စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် အခမဲ့သင်တန်း
ဘယ်သူတွေအတွက်လဲ
မျိုးစေ့ရောင်းချချင်သူများ၊ မျိုးစေ့ထုတ်လုပ်ရောင်းချချင်သူများအတွက် ဆိုရင် လုံးဝ တက်ဖို့ အကြံပေးပါတယ်။
ဘယ်လောက်ပေးရမှာလဲ
အခမဲ့ဖြစ်ပါတယ်။
ဘာတွေသင်မှာလဲ
မျိုးစေ့ဆိုတာ ဘာလဲကနေစပြီးတော့ မျိုးစေ့တွေအကြောင်း သိရမယ်၊ ဈေးကွက်ထဲမှာ မှတ်တမ်းထားပုံထားနည်း၊ အရောင်းဖွင့်တာကနေ ထုပ်ပိုးတာ ကိုင်တွယ်တဲ့ နည်းစနစ်တွေနဲ့ ဝယ်လိုအားကို ကြိုတင်ခန့်မှန်းနိုင်သွားမယ်၊ ပြီးတော့ မြေသြဇာတွေနဲ့ အာဟာရဓာတ်တွေအကြောင်းလည်း တစ်ခြားက မေးလာရင် သိအောင်လို့ ထည့်ပေးထားသေးတယ်။
သင်တန်းပြီးရင် ဘာတွေရမလဲ
စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လိုအစပြုမလဲဆိုတဲ့ အခြေခံတော့ ရကို ရသွားမှာသေချာပါတယ်။
ဘာတွေလိုအပ်လဲ
- အစိမ်းရောင်လမ်း ကို အသုံးပြုသူဖြစ်ရပါမယ်။
- အစိမ်းရောင်လမ်းမှာ ရှိတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ အစည်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားရပါမယ်။
- ကိုယ်ပိုင် gmail အကောင့်ရှိဖို့ လိုပါမယ်။
- ၆ လပိုင်းမကုန်ခင်လေး ၂၀ ရက်နေ့ နောက်ဆုံးထားပြီး https://forms.gle/Jvaa88zBo2F8CgzL8 မှာ နာမည် စာရင်းသွင်းဖို့လိုပါမယ်။
၇ လပိုင်းမှာသင်တန်း စဖွင့်ပါမယ်။
သင်တန်းပြီးသွားရင်တောင် အစိမ်းရောင်လမ်းထဲမှာရှိတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ထဲမှာ သတိရတိုင်း ဆွေးနွေးလို့ရနေပါဦးမယ်။

ကိုရဲ
လွန်ခဲ့သော ၃ လ ကမရတော့ဘူးလား
Htay Htay 🥰🥰
လွန်ခဲ့သော ၄ လ ကသင်တန်းတက်ချင်ပါတယ်ရှင့်
Htay Htay 🥰🥰
လွန်ခဲ့သော ၄ လ ကသင်တန်းတက်ချင်ပါတယ်ရှင့်
Htay Htay 🥰🥰
လွန်ခဲ့သော ၄ လ ကသင်တန်းတက်ချင်ပါတယ်ရှင့်
Naing Win Tun
လွန်ခဲ့သော ၄ လ ကသင်တန်းအပ်ထားပါတယ် နိုင်၀င်းထွန်း 09650896904။ 09773993002
နည်းပညာမိတ်ဖက်အဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။
U BHONE THWE HTAN • ဖြေကြားချက် 0 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 0 ခု
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 0 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026