အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတမ်းပြုစုမွေးမြူမှု ရည်မှန်းချက်

မတမ်းပြုစုမွေးမြူမှု ရည်မှန်းချက်

MDEP
MDEP • MDEP • 17/11/2020

    မတမ်းများကို ပြုစုကျွေးမွေးမှုကောင်းခဲ့လျှင် ၎င်းတို့ အသက် ၂ နှစ်တွင် ပထမသားမွေးနိုင်မည်ဖြစ်သည်။ ပထမသားရချိန်စောလျှင် နွားနို့ဝင်ငွေကို စောပြီးရရှိမည်။ မတမ်း၏ ကိုယ်အလေးချိန်တိုးနှုန်းနှင့် ကြီးထွားနှုန်းသည် ကျွန်ုပ်တို့၏ အစာကျွေးမှုအရည်အသွေးပေါ် မူတည်သည်။ ကောင်းစွာကျွေးမွေးခြင်းခံရသည့် နွားမတမ်းသည် ကြီးထွားနှုန်းမြန်မည်။ နွား၏ကျန်းမာရေးသည် ကြီးထွားနှုန်းပေါ် တွင်လည်း မူတည်သည်။ 

    မတမ်းများ သားစပ်ရမည့်အသက်အရွယ် ရောက်ရှိမှုသည် ၎င်းတို့၏ ကိုယ်အလေးချိန်ပေါ်တွင် များစွာမူတည်နေသည်။ ကြီးထွားနှုန်းနှေးသည့် နွားမတမ်းသည် အသက် ၂ နှစ်ခွဲမှ သားစပ်ရန် အဆင်သင့်ဖြစ်နိုင်ပြီး ကြီးထွားမှုကောင်းသည့် နွားမတမ်းသည် ၁ နှစ်စောပြီး (၁၅လ ခန့်တွင်) သားစပ်ရန် အဆင်သင့်ဖြစ်နေမည်။ နွားမတမ်းများသည် ၎င်းတို့ အရွယ်ရောက်သည့် ကိုယ်အလေးချိန်၏ ၆၀ ရာခိုင်နှုန်း ပတ်လည်ရှိချိန်တွင် မြိုင်စက်ဝန်း စတင်ကြသည်။ 

    ဖရီရှန် နွားမများအတွက် အရွယ်ရောက်သည့် ကိုယ်အလေးချိန်သည် ၃၀၀ ကီလိုဂရမ် (၁၈၈ ပိဿာ) ဖြစ်သည့်အတွက် ၎င်း၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကိုယ်အလေးချိန် ၁၈၀ ကီလိုဂရမ်တွင် မြိုင်စက်ဝန်း စတင်တတ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် မတမ်းများ ကောင်းကောင်းဖွံ့ဖြိုးကြီးထွားပြီး အသက် ၁၅ လတွင် သားစပ်နိုင်ရန်ဖြစ်သည်။ ကောင်းစွာဖွံ့ဖြိုးခဲ့သည့် မတမ်းအဖို့ ထိုအသက်အရွယ်သည်  လုံလောက်သည့် အရွယ်ရောက်မှုရှိပြီး မွေးဖွားရခက်သည့်ပြဿနာမရှိဘဲ မွေးနိုင်မည်ဖြစ်သည်။ 

    မတမ်းသားမွေးသည့် အရွယ်စောခြင်းသည် မည်သို့ အကျိုးအမြတ်ရှိသည်ကို အောက်တွင် ဥပမာဖြင့်တွက်ပြထားသည်။  

    အကယ်၍ မတမ်းသည် အသက် ၂ နှစ်ခွဲမှမဟုတ်ဘဲ အသက် ၂ နှစ် တွင် ပထမသားမွေးပေးလျှင် ၆ လစာ နွားနို့ဝင်ငွေ စောရရှိမည်။  

