်များအတွက် လိုအပ်သော လမ်းညွှန်ချက်များအားလုံးကို ယခုဝက်ဘ်ဆိုက်မှတစ်ဆင့်သင်တန်းများ ပို့ချပေးမည်ဖြစ်ပါသည်။ အသိအမှတ်ပြုနေရာမှကာဗွန်ခရက်ဒစ်များရယူရန် လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များကို လည်းမျှဝေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆယ်နှစ်တာစီမံကိန်းအကောင်အထည်ဖော်မှု အပေါ်အခြေခံ၍ လိုအပ်ချက်ရှိသောအသိုင်းအဝိုင်းများကိုအကျိုးရှိစေရန် ကမ်းရိုးတန်းပတ်ဝန်းကျင်၊ ၎င်း၏ဇီဝမျိုးကွဲများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မည်သို့အကောင်အထည်ဖော်ရမည်ကို မျှဝေမည်ဖြစ်ပါသည်။
သင်ယူမှုပုံစံ
သင်တန်းတွင် ရိုးရှင်းသောသင်ခန်းစာ ၄၆ ပါဝင်သော မော်ဂျုး ၉ ခု ပါဝင်သည်။ ဖတ်ရှုရန် ဆောင်းပါးများ၊ ကြည့်ရှုရန် ဗီဒီယိုများ၊ ရေးရန် မှတ်စုများ၊ ပါဝင်ရန် ဆွေးနွေးခန်းတစ်ခုနှင့် ဉာဏ်စမ်းမေးခွန်းများကို ဖြတ်ကျော်ရမည်ဖြစ်သည်။ သင်ယူသူများအနေဖြင့် လွတ်လပ်စွာ လေ့လာနိုင်သော်လည်း ဆွေးနွေးမှုများတွင် ပါဝင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောရလာဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။
www.mangrove-virtual.university သို့ဝင်ရောက်ကာ မှတ်ပုံတင်ရန်၊ ဝင်ရောက်မည် (Log in) ဆိုသောနေရာသို့သွားရောက်ကာ သင်တန်းတက်ရန်ကို နှိပ်၍ စတင်လေ့လာနိုင်မည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
နည်းပညာမိတ်ဖက်အဖွဲ့
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Worldview International Foundation - WIF
အားလုံး