အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ

ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ

  • စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ခင်မှာ ကုန်ကျစရိတ် ဘယ်လိုရေးဆွဲမလဲကစလို့
  • စိုက်ချိန်တစ်လျှောက်လုံးအတွက်လည်း မျိုးရွေးတာကနေစပြီး ပျိုးထောင်တာ၊ ရေပေးတာ၊ မြေသြဇာကျွေးတာနဲ့ ရိတ်သိမ်းချိန်အထိကို သိမှတ်လေ့လာစရာတွေအပြင်
  • အထွက်နှုန်းကို ဘယ်လိုအကြောင်းအချက်တွေကသက်ရောက်နေသလဲဆိုတာတွေပါ ပြန်ပြီး ချုံငုံသုံးသပ်နိုင်တဲ့နည်းပညာနဲ့
  • လယ်ယာလုပ်ငန်းကနေ ထွက်လာတဲ့စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်အောင် စီမံခွန့်ခွဲတဲ့ အကြောင်းအရာတွေပါဝင်တဲ့ သင်ခန်းစာများကို သင်ကြားရင်း

ဒေသခံ နည်းပညာပေးသူတစ်ယောက်ဖြစ်နိုင်မယ့် အခွင့်အရေးရရှိသူ စာရင်းများပဲ ဖြစ်ပါတယ်။ 

သင်တန်းတက်ရောက်ခွင့်ရရှိသူများဟာ တက်ရောက်ရန်အတွက် လိုအပ်တဲ့ 

Gmail account များဖွင့်ထားခြင်းနဲ့ အစိမ်းရောင်လမ်းဆော့ဝဲအတွင်း မြားနီနည်းပညာပေးရေးအဖွဲ့သို့ ဝင်ရောက်ထားခြင်းကို လုပ်ဆောင်ထားခဲ့ကြသူများပဲ ဖြစ်ပါတယ်။ 

ထို့ကြောင့် ယခုတက်ရောက်ခွင့်ရရှိသူ မိတ်ဆွေတောင်သူများအနေဖြင့်လည်း သင်တန်းအတွက်လိုအပ်သည့် လမ်းညွှန်ချက်များကိုလုပ်ဆောင်နိုင်ရန် ဇူလိုင်လ (၇) လပိုင်းအတွင်း Gmail များစစ်ဆေးကြရန် လိုအပ်ပါကြောင်းနဲ့ 

အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့၏ သင်တန်းအသေးစိတ်အချက်အလက် Update များကို အစိမ်းရောင်လမ်းဆော့ဝဲရှိ မြားနီနည်းပညာပေးရေးအဖွဲ့အတွင်းမှာသာ ဆက်လက်၍ ပို့စ်တင်သွားမည်ကြောင်းလည်း ထပ်လောင်းအသိပေးပါရစေဗျ..။

မှတ်ချက်။ ။ သင်တန်းတက်ရောက်ရန်အတွက် စာရင်းပေးသွင်းထားသူမိတ်ဆွေတောင်သူများအား အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့မှ ဖုန်းဖြင့်စာတိုများပေးပို့ခြင်း၊ Viber နှင့် Gmail မှ စာများပေးပို့၍ ဆက်သွယ်ခြင်းများပြုလုပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

 

zaw myo aung

zaw myo aung

လွန်ခဲ့သော ၃ လ က

17ရက်နေ့တည်း ဖောင်ဖြည့်ပြီး Gmail Replyပြန်တယ် Viber ကလည်းReply ပြန်တယ် ဒါတောင်မပါခဲ့ဘူးဗျို့ ကံဆိုးလိုက်တာ

zaw myo aung

zaw myo aung

လွန်ခဲ့သော ၃ လ က

ကျွန်တော်လည်းလျှောက်ထားပါတယ် မပါခဲ့ပါဘူး gmail reply လည်းပြန်ပါတယ် ဘာလို့မပါတာလဲ

Hanzawtun

Hanzawtun

လွန်ခဲ့သော ၃ လ က

ကျွန်တော်တို့ကတတ်ချင်ပေမဲ့စာရင်းကမပါ

min khant Si Thu kyaw

min khant Si Thu kyaw

လွန်ခဲ့သော ၃ လ က

ကျွန်တော်လည်းအပ်ထားပါတယ်ဘာလို့မပါတာလဲဆရာ

saw gay moo

saw gay moo

လွန်ခဲ့သော ၃ လ က

နာမည်ပေးထားတာကြာေပါ့ နာမည်မပါလာတော့မတကဩနိုင်ဘူးလေ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။