မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
မြေဆီလွှာ စစ်ဆေးဖို့ဆို ဘယ်အချိန်က အကောင်းဆုံးလဲ?
မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာစစ်ဆေးရန်အတွက် မြေဆီလွှာနမူနာ ကောက်ယူခြင်းကို သီးနှံရိတ်သိမ်းပြီးချိန်နှင့် မြေဩဇာ မကျွေးမီအချိန်၊ မြေဆီလွှာအစိုဓာတ် သင့်တော်မျှတသည့် အခါမျိုးတွင် ပြုလုပ်ရန် သင့်လျော်ပါသည်။ ၎င်းအချိန်၌ နမူနာကောက်ယူခြင်းသည် လတ်တလော ထည့်သွင်းထားသော သွင်းအားစုများ၏ သက်ရောက်မှုကို လျှော့ချပေးပြီး မြေဆီလွှာ၏ မူလပကတိအခြေအနေကို ပိုမိုရှင်းလင်းစွာ သိရှိစေပါသည်။
စိုက်ခင်း၏ ဘေးအစွန်းများ၊ လယ်ကွက်ထိပ် (ကုန်းမြင့်) များ သို့မဟုတ် မြေဩဇာ ညီညာစွာ ကျရောက်မှုမရှိသော နေရာများမှ နမူနာမကောက်ယူသင့်ပါ။ ၎င်းနေရာများသည် စိုက်ခင်းတခုလုံးကို ကိုယ်စားပြုဖော်ပြပေးနိုင်ခြင်းမရှိပဲ စစ်ဆေးမှုရလဒ်များကို လွဲမှားစေနိုင်သောကြောင့် ဖြစ်သည်။ ဥယျာဉ်ခြံများနှင့် စပျစ်ခြံများကဲ့သို့ နှစ်ရှည်သီးနှံ စိုက်ပျိုးရေးစနစ်များတွင် မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာခြင်းကို အချိန်ကာလအလိုက် ပုံမှန်ပြုလုပ်၍ အချိန်နှင့် အမျှပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာဆောင်ရွက်သင့်ပါသည်။
မြေဆီလွှာ စစ်ဆေးဖို့ နမူနာယူမယ်ဆို မှန်ကန်ဖို့ ဘယ်လိုရယူမလဲ??
တိကျမှန်ကန်သော မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာမှုသည် စနစ်ကျသော နမူနာကောက်ယူခြင်းမှ စတင်ပါသည်။ စိတ်ချယုံကြည်ရသော ရလဒ်များ ရရှိစေရန်အတွက် အချက်အလက် အများအပြားကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ခေတ်မီ မြေဆီလွှာ အကဲဖြတ်စစ်ဆေးမှု လုပ်ငန်းစဉ်များတွင် နမူနာကောက်ယူမည့် နေရာများကို စိုက်ခင်းအဆင့် မြေဆီလွှာ ဒေတာအချက်အလက်များပေါ်မူတည်၍ ဆောင်ရွက်နိုင်ပါသည်။ အချို့နိုင်ငံများတွင် စိုက်ခင်းအတွင်း မြေဆီလွှာနမူနာ ကောက်ယူရမည့် နေရာများကို အလိုအလျောက် ရွေးချယ်ပေးနိုင်သော တိကျစနစ်ကျသည့် SoilOptix® ဟုခေါ်သော အဆင့်မြင့် မြေဆီလွှာ တိုင်းတာစစ်ဆေးစနစ် (High-resolution soil sensing) ကို အသုံးပြုနေကြသည်။ ဤနည်းလမ်းသည် မြေဆီလွှာ၏ အရေးပါသော ကွဲပြားခြားနားမှုများကို မိမိရရ တိုင်းတာနိုင်ပြီး နမူနာများကို မဟာဗျူဟာကျကျ ကောက်ယူစေနိုင်ကာ ဓာတ်ခွဲခန်း ရလဒ်ကောင်းများကို ရရှိစေနိုင်ပါသည်။