     ထိုမတမ်းမက ပျမ်းမျှ တစ်နေ့လျှင် နို့ ၆ ပိဿာ ပေးပြီး နို့စျေးသည် ၁ ပိဿာ ၁၂၀၀ ကျပ် ဖြစ်လျှင် ၁ နေ့ နို့ဝင်ငွေသည် ၇၂၀၀ ကျပ် ဖြစ်သည်။ 

၆ လဆိုလျှင် 

-  ၇၂၀၀ ကျပ် × ၁၈၃ ရက် (၆လ × ၃၀.၅ ရက်) = ၁၃၁၇၆၀၀ ကျပ်  

     ထို့ကြောင့် မတမ်း ပထမသားမွေးကာလ ၆ လ ပိုစောသည့်အတွက် အပိုဝင်ငွေ တစ်ကောင်လျှင် ၁၃ သိန်း  ရရှိနိုင်သည်။ ကောင်းမွန်သည့်မတမ်း၊ ကောင်းမွန်စွာ ပထမသားမွေးမှု စောလေလေ မတမ်း၏ကြီးထွားနှုန်း ကောင်းလာလေလေ ဖြစ်သည့်အတွက် ကျန်သည့်သက်တမ်းတွင် ထိုမတမ်းသည် အကောင်သေးသည့် နွားမထက် နို့များများ ပိုထုတ်နိုင်မည်။  

     အောက်တွင်ပြထားသည့်ဇယားသည် ကျွန်ုပ်တို့ရည်မှန်းချက်ထားသည့် မတမ်းများတွင် အသက်အရွယ်အလိုက် ရှိသင့်သည့်  ကိုယ်အလေးချိန်များဖြစ်သည်။ မတမ်းများကို ပုံမှန်ကိုယ်အလေးချိန်ချိန်ပြီး ဇယားနှင့်တိုက်ကြည့်ပြီး ကြီးထွားနှုန်းဘယ်လိုရှိတယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် နည်းနေ/ များနေသည်ကိုကြည့်ပြီး အစာပမာဏကို ချိန်ဆကျွေးမွေးပြီး ရည်ရွယ်သည့် ကိုယ်အလေးချိန်ရအောင် ပြုလုပ်ရမည်။

    အကယ်၍ ကြီးထွားနှုန်းမြန်ပြီး ရှိသင့်သည်ထက် ကိုယ်အလေးချိန်များနေလျှင် အစာပမာဏကို သင့်လျော်သည့် ပမာဏသို့ ပြန်လျှော့ပြီး အစာပေါ်ကုန်ကျသည့်ငွေကို ပြန်စုရမည်။ အကယ်၍ ကြီးထွားနှုန်းနှေးနေလျှင် အစာပမာဏကို တိုးကျွေးပြီး မှန်ကန်တဲ့ အသက်အရွယ် မှန်ကန်တဲ့ကိုယ်အလေးချိန်မှာ သားစပ်နိုင်အောင် ပြုလုပ်ရမည်။ 

    အသက် (၃) လ သားခွဲချိန်တွင် ကိုယ်အလေးချိန် (၉၀ မှ ၁၀၀) ကီလိုဂရမ် အတွင်းရှိရပါမည်။

    အသက် (၁၅) လ ပထမသားစပ်ချိန်တွင် ကိုယ်အလေးချိန် (၃၀၀ မှ ၃၃၀) ကီလိုဂရမ် အတွင်းရှိရပါမည်။

    အသက် (၂) နှစ် ပထမသားကျချိန်တွင် ကိုယ်အလေးချိန် (၅၀၀) ကီလိုဂရမ် ရှိရပါမည်။

MDEP

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
လင်းလင်းကျော်

လင်းလင်းကျော်

လွန်ခဲ့သော ၅ နှစ် က

နွားမမျိုးသန့်သန့်လေး ဝယ်မွေးချင်ပါတယ် ဘယ်မှာဝယ်ရပါသလည်

You

ဆက်စပ်ဆောင်းပါးများ

MDEP

နည်းပညာမိတ်ဖက်အဖွဲ့

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။