အဲလစ်အီဗန် (သို့) နို့တွေကို ပိုးသတ်သောက်ဖို့လိုကြောင်း လမ်းပြခဲ့သူ
“ ကျွန်မရဲ့စာတမ်းအပေါ် အားလုံးရဲ့တုံ့ပြန်မှုကတော့ အယုံအကြည်မရှိ ဆိုတာပါပဲ”
Alice Evans • 1881-1975 • Animal Scientist • American
ဒီစကားကို ပြောခဲ့သူက ကျွန်တော်တို့တွေ သောက်သုံးနေတဲ့ နို့ (နွားနို့၊ ဆိတ်နို့ စသည်) တွေကို ပိုးသတ်ပြီးမှ သောက်ရမယ်ဆိုတဲ့ အသိပညာကို စတင်ပေးခဲ့သူ အမေရိကန်အမျိုးသမီး တိရစ္ဆာန် သိပ္ပံပညာရှင် အဲလစ်အီဗန်ပါ။
ကော်နဲတက္ကသိုလ်မှာ ကျေးလက်ကဆရာများကို အခမဲ့သင်ကြားပို့ချပေးတဲ့ နှစ်နှစ်ကြာ သဘာဝဆိုင် ရာ သင်ရိုးက အဲလစ်အီဗန်ရဲ့ ဇီဝဗေဒလေ့လာချင်တဲ့ ပိုးလေးကို အစပြုပေးလိုက်တာပါ။
ဒီအခွင့်အလမ်းက သူမကို ဇီဝဗေဒအပေါ် စိတ်ဝင်တစားဖြစ်စေဖို့ စေ့ဆော်ပေးနိုင်ခဲ့ပြီး ကော်နဲတက္ကသိုလ်မှာ ဘတ်တီးရီးယားပညာ (Bacteriology) နဲ့ ဘွဲ့ရစေတဲ့အထိ ဖြစ်စေခဲ့ပါတယ်။
အီဗန်ဟာ သူမရဲ့လေ့လာမှုကို ဒီလောက်နဲ့ အဆုံးသတ်မပစ်ပါဘူး။ ဝစ်ကွန်ဆင်တက္ကသိုလ်ရဲ့ ပညာသင်ဆုကို ရရှိခဲ့ပြီး မဟာဘွဲ့ရတဲ့အထိ ဆက်ကြိုးစားခဲ့ပါတယ်။
ဒီနောက်မှာတော့ လုပ်ငန်းခွင်ထဲဝင်ရောက်ခဲ့ပြီး အမေရိကန်စိုက်ပျိုးရေးဌာန နို့ထွက်ပစ္စည်းဌာနခွဲမှာ သုတေသနဝန်ထမ်းရာထူးနဲ့ အလုပ်စခဲ့ပါတယ်။ သူမအတွက် အခက်အခဲတွေကလည်း ဒီကနေပဲ စပါ တော့တယ်။
အဲ့ဒီကလတွေတုန်းက နို့စိမ်းတွေနဲ့ပတ်သက်တဲ့ ရောဂါတွေအပေါ် သိရှိမှု မရှိသလောက် နည်းပါတယ်။ Bacillus abortus နဲ့ Micrococcus melitensis ဆိုတဲ့ နို့မှာပါတဲ့ ဘက်တီးရီးယားတွေအကြောင်းတွေနဲ့ ပတ်သက်လို့တောင် ဂဃနဏ မသိသေးဘဲ ဝိဝါဒကွဲပြားနေတဲ့ကာလပါ။
Bacillus abortus ဘတ်တီးရီးယားဟာ ကျွဲနွားတွေမှာ ကျရောက်ပြီး ကိုယ်ဝန်ဆောင်ကာလမတိုင်ခင်မှာ ကတည်းက သန္ဓေပျက်ကျစေနိုင်ပါတယ်။ ပိုဆိုးတာကတော့ Micrococcus melitensis ဘက်တီးရီးယား ပါ။ သူက တိရစ္ဆာန်တွေအချင်းချင်း လျင်မြန်စွာကူးစက်စေနိုင်ပြီး လူတွေအပေါ်မှာ သက်ရောက်နိုင်တဲ့ ဘက်တီးရီးယားမျိုးဖြစ်လို့ပါပဲ။