မြေနမူနာယူရန်အနက်
ထွန်ယက်စိုက်ပျိုးသည့် နည်းလမ်းများသည် အာဟာရဓာတ်များ စိမ့်ဝင်ရွေ့လျားနိုင်မှုနှင့် အာဟာရဓာတ်ပါဝင်မှု ပမာဏအပေါ် လွှမ်းမိုးမှုရှိသောကြောင့် မြေဆီလွှာ နမူနာယူသည့် အနက်သည် အလွန်အရေးကြီးပါသည်။ နမူနာယူသည့် အနက်သည် သီးနှံအမျိုးအစား၊ စိုက်ပျိုးရေး စီမံခန့်ခွဲမှု နည်းလမ်းများ၊ ထွန်ယက်သည့် အနက်နှင့် စစ်ဆေးစမ်းသပ်မည့် အာဟာရဓာတ်အခြေအနေတို့နှင့် ကိုက်ညီမှု ရှိရပါမည်။"
မြေအမျိုးအစား
စိုက်ခင်းတစ်ခုအတွင်း မတူညီသော မြေဆီလွှာ အမျိုးအစားများ ရှိနေပါက ၎င်းအမျိုးအစားတစ်ခု ချင်းစီအတွက် နမူနာများကို သီးခြားစီ ကောက်ယူ၍ ခွဲခြမ်းစိတ်ဖြာ စစ်ဆေးရပါမည်။ မတူညီသော မြေဆီလွှာများကို နမူနာတစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပါက အာဟာရဓာတ် ရရှိနိုင်မှုနှင့် သီးနှံဖြစ် ထွန်းမှုအပေါ် ကွဲပြားခြားနားသက်ရောက်မှုများကို ဖုံးကွယ်သွားစေနိုင်ပါသည်။"
သီးနှံစိုက်ပုံစံ
ယခင် စိုက်ပျိုးခဲ့သည့် သီးနှံသမိုင်းကြောင်းသည် မြေဆီလွှာ၏ အာဟာရဓာတ် လိုအပ်ချက်နှင့် သီးနှံရိုးပြတ်/အကြွင်းအကျန်များ ပျံ့နှံ့မှုအပေါ် လွှမ်းမိုးမှု ရှိပါသည်။ သီးနှံစိုက်ပျိုးမှု သမိုင်းကြောင်း မတူညီသော နေရာများမှ မြေဆီလွှာများကို နမူနာတစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်း မပြုဘဲ နေရာတစ်ခုချင်းစီအတွက် သီးခြားစီ နမူနာကောက်ယူသင့်ပါသည်။"
မြေမျက်နှာသွင်ပြင်
မြေမျက်နှာသွင်ပြင်သည် မြေဆီလွှာ ဖြစ်ပေါ်မှု၊ ရေတိုက်စားမှုနှင့် အာဟာရဓာတ်များ ရွေ့လျားမှုတို့အပေါ် သက်ရောက်မှု ရှိပါသည်။ မတ်စောက်သော လျှောစောက်များနှင့် ညီညာသော မြေပြန့်ဒေသများကို သီးခြားစီ နမူနာကောက်ယူသင့်ပါသည်။

မြေဆီလွှာခွဲခြမ်းစိတ်ဖြာမှုမှာ ဇီဝဗေဒ၏ အခန်းကဏ္ဍ
မြေဆီလွှာ ဇီဝဗေဒသည် အာဟာရဓာတ် လည်ပတ်စီးဆင်းမှုနှင့် အပင်များ အာဟာရဓာတ် ရရှိနိုင်မှုတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အဏုဇီဝသက်ရှိများ၏ လှုပ်ရှားမှုသည် အာဟာရဓာတ်များ မည်သို့ထွက်ရှိလာခြင်း၊ ဒြပ်ပြောင်းလဲခြင်းနှင့် သီးနှံများက မည်သို့ စုပ်ယူသုံးစွဲခြင်းတို့အပေါ် လွှမ်းမိုးမှု ရှိပါသည်။
