အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၁)
အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ
၁။ ကုန်ကြမ်းပြင်ဆင်ရွေးချယ်ခြင်း၊ ထုတ်လုပ်ခြင်း
o ညစ်ညမ်းသော မြေနေရာ၊ စွန့်ပစ်ပစည်း စွန့်ထုတ်သည့်စက်ရုံ/အလုပ်ရုံများနှင့် ဝေးရာတွင်စိုက်ပျိုးခြင်း/ မွေးမြူခြင်း
o သန့်ရှင်းစွာ ထုတ်လုပ်ခြင်း
o သန့်ရှင်းစွာ သယ်ယူပို့ဆောင်ခြင်း
o စိတ်ချရသော ကုန်ကြမ်းပေးသွင်းသူများကို ရှာဖွေခြင်း
၂။ အဆောက်အဦး တည်နေရာ ရွေးချယ်ခြင်း
အစားအသောက် ထုတ်လုပ်ခြင်း လုပ်ငန်းစဉ် အတွက် လုပ်ငန်းတည်နေရာသည်
o ညစ်ညမ်းသော မြေနေရာ၊ စွန့်ပစ် ပစည်း စွန့်ထုတ်သည့် စက်ရုံ/ အလုပ်ရုံများနှင့် ဝေးရာတွင် တည်ရှိရမည်။
o ကြွက်၊ ခြင်၊ ယင်၊ ပိုးကောင် နှင့် အနံ့အသက်ဆိုးများမှ ကင်းရာ နေရာတွင် တည်ရှိရမည်။
o သန့်ရှင်းရေး ပြုလုပ်ရန် နှင့် ပြုပြင်ထိန်းသိမ်းရန် လွယ်ကူသည့် ဒီဇိုင်း ဖြစ်ရမည်။
o လုပ်ငန်းစဉ်များ၊ ဆင့်ပွားညစ်ညမ်းမှုများ ကို အလွယ်တကူ ထိန်းချုပ်နိုင်သည့် ဒီဇိုင်း ဖြစ်ရမည်။
o အခင်းအကျင်းဖွဲ့စည်းမှု သည် ထုတ်လုပ်မှု အဆင့်ဆင့်ကို အစဉ်လိုက် ဆောင်ရွက်သွားနိုင်သည့် ပုံစံ ဖြစ်ရမည်။ မတူညီသော ထုတ်လုပ်မှု အဆင့်များကို သီးခြားစီ ပြုလုပ်ရမည်။
o လေ၀င်လေထွက် ကောင်းရမည်။ လိုအပ်သော အပူချိန်ကို ထိန်းထားနိုင်ရမည်။
o လိုအပ်သော တစ်ကိုယ်ရေး သန့်ရှင်းရေး အသုံးအဆောင်များ လုံလောက်စွာ ရှိရမည်။
၃။ စက်ရုံပတ်၀န်းကျင်ဆိုင်ရာ သန့်ရှင်းရေး
သန့်ရှင်းရေး ပြုလုပ်ရာတွင်
o စက်ရုံတွင်း ပိုးမွှားများ မပေါက်ဖွားနိုင်အောင် သန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ရပါမည်။
o အမှိုက်များကို စနစ်တကျခွဲ၍ စွန့်ပစ်ရမည်။
o ထုတ်လုပ်မှု နေရာများတွင် ကျန်ရှိနေသည့် အမှုန်များကို ရှင်းလင်းခြင်း၊ ရေဆေးခြင်း၊ ဆပ်ပြာဖြင့်ဆေးခြင်း၊ စသည်တို့ကို စနစ်တကျ လုပ်ဆောင်ရပါမည်။ လိုအပ်ပါက ရေနွေး၊ ကလိုရင်း သို့မဟုတ် အရက်ပျံ သုံး၍ ပိုးသတ် ရမည်။
o ကြမ်းပြင်များကို အမှုန်အမွှား၊ အမှိုက်သရိုက်များမှ ကင်းစင်အောင် အမြဲ သန့်ရှင်းအောင် ထားရမည်။ လိုအပ်ပါက ကလိုရင်း သို့မဟုတ် အိုင်အိုဒင်း ကို သတ်မှတ်ထားသော ပမာဏ သုံး၍ ပိုးသတ်နိုင်ပါသည်။
o စက်များကို ထုတ်လုပ်သူ၏ လမ်းညွှန်ချက် သို့မဟုတ် သတ်မှတ်ထားသော သန့်ရှင်းရေး အစီအစဉ်များအတိုင်း လုပ်ဆောင်ရမည်။
၄။ ပိုးမွှားအန္တရာယ် ထိန်းချုပ် ကာကွယ်ခြင်း
o လုံခြုံမှုရှိသော၊ ပိုးမွှားမ၀င်နိုင်သည့် အဆောက်အဦး ဖြစ်အောင် ပြင်ဆင်ရမည်။
o စက်ရုံအတွင်း ပိုးမွှာများ မျိုးပွားနိုင်သော နေရာများကို ထိန်းချုပ်ရမည်။
o ရေနှုတ်မြောင်းများ၊ ရေပိုက်များ၊ တံခါးအောက်ခြေများကို စနစ်တကျ ထိန်းချုပ်ကာရံထားရမည်။
o အပြင်ဘက် အပေါက်၀ တွင် ကြွက်ထောင်ချောက်များ၊ ကြွက်ကပ်ကော်ထောင်ချောက်များ အသုံးပြုနိုင်ပါသည်။
o အင်းဆက် ပိုးမွှားထောင်ချောက်/ အလင်းရောင်ထောင်ချောက်များ ထားရှိရမည်။
o (သို့မဟုတ်) ပိုးမွှားအန္တရာယ် ထိန်းချုပ်ကာကွယ်ခြင်းအတွက် လုပ်ဆောင်ပေးသော ပြင်ပအဖွဲ့အစည်းများကိုလည်း အပ်နှံနိုင်ပါသည်။
၅။ ၀န်ထမ်းဆိုင်ရာ သတ်မှတ်ချက်များ
o ကျန်းမာရေးကောင်းမွန်သောသူ ဖြစ်ရပါမည်။
o တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိရမည်။
o လုပ်ငန်းခွင်မ၀င်မှီ သတ်မှတ်ထားသော တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များကို သေချာစွာ၀တ်ဆင် ရမည်။ (အေပရွန်၊ ခေါင်းစွပ်၊ နှာခေါင်းစည်း၊ ဖိနပ်)
o လက်သည်းဆိုးဆေးများ၊ မျက်တောင်တုများ၊ လက်၀တ်ရတနာများ ၀တ်ခြင်းကို စစ်ဆေးတားမြစ်ရမည်။
o လက်ကို သေချာစွာ ဆေးရမည်။
o အစားအစာညစ်ညမ်းမှုကို ဖြစ်စေသည့် အောက်ပါအချက်များကို သေချာစောင့်ကြည့် တားမြစ်ရမည်။
· ကွမ်းတံတွေး ထွေးခြင်း
· စကားပြောခြင်း
· ဖုံးအုပ်မထားသော အစားအစာများအနီးတွင် နှာချေခြင်း၊ ချောင်းဆိုးခြင်း
· ထုတ်လုပ်မှုနေရာတွင် အစာစားခြင်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
sawDohhtoo
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဆရာမိုးလေဝသလေးနာထောင်နေဒါကောက်စေားပေါ်တော့မှာ
Tun Ravi
လွန်ခဲ့သော ၃ နှစ် ကတီရက်တဲ့မိုးတိုင်ရှိနိုင်လား
Tun Ravi
လွန်ခဲ့သော ၃ နှစ် ကဟုတ်
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026