အီဗန်ရဲ့တွေ့ရှိချက်တွေ မတိုင်ခင်ကဆိုရင် ဒီဘက်တီးရီးယားနှစ်မျိုးဟာ တသီးတခြားစီဖြစ်ပြီး အချင်းချင်းကြား လုံးဝပတ်သက် ဆက်နွှယ်မှုမရှိနိုင်ဘူးလို့ပဲ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ အီဗန်ကတော့ သူ့ရဲ့သုတေသနတွေအရ ဒီဘက်တီးယားတွေဟာ အချင်းချင်း ပတ်သက် ဆက်နွှယ်နိုင်ရုံတင်မက သူတို့ကြောင့်ဖြစ်တဲ့ရောဂါဟာ တိရစ္ဆာန်ကနေ လူကိုပါ ကူးစက်စေနိုင်တဲ့အထိ ဖြစ်သွားလိမ့်မယ် ဆိုပြီး ချပြခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ သူမအပေါ် ကဲ့ရဲ့ပြစ်တင် ဝေဖန်မှုတွေ အမြောက်အမြား ရှိခဲ့တာပါ။ ဘယ်လောက် ထိလဲဆို ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့စကားအတိုင်း ငြီးတွားခဲ့ရတဲ့အထိပါပဲ။
“ ကျွန်မရဲ့စာတမ်းအပေါ် အားလုံးရဲ့တုံ့ပြန်မှုကတော့ အယုံအကြည်မရှိ ဆိုတာပါပဲ”
မွေးမြူရေးတောင်သူတွေကဆို သူမဟာ ‘ပိုးသန့်စင်တဲ့ပစ္စည်းတွေရောင်းချတဲ့ကုမ္ပဏီတွေနဲ့ပေါင်းပြီး ဂျင်းထည့်တာ’ လို့တောင် စွပ်စွဲပြောဆိုခဲ့ကြတာပါ။
ဒါပေမဲ့ လက်မခံနိုင်တဲ့အမှန်တရားဟာ အကြာကြီးတော့ ငုပ်လျှိုးမနေပါဘူး။ ဒီဘက်တီးရီးယားနှစ်မျိုး လုံးနဲ့ ဆက်စပ်နေတဲ့ လူကိုကူးစက်နိုင်တဲ့ မျိုးဗီဇသစ်ဘက်တီးရီးယား Brucellosis ရှိနေတာကို ၁၉၂၀ ခုနှစ်မှာ အဲလစ်အီဗန်က ချပြနိုင်ခဲ့ပါတယ်။
အီဗန်ကိုယ်တိုင်လည်း ဒီဘက်တီးရီးယားရောဂါ ကူးစက်ခံခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော် ဝေဒနာ ခံစားခဲ့ရပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အီဗန်ရဲ့ ကြိုးစားမှုဟာ ထိုက်တန်တဲ့ရလဒ်တော့ ရှိသွားပါတယ်။ သူမရဲ့ သုတေသနရလဒ်တွေက နို့တွေကို မဖြစ်မနေ ပိုးသန့်စင်ဖို့ လိုအပ်တယ်ဆိုတာကို လမ်းပြပေးနိုင်ခဲ့လို့ ပါပဲ။

ဒီလိုနဲ့ပဲ အဲလစ်အီဗန်တစ်ယောက် အမေရိကန်အဏုဇီဝဗေဒအသင်းကြီးရဲ့ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌတစ်ဦးဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ သူမအပေါ် ကမ္ဘာနဲ့ချီတဲ့ကဲ့ရဲ့ဝေဖန်မှုအသံတွေဟာ ကမ္ဘာနဲ့ချီတဲ့ ချီးကျူးဂုဏ်ပြုသံတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။
Ref: https://www.womeninagscience.org
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဇင်ဘိုလွင်
အားလုံး