အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒီရေတော စိုက်ပျိုးရန် မြေနေရာပြင်ဆင်ခြင်း

ဒီရေတော စိုက်ပျိုးရန် မြေနေရာပြင်ဆင်ခြင်း

ဒီရေတောစိုက်ပျိုးရန်အတွက် မြေနေရာပြင်ဆင်ရာတွင် အပင်များပြန်လည်ပေါက်ရောက်နိုင်ရန် မလိုအပ်သော ပေါင်းပင်များရှင်းလင်းခြင်း (RIF) နည်းကို ခြောက်သွေ့ရာသီတွင်ဆောင်ရွက်ရပါမည်။

အထက်ဖော်ပြပါနည်းမှာ စိုက်ပျိုးမည့်မြေဧရိယာအားလုံးကို ရှင်းလင်းခြင်းမဟုတ်ဘဲ မလိုအပ်သည့်ပေါင်းပင်များကို ရှင်းလင်းခြင်းဖြစ်ပါသည်။ ပျက်စီးနေသော ဒီရေတောနေရာများတွင် ဟုမ်းနွယ် (Derris trifoliata) နှင့် ဗြိုက်ဆူး (Dalbergia pinnata) စသည့် အပင်များ အလွယ်တကူ ဝင်ရောက်ပေါက်ရောက်နိုင်သဖြင့် ၎င်းတို့ကို ရှင်းလင်းရမည်ဖြစ်ပါသည်။ ၎င်းပေါင်းပင်များကို ရှင်းလင်းနိုင်ခြင်းမရှိပါက ဒီရေတောပျိုးပင်များနှင့် အသီးတောင့်များမှ ၎င်းတို့၏ လွှမ်းမိုးမှုကိုခံရနိုင်ကာ ရှင်သန်နိုင်မှုနည်းမည်ဖြစ်ပါသည်။ 

ရှင်းလင်းထားသည့် အမှိုက်သရိုက်များကို သင့်တော်သည့်နေရာတွင် စုပုံထားခြင်းဖြင့် မြေဆွေးအဖြစ် ပြန်လည်ရရှိနိုင်ပါသည်။ အပင်ငယ်များ ရှင်သန်ကြီးထွားရန်အတွက် ဓာတ်မြေဩဇာကို အသုံးမပြုသင့်ပါ။ ပလတ်စတစ်နှင့် ပင်လယ်မှပါလာသောအမှိုက်များကို ကောက်ယူစွန့်ပစ်ရပါမည်။ ဒီရေတောစိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းအတွက် သင့်တော်သည့် မျိုးစိတ်များမှာ ဗြူးခြေထောက်အမ၊ ဗြူးခြေထောက်အဖို၊ မဒမ (မျော)၊ ဗြူးအုပ်ဆောင်း၊ ဗြူးကြက်တက်၊ ဗြူးရွှေဝါနှင့် သမဲ့ကြီးတို့ဖြစ်ပါသည်။ မိမိစိုက်ပျိုးမည့် ဧရိယာတွင်အများစုပေါက်ရောက်နေသော မျိုးစိတ်များမှာ စိုက်ပျိုးသင့်သည့် ရည်ညွှန်းမျိုးစိတ်များဖြစ်ကြပါသည်။

ပြောင်းရွှေ့စိုက်ပျိုးခြင်း

အသီးတောင့်တိုက်ရိုက်စိုက်ပျိုးခြင်းကို နွေရာသီတွင် (ပူပြင်းသည့်ရာသီတွင်) စိုက်ပျိုးပါက နေရောင်နှင့်တိုက်ရိုက် ထိတွေ့ပြီး အပူရှိန်ဒဏ်ကိုခံနိုင်၍ စိုက်ပျိုးရန်မသင့်တော်ပါ (မဖြစ်နိုင်ပါ။) အသီးတောင့်အရှည်၏ သုံးပုံ တစ်ပုံကို မြေကြီးထဲသို့ ကောင်းစွာထိုးစိုက်ခြင်းဖြင့် ဒီရေကြောင့်မျောပါခြင်းမဖြစ်နိုင်ပါ။

ဒီရေတောပင်စိုက်ပျိုးခြင်းကို မိုးရာသီမတိုင်မီ အနည်းငယ်စော၍စိုက်ပျိုးနိုင်ပါသည်။ ရေထရက်ရာသီဥတုအုံ့မှိုင်းသောအချိန်တွင် အသီးတောင့်တိုက်ရိုက်စိုက်ပျိုးခြင်းကို ဆောင်ရွက်နိုင်ပါသည်။ ဤသို့စိုက်ပျိုးခြင်းဖြင့် အသီးတောင့်များ နေလောင်ခြင်းကိုရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ မိုးရာသီရောက်လျှင် နေ့စဉ်စိုက်ပျိုးနိုင်ပါသည်။ တစ်ပင် နှင့်တစ်ပင် (၂) မီတာခြားစိုက်ပျိုးပါက (၁) ဟက်တာ (၂.၇၄ ဧက) တွင် အပင် (၂၅၀၀) စိုက်ပျိုးနိုင်မည်ဖြစ်ပါ သည်။ သို့ရာတွင် ချွင်းချက်အနေဖြင့် စိုက်ပျိုးမည့်မြေအနေအထား၊ စိုက်ပျိုးမည့် ဧရိယာအကျယ်အဝန်းနှင့် မျိုးရရှိနိုင်မှု အပေါ်မူတည်၍ တစ်ပင်နှင့်တစ်ပင် စိုက်ပျိုးမည့်အကွာအဝေးကို ထိန်းညှိဆောင်ရွက်နိုင်ပါသည်။ အပင်စိုက်ပျိုး မည့် ဒေသခံများကို သင်ကြားပေးရာတွင် အသီးကိုပြောင်းပြန်မစိုက်မိစေရန်၊ ရေစီးကြောင်းကို ပိတ်ဆို့ပြီးမစိုက်မိစေရန်နှင့် အသီးတောင့်၏ သုံးပုံတစ်ပုံကို မြေကြီးထဲသို့ သေချာစွာထိုးသွင်းစိုက်ပျိုးရန်စသည်တို့ကို သင်ကြားပြသပေးရမည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
Worldview International Foundation

နည်းပညာမိတ်ဖက်အဖွဲ့

Worldview International Foundation

Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။  

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။