အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)

ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)

တောင်သူများအတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့) မှာ 

ဘာတွေသင်မှာလဲ..?

  • စိုက်ပျိုးထုတ်လုပ်မှုတွေ မလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားထားရမဲ့ စီမံချက်တွေကနေစပြီးတော့ 
  • သီးနှံနဲ့ မျိုးရွေးချယ်တာတွေ
  • ပျိုးထောင်တာကနေ ပြောင်းရွေ့စိုက်ပျိုးတာ
  • သီးနှံတွေကို ထိန်းသိမ်းစောင့်ရှောက်တာ
  • ရေပေးနည်း၊ မြေသြဇာကျွေးနည်း၊ ပိုးသတ်ဆေးတွေ ကိုင်တွယ်အသုံးပြုနည်းတွေကနေ
  • ရိတ်သိမ်းချိန်ထိ

အစ အဆုံးပါဝင်တဲ့အပြင်ကိုမှ သင်တန်းပြီးရင်

  • သင်တန်းဆင်းလက်မှတ်
  • မြားနီနည်းပညာပေးရေး အဖွဲ့အစည်းမှာ ပါဝင်ပြီးတော့ ဆွေးနွေး မေးမြန်းလို့လည်း ရမဲ့ အခွင့်အရေးတွေ ပါဝင်ပါသေးတယ်။

အားလပ်ချိန် တစ်ခုပေးပြီး လေ့လာလိုက်ရုံပါပဲ။

ဘာတွေလိုအပ်လဲ..?

  • အစိမ်းရောင်လမ်း ကို အသုံးပြုသူဖြစ်ရပါမယ်။
  • အစိမ်းရောင်လမ်းမှာ ရှိတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ အစည်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားရပါမယ်။
  • ကိုယ်ပိုင် gmail အကောင့်ရှိဖို့ လိုပါမယ်။
  • ၆ လပိုင်းမကုန်ခင်လေး ၂၀ ရက်နေ့ နောက်ဆုံးထားပြီး https://forms.gle/Jvaa88zBo2F8CgzL8 မှာ နာမည် စာရင်းသွင်းဖို့လိုပါမယ်။ 
သင်တန်းပြီးသွားရင်တောင် အစိမ်းရောင်လမ်းထဲမှာရှိတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ထဲမှာ သတိရတိုင်း ဆွေးနွေးလို့ရနေမှာမို့ အခုပဲ မြန်မြန်စာရင်း ပေးသွင်းထားဖို့ လိုပါမယ်ဗျ။
 

မြားနီနည်းပညာပေးရေးအဖွဲ့၏ နည်းပညာဖြန့်ဖြူးနေသော အဖွဲ့များအတွင်းသို့ ဝင်ရောက်ရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။ 

https://linktr.ee/ewsktmm

 

29
ဦးသန်းဝင်း​အောင်

ဦးသန်းဝင်း​အောင်

လွန်ခဲ့သော ၄ လ က

ဝင်ပြီးပါပြီ ဘယ်​နေ့မှစသင်ပါမလဲ

ကိုသိန်းဟံဝင်း

ကိုသိန်းဟံဝင်း

လွန်ခဲ့သော ၄ လ က

ဘာဆက်လုပ်ရမှာလည်

shine htet

shine htet

လွန်ခဲ့သော ၄ လ က

hi

MyoAung

MyoAung

လွန်ခဲ့သော ၄ လ က

‌တိုင်ထောင်ပဲကိုဘယ်ချိန်စိုက်ရမလဲ

win Myat thu

win Myat thu

လွန်ခဲ့သော ၄ လ က

သဘာဝ မြေအောစာ

You

ဆက်စပ်မေးခွန်းများ

လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။

U BHONE THWE HTAN • ဖြေကြားချက် 0 ခု

မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Nyi Nyi Aung • ဖြေကြားချက် 0 ခု

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့

Saung • ဖြေကြားချက် 0 ခု

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့

Hlaing Min Tun • ဖြေကြားချက် 1 ခု

ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေး​လဲညွန်ပါအုံးဆရာ

မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။