သီးနှံမစိုက်ခင် မြေဆီလွှာ၏ ဇီဝဗေဒဆိုင်ရာ လှုပ်ရှားမှုများကို ကြိုတင်သိရှိ နားလည်ထားခြင်းသည် ပိုမိုထိရောက်သော အာဟာရဓာတ် စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် ရေရှည် မြေဆီလွှာကျန်းမာရေး အစီအစဉ်များ ရေးဆွဲနိုင်ရန်အတွက် အထောက် အကူပြုပါသည်။
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ချက်များကို ထိရောက်စွာ အသုံးပြုခြင်း
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်မှုမှ ရရှိလာသော အဖြေများကို မည်သို့ အဓိပ္ပာယ်ဖော်ယူပြီး လက်တွေ့ထိရောက်စွာ အသုံးချမည်ဆိုသည့် အချက်သည်လည်း အရေးကြီးပါသည်။ ရရှိလာသော ဓာတ်ခွဲခန်း ရလဒ်များကို စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများ၊ စိုက်ခင်း၏ သမိုင်းကြောင်း၊ စီမံခန့်ခွဲမှု များနှင့် ပေါင်းစပ်အသုံးပြုသောအခါ လက်တွေ့ကျပြီး စိုက်ခင်းအလိုက် ထိရောက်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Tun Tun
လွန်ခဲ့သော ၁ ပတ် ကအေြကာင်းအရာရော်ဘာငိ
ဆက်စပ်ဆောင်းပါးများ
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
သဲဆန်သောမြေကို ဘယ်လိုပြုပြင်ရမလည်း
မချယ်ရီလွင် • ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျာ အပင်သက် ၁လသား ရှိပါပြီ။ ကျွန်တော်တို့နယ်မှာ မိုးရွာသွန်းရက် ၇ရက်ရှိပါပြီ။ ယမန်နှစ်တွေက မဖြစ်ဖူးပါ။ ဓာတ်မြေသြဇာ -အာမိုနက်ကျား-၁ဧက ၁၂ကီလို နှုန်းကျွေး ပိုးသတ်ဆေး-ကံကောင်း ၂၀ မှိုဆေး-dj အားဆေး-ရွှေမိုး+ငွေမိုး ရောစပ်ပက်ဖျန်းထားပါသည်။ ဆရာတို့ခင်ဗျာ သို့ဖြစ်ပါ၍ မည်သို့ပြုလုပ်ရမည်ဖြစ်ကြောင်း ပြည့်စုံစွာသိပါရစေဗျာ။
ဦးနိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
ဖရဲ စိုက်ပျိုးရန် မြေဆီလွာကို ဘယ်လို ပြုပြင်ရမလဲ စိုက်ပျိုးနည်း ပုံစံလည်း သိချင်ပါတယ်။
Nay thura • ဖြေကြားချက် 1 ခု
မတ်ပဲစိုက်ရန် ဒိုလာမောင်းထားပါတယ် ၂ဧက ပဲပတ်ပြီး ၁ရက်အကြာမိုးမိတယ် အပင်တေ မပေါက်တော့ပါ့ဘူး ပြန်ဖျတ်ပြီး ကျဲလျှင်ပေါက်နိုင်ပါလားဗျ ဒိုလာမောင်းပြီး ပဲမပတ်ရသေးတဲ့အခင်းတေရော ဘယ်နရက်လောက်နေလှန်းပြီးမှကျဲပတ်ရမလည်းသိချင်ပါတယ်ဆရာ
zayyy zayya • ဖြေကြားချက် 1 ခု
လယ်ကျန် စပါးအတွက် မြေခံ ဘာသုံးသင့်ပါသလဲ..
အောင်ကိုဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?
28/10/2026
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025