ကြက်ဥဈေးနှုန်း မြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေ
ပြည်တွင်း၌ ကြက်ဥထုတ်လုပ်မှုနှုန်း လျော့ကျလာသည့် အခြေအနေကြောင့် ကြက်ဥဈေးနှုန်းများ မြင့်တက်လာပြီး တစ်လုံးလျှင် ကျပ် ၇၀၀ အထိ ဈေးနှုန်းရှိလာနေကြောင်း ကြက်ဥ၊ ဘဲဥ ရောင်းချသူများထံမှ သိရသည်။
လက်ရှိတွင် ဥစားကြက်များအတွက် လိုအပ်သည့် ကာကွယ်ဆေးနှင့် အစာကုန်ကြမ်း သွင်းအားစု လိုအပ်ချက်များကြောင့် မွေးမြူရေးထုတ်ကုန်များ၏ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းကြောင့် ဥစားကြက်မွေးမြူရေး လုပ်ကိုင်မှုနည်းပါးသလို ဈေးနှုန်းလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင်ဥစားကြက်ခြံများ၌ ပြီးခဲ့သည့် လများအတွင်း ရောဂါကျရောက် ဖြစ်ပွားမှုများကြောင့်လည်း ကြက်ဥထုတ်လုပ်မှု လျော့နည်းကျဆင်းလာသည့်အတွက် ကြက်ဥထုတ်လုပ်မှု လျော့ကျကာ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
"ဥစားကြက်တွေအတွက် မွေးမြူရေးအစာအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ ပြည်ပကနေ တင်သွင်းဖို့ ခက်ခဲနေတယ်။ ကာကွယ်ဆေးတွေလည်း တင်သွင်းဖို့ ခက်နေတယ်။ ပြည်တွင်းကလည်း လုံလောက်အောင် မထုတ်နိုင်ဘူး။ အဲဒီတော့ ခြံတွေမှာ ကာကွယ်ဆေးတွေမရတော့ ရောဂါဝင်ချိန် ကြက်တွေသေတယ်။ ကြက်မဖြစ်ဘူး။ သွင်းကုန်လိုင်စင်တွေ ချပေးဖို့ လိုပါတယ်" ဟု ဥစားကြက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ယခု ဇူလိုင်လပိုင်းမှစ၍ ကြက်ဥဈေးနှုန်း မြင့်တက်လာပြီး ဈေးကွက်အတွင်း၌လည်း ကြက်ဥရှားပါးလာခြင်း ဖြစ်ကြောင်း သိရပြီး လက်ရှိဈေးကွက်တွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၅၅၀ မှ ကျပ် ၇၀၀ အတွင်း ဈေးပေါက်နေကြောင်း သိရသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် ဥစာကြက်မွေးမြူရေး ကဏ္ဍ၏ အခက်အခဲ အခြေအနေများကြောင့် လတ်တလောတွင် ကြက်ဥထုတ်လုပ်မှုနှုန်း လျော့နည်းနေပြီး ဈေးနှုန်းကျဆင်းနိုင်မည့် အခြေအနေ မရှိသေးကြောင်း ကြက်ဥဖြန့်ဖြူးရောင်းချသူများက ပြောဆိုသည်။
"အခုအခြေအနေအရတော့ ကြက်ဥက ရှားနေတုန်းပဲ။ ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှဘူး။ အဲဒီအတွက် ဈေးက ကျဖို့မမြင်သေးဘူး။ ထပ်တက်မလားဆိုတာတော့ သေချာမပြောနိုင်ဘူး။ ကြက်ဥ အသေးက ၅၅၀၊ အကြီးက ၇၀၀ လောက်ရှိတယ်။ အကြီးဆိုတာလည်း အရမ်းကြီးတာမျိုးတော့ မဟုတ်ဘူးပေါ့" ဟု ကြက်ဥဖြန့်ဖြူးရောင်းချသူများက ပြောဆိုသည်။

ယခုလို ကြက်ဥဈေးနှုန်း မြင့်တက်လာသည့် အခြေအနေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်များနှင့် မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများ အစုအဖွဲ့တို့သည် “ကြက်ဥထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေ သုံးသပ်ဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၌ ဇူလိုင် ၁၇ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကြက်ဥဈေးနှုန်း ဆက်လက်မြင့်တက်ခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာ အစုအဖွဲ့အနေဖြင့် ကြက်ဥဖြန့်ဖြူးရောင်းချသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်သလို အများပြည်သူအတွက် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အစီအမံများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
အဆိုပါ အစည်းအဝေး ပြုလုပ်ပြီးနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးအချို့တွင် ကြက်ဥ၊ ဘဲဥ ရောင်းချသူများအစုအဖွဲ့ (ရန်ကုန်) မှ ကြက်ဥတစ်လုံးလျှင် ကျပ် ၅၅၀ နှုန်းဖြင့် ကြက်ဥအလုံးရေ အကန့်အသတ်ဖြင့် စတင်ရောင်းချပေးနေကြောင်း သိရသည်။
ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြက်ဥ၊ ဘဲဥ လက်လီလက်ကား ရောင်းချသူများ၏ ဆွေးနွေးပွဲကိုလည်း ယနေ့ ဇူလိုင် ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မွေးမြူရေးသတင်း
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026