အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒေသထွက်ဇီဝထွက်ကုန်များ ကုန်သွယ်ခြင်းဆိုသည်မှာ

ဒေသထွက်ဇီဝထွက်ကုန်များ ကုန်သွယ်ခြင်းဆိုသည်မှာ

 

ဒေသတွင်းဇီဝထွက်ကုန်များကုန်သွယ်ခြင်းဆိုသည်မှာပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးရာနှင့်စီးပွားရေးဆိုင်ရာ ရေရှည်တည်တံ့မှုစံနှုန်းသတ်မှတ်ချက်များအောက်တွင် ဒေသရင်းဇီ၀မျိုးကွဲစုံလင်သည့်နေရာမှပစ္စည်းများနှင့် ၀န်ဆောင်မှုများအားစုဆောင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့်စီးပွားဖြစ်ရောင်းဝယ်ခြင်းများကိုဆိုလိုပါသည်။ဇီ၀ထွက်ကုန်များကုန်သွယ်ခြင်းအား ကုလသမဂ္ဂ၏ကုန်သွယ်မှုဖွံ့ဖြိုးရေးကွန်ဖရင့်မှ ဇီ၀မျိုးကွဲစုံလင်မှုဆိုင်ရာစာချုပ်ကိုအကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ဦးဆောင်ဦးရွက်ပြုပါသည်။ အခြေခံမှု (၇)ချက်အား လိုက်နာကျင့်သုံးပါသည်။ ၄င်းတို့မှာ

  •  ဇီဝမျိုးကွဲ စုံလင်မှုအား ထိန်းသိမ်းကာကွယ်ခြင်း
  • ဇီဝမျိုးကွဲစုံလင်မှုများအား ရေရှည်တည်တံ့စေသည့်နည်းလမ်းဖြင့် အသုံးချခြင်း
  • ဇီဝမျိုးကွဲစုံလင်မှုအားအသုံးချရာမှရရှိလာသောအကျိုးအမြတ်များအားမျှတစွာ၊တန်းတူရည်တူရှိစွာခွဲဝေခြင်း
  • လူမှု-စီးပွားရေရှည် တည်တံ့ ခိုင်မြဲမှုရှိခြင်း(ထုတ်ကုန်မှု၊ဘဏ္ဍာ ရေးနှင့် ဈေးကွက်စီမံခန့် ခွဲခြင်း)
  •  ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ စည်းမျည်းစည်းကမ်းများအားလိုက်နာဆောင်ရွက်ခြင်း
  • ဇီဝထုတ်ကုန်များ ကုန်သွယ်မှုတွင် အဓိကပါ၀င်သူများ၏အခွင့်အရေးကို လေးစားခြင်း
  • မြေယာပိုင်ဆိုင်မှု၊မြေယာအသုံးချမှု၊ သဘာ၀အရင်းအမြစ်အသုံးချခြင်းနှင့် အသိပညာများရှင်းရှင်းလင်းလင်းရှိခြင်းတို့ဖြစ်သည်။

 

 

Helvetas Myanmar

အရှေ့တောင်အာရှဒေသဇီဝထုတ်ကုန်များ ကုန်သွယ်ခြင်းစီမံကိန်း(Bio Trade) စာစောင်မှကူးယူဖော်ပြသည်။

 

 

You
Helvetas မြန်မာ

နည်းပညာမိတ်ဖက်အဖွဲ့

Helvetas မြန်မာ

Helvetas  သည် ဆွစ်ဇာလန်နိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့တွင် မှတ်ပုံတင်ထားရှိပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတိုက်များရှိဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၃၀) တွင် လုပ်ကိုင်လျက်ရှိပါသည်။ Helvetas အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ  လူမှုအကျိုးပြုစီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကနဦး လုပ်ဆောင်မှုအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသများတွင်  စိုက်ပျိုးရေးနှင့် ကျေးလက် ပြည်သူများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊အသက်မွေးမြူရေးဆိုင်ရာ အခန်းကဏ္ဍများ၌ အလေးပေးဆောင် ရွက်ခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့ရှိ သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မုတ္တမပင်လယ်ကွေ့၏ တမူထူးခြားသော ဇီဝမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်ဖွံ့ ဖြိုးလာစေရန်ဆောင်ရွက်လျက်ရှိပြီး ယင်းတို့ကို အမှီပြုလျက်ရှိသော လူသားမျိုးနွယ်စုကို အကျိုးပြုရန် ရည်ရွယ်၍ မုတ္တမပင်လယ်ကွေ့ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါဝင်သည့် ရပ်ရွာအခြေပြုကမ်းရိုးတန်းစီမံခန့်ခွဲမှု စီမံချက်ကိုဆောင်ရွက်လျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။