အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ

ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ

AMIA
AMIA • 02/09/2026

ပြည်တွင်း အသားတိုးကြက် ခြံဖမ်းဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ အောက်အထိ ပြန်လည်ကျဆင်းလာသဖြင့် ကြက်ခြံသမားများ အရှုံးပြနေကြောင်း ကြက်မွေးမြူရေး လုပ်ကိုင်သူများထံမှ သိရသည်။

အသားတိုးကြက် ဖမ်းဈေးသည် ယခင် ဇူလိုင်လ ပထမပတ်တွင် ဈေးဆက်တိုက် ပြန်တက်လာပြီးနောက် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်ဈေးကွက်၌ ၉၅၀၀ ကျပ်မှ ၉၈၅၀ ကျပ်အတွင်းသာ ရှိတော့ကြောင်း သိရသည်။

အလားတူ မန္တလေး၊ ကျောက်ဆည်၊ စဥ့်ကိုင် အပါအဝင် မြို့နယ်အချို့တွင်လည်း ကြက်ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ၉၅၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်အတွင်းသာ ရှိပြီး ရှမ်းပြည်နယ် ဈေးကွက်၌သာ ကြက်ခြံဖမ်းဈေး ၁၁၀၀၀ ကျော်အထိ ဈေးပေါက်ကြောင်း သိရသည်။

"ခြံဖမ်းဈေး မကောင်းလို့ ခြံသမားတွေ မကိုက်ကြဘူး။ ခြံကိုကာတဲ့ မိုးကာလိပ်ကအစ ဈေးတက်တယ်။ ကျန်တဲ့ အစာဈေး၊ ဆေးဝါး အကုန်ဈေးတက်နေတာ။ ကြက်ဖမ်းဈေးပဲ ကျနေတာ" ဟု ကျောက်ဆည်မှ ကြက်မွေးမြူရေး ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ကြက်ကြီး ဝင်ရောက်မှု များသဖြင့် ခြံဖမ်းဈေး ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ယခင်လ ဇူလိုင် ၁၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ကြက်အရှင် ဖမ်းဈေးများမှာ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ တောင်ကြီး၊ စဥ့်ကိုင်၊ ကျောက်ပန်းတောင်း၊ မကွေးမြို့၊ မုံရွာ၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့တို့တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အတွင်း ဈေးပေါက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲမြို့နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့တွင်မူ ကြက်အရှင် ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်အတွင်း ရှိပြီး ဈေးတန်းအမြင့်ဆုံး ဖြစ်ခဲ့သည်။

ကျန်သည့် မော်လမြိုင်၊ ဘားအံ၊ သထုံ၊ ကျိုက်ထိုမြို့များ၌မူ ကြက်အရှင် ခြံဖမ်းဈေးမှာ အခြားဒေသများထက် ဈေးရရှိမှု နည်းသော်လည်း တစ်ပိဿာလျှင် ၁၆၁၀၀ ကျပ်မှ ၁၆၈၀၀ ကျပ်ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အသားတိုးကြက် ခြံဖမ်းဈေးသည် တစ်လကျော်ကာလအတွင်း တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဝန်းကျင် ဈေးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

"ခြံဖမ်းဈေး ကျပေမယ့် အသားဈေးကတော့ မကျပါဘူး။ ခုထိ အရင်အတက်ဈေးမှာပဲ ဝယ်စားနေရပါတယ်။ ဖြစ်နေတာက ခြံသမားတွေကျ ရှုံး၊ ဝယ်စားတဲ့ ပြည်သူတွေက ဈေးကြီးပေးဝယ်နေရ အဲဒီလိုဖြစ်နေတာ။ ကျွန်မမိတ်ဆွေရဲ့ ခြံလည်း မကိုက်ဘူး ရှုံးနေတာ။ မိုးကရွာတော့ ရေတက်မလားဆိုပြီး ရောင်းလို့ရတာကို ထုတ်တာ" ဟု စားသုံးသူ ပြည်သူတစ်ဦးက ပြောသည်။

အသားဈေးကွက်တွင်မူ ကြက်သားအပေါ်ပိုင်း ရင်ပုံ အရိုးနှင့်အသားတွဲရက် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ် ရောင်းချနေပြီး အတောင်ပံမှာ ၂၀၀၀၀ ကျပ် ဈေးရှိကြောင်း သိရသည်။

လက်ရှိတွင် ကြက်မွေးမြူရေးလုပ်ငန်းနှင့် အသားထုတ်လုပ်ရောင်းချခြင်းကို တွဲရက်လုပ်ကိုင်သူတချို့က ကြက်အကောင်လုံးကို တစ်ပိဿာ ၁၃၅၀၀ ကျပ်ဖြင့် စားသုံးသူများထံ တိုက်ရိုက် ရောင်းချပေးနေကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Kyaw Moe Aung

Kyaw Moe Aung

လွန်ခဲ့သော ၃ ပတ် က

ယနေ့၃.၉.၂၀၂၆ ဘားအံမြို့နယ်အသားတိုးကြက်စျေး ဘယ်လောက်ရှိလည်း ခမျ

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။