အစားအစာတွင် အန္တရာယ်ဖြစ်စေသော အရာများနှင့် ကာကွယ်ရေးနည်းလမ်းများ (ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်)
ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် (Physical hazard)
၁။ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေသည့် အကြောင်းရင်းများ၊ ဇစ်မြစ်များ
ရုပ်ပိုင်းဆိုင်ရာအန္တရာယ်ဆိုသည်မှာ အစာအစာ လက်ခံရရှိချိန်၊ ပြင်ဆင်နေချိန်၊ ထုတ်ပိုးနေချိန်တွင် ပြင်ပမှ မတော်တဆ သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ ထည့်ခြင်းဖြင့်လည်းကောင်း ပါလာနိုင်သည့်၊ လူကိုအန္တရာယ်ဖြစ်စေနိုင်သော အရာများကို ဆိုလို ပါသည်။ ဥပမာ- အရိုးလွတ်အသားဟု ပြောသော်လည်း အသားထဲတွင် အရိုးပါခြင်းသည် မတော်တဆဖြစ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တစ်ခု ဖြစ်ပါသည်။ သို့သော် အသားထဲတွင် ဖန်ကွဲစ၊ အပ်ချိတ်၊ မူလီ ပါလာခြင်းသည် ရည်ရွယ်ချက်ရှိရှိ ထည့်ခြင်းကြောင့် ဖြစ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာအန္တရာယ်ဖြစ်နိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာအန္တရာယ် ဖြစ်စေနိုင်သော အဓိကအရာများနှင့် အရင်းအမြစ်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
o ဖန်ကွဲစ၊ မှန်ကွဲစများ - မီးချောင်းများ ကွဲခြင်း၊ မျက်နှာကျက်များ ကွာကျခြင်း၊ ဖန်ထည်များကွဲခြင်း
o မူလီ၊ သတ္တုအပိုင်းအစများ၊ ဇာဂနာ - စက်များမှ ပြုတ်ကျခြင်း၊ ပဲ့ကျခြင်း၊ သန့်ရှင်းရေးလုပ်နေစဉ် ကျန်ခဲ့ခြင်း
o ဆံပင်၊ မျက်တောင်တု၊ သနပ်ခါး၊ လက်စွပ်များ - သန့်ရှင်းမှု အားနည်းခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းလမ်းများကို စနစ်တကျ မလိုက်နာခြင်း
o ဖုန်၊ အမှိုက်သရိုက်များ၊ အ၀တ်စများ - သန့်ရှင်းမှု အားနည်းခြင်း
o သစ်သားစများ၊ ခဲ၊ သဲ - ကုန်ကြမ်းများ၊ သစ်သားခုံများမှ
o ပလတ်စတစ်အပိုင်းအစများ - အစားအစားထုတ်ပိုးသည့် အိတ်များ၊ ဗူးများ
၂။ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
o မျက်စိဖြင့် အရင်ဆုံး စစ်ဆေးခြင်း (ပလတ်စတစ်၊ အ၀တ်စများ ဖယ်ခြင်း)
o စနစ်တကျ စစ်ဆေးမှတ်တမ်းတင်ခြင်း (သာမိုမီတာ အရေအတွက်စစ်ဆေးခြင်း၊ မီးချောင်းများ ကောင်း၊ မကောင်း စစ်ဆေး မှတ်တမ်းတင်ခြင်း၊ စက်များကို စစ်ဆေးခြင်း)
o တကိုယ်ရေသန့်ရှင်းရေးနည်းလမ်းများကို စနစ်တကျလိုက်နာခြင်း (ဦးထုတ်ဆောင်းခြင်၊ အကာအကွယ်၀တ်စုံ စနစ်တကျ ၀တ်ဆင်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း)
o ပတ်၀န်းကျင်ကို သန့်ရှင်းရေးကောင်းစွာ လုပ်ခြင်း (ဖုန်များ၊ အမှိုက်သရိုက်များ မရှိစေခြင်း)
o ဖုံးအုပ်ထားခြင်း (မီးချောင်းများ)
o ဇကာများသုံးခြင်း (ဂဲများ, အစအနများ စစ်ထုတ်ခြင်း)
o သံလိုက်ကဲ့သို့သော အရာများ သုံး၍စစ်ဆေးခြင်း (Metal detector, X ray)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
aung.sal
လွန်ခဲ့သော ၃ နှစ် ကလာမည်5ရက်
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026