မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?
"မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းသည် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်အတွက် အခြေခံကျသော နည်းလမ်းဖြစ်သည်။ ၎င်းသည် သီးနှံဖြစ်ထွန်းမှု၊ မြေသြဇာနှင့် သွင်းအားစုကို အကျိုးရှိရှိ ရေရှည်တည်တံ့စိုက်ပျိုးထုတ်လုပ်နိုင်သော အာဟာရစနစ်စီမံခန့်ခွဲမှုနှင့် အာဟာရဓာတ် ရရှိနိုင်မှုတို့အပေါ်မှာ လိုအပ်သော အချက်အလက်များကို ပံ့ပိုးပေးပါသည်။ မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာခြင်းကို မှန်ကန်စွာ ဆောင်ရွက်နိုင်ပါက စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်နိုင်ရေးအတွက် များစွာအထောက်အကူပြုပါသည်။
မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာခြင်းဆိုတာ ဘာကို ပြောတာလဲ??
မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာခြင်းဆိုသည်မှာ အပင်ကြီးထွားမှုကို အကျိုးသက်ရောက်စေသည့် အာဟာရဓာတ် ရရှိနိုင်မှုနှင့် အရေးပါသော ဓာတု၊ ရူပနှင့် ဇီဝဗေဒဆိုင်ရာ ဂုဏ်သတ္တိများကို သိရှိနိုင်ရန် ဓာတ်ခွဲခန်း၌ မြေဆီလွှာနမူနာများကို တိုင်းတာစစ်ဆေးခြင်းကို ဆိုလိုသည်။
ဓာတုဗေဒဆိုင်ရာ မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာခြင်းတွင် အဓိကအားဖြင့် နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ်စ် (P₂O₅)၊ ပိုတက်စီယမ် (K₂O)၊ ဆာလဖာ (S)၊ ဆိုဒီယမ် နှင့် အနည်းလိုအာဟာရဓာတ်များ (Micronutrients)၊ မြေဆီလွှာ၏ အချဉ်အငန်ဓာတ် (pH)၊ သဘာဝပစ္စည်း (Organic matter) နှင့် ကာဗိုနိတ် ပါဝင်မှုတို့ကို တိုင်းတာလေ့ရှိသည်။ ၎င်းရလဒ်များသည် နမူနာကောက်ယူခဲ့သည့် မြေဧရိယာ၏ မြေဆီလွှာ ထက်သန်မှု အခြေအနေကို ဖော်ပြပေးသည်။
မြေဆီလွှာ၏ သိပ်သည်းဆ (Bulk density) သို့မဟုတ် ရေစိမ့်ဝင်နိုင်စွမ်း (Permeability) ကဲ့သို့သော အချို့သော ရူပဂုဏ်သတ္တိများကို သီးခြားစမ်းသပ်မှုနည်းလမ်းများဖြင့် တိုင်းတာစစ်ဆေးနိုင်ပါသည်။ ထို့ပြင် အဏုဇီဝသက်ရှိများ၏ လှုပ်ရှားမှုနှင့် အာဟာရဓာတ် စီးဆင်းမှုတို့ကို ပိုမိုနားလည်သဘော ပေါက်စေရန် အထူးဖော်ထုတ်ထားသော မြေဆီလွှာကျန်းမာရေး စမ်းသပ်မှုများကို အသုံးပြု၍ ဇီဝဗေဒဆိုင်ရာ ညွှန်းကိန်းများကိုလည်း စစ်ဆေးအကဲဖြတ်နိုင်ပါသည်။

မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာဖို့ ဘာကြောင့် အရေးကြီးတာလဲ??
မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာခြင်းသည် စိုက်ပျိုးရေးဆိုင်ရာ စီမံခန့်ခွဲမှုတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ အောက်ပါအတိုင်း အထောက်အကူပြုပါသည်။
မြေဆီလွှာအတွင်း အာဟာရဓာတ် ရရှိနိုင်မှုအခြေအနေကို အကဲဖြတ်ရန်
မြေဩဇာသုံးစွဲမှု အစီအစဉ်ဆွဲခြင်းနှင့် သွင်းအားစုများ အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ပံ့ပိုးပေးရန်
သီးနှံအမျိုးအစားတစ်ခုချင်းစီ သို့မဟုတ် စိုက်ခင်းအလိုက် အာဟာရဓာတ် လိုအပ်ချက် အခြေအနေကို သုံးသပ်ရန်
သီးနှံအထွက်နှုန်း၊ သီးနှံအရည်အသွေးနှင့် အကျိုးအမြတ်ရရှိမှုကို သက်ရောက်စေသည့် ဆုံးဖြတ်ချက်များအတွက် အထောက်အပံ့ဖြစ်စေရန်
မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာခြင်းသည် မြေဆီလွှာ၏ အာဟာရဓာတ် ပါဝင်မှုကို စိုက်ပျိုးမည့် သီးနှံ၏ လိုအပ်ချက်များနှင့် နှိုင်းယှဉ်ပြီး မလိုလားအပ်သော သွင်းအားစု ကုန်ကျစရိတ်များကို လျှော့ချပေးကာ လိုအပ်သော မြေဩဇာနှုန်းထားပမာဏများကို လမ်းညွှန်ဖော်ပြပေးပါသည်။
ပိုမိုတိကျသော မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာမှုသည် စိုက်ပျိုးထုတ်လုပ်မှု သံသရာတစ်လျှောက် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပြီး ပိုမိုထိရောက်၍ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေး နည်းစနစ်များသို့ ဖြစ်ပေါ်ရောက်ရှိစေပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေဆီလွှာ စစ်ဆေးရန်
အကြောင်းအရာ 2
မြေဆီလွှာ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်ဆောင်းပါးများ
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
သဲဆန်သောမြေကို ဘယ်လိုပြုပြင်ရမလည်း
မချယ်ရီလွင် • ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျာ အပင်သက် ၁လသား ရှိပါပြီ။ ကျွန်တော်တို့နယ်မှာ မိုးရွာသွန်းရက် ၇ရက်ရှိပါပြီ။ ယမန်နှစ်တွေက မဖြစ်ဖူးပါ။ ဓာတ်မြေသြဇာ -အာမိုနက်ကျား-၁ဧက ၁၂ကီလို နှုန်းကျွေး ပိုးသတ်ဆေး-ကံကောင်း ၂၀ မှိုဆေး-dj အားဆေး-ရွှေမိုး+ငွေမိုး ရောစပ်ပက်ဖျန်းထားပါသည်။ ဆရာတို့ခင်ဗျာ သို့ဖြစ်ပါ၍ မည်သို့ပြုလုပ်ရမည်ဖြစ်ကြောင်း ပြည့်စုံစွာသိပါရစေဗျာ။
ဦးနိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
ဖရဲ စိုက်ပျိုးရန် မြေဆီလွာကို ဘယ်လို ပြုပြင်ရမလဲ စိုက်ပျိုးနည်း ပုံစံလည်း သိချင်ပါတယ်။
Nay thura • ဖြေကြားချက် 1 ခု
မတ်ပဲစိုက်ရန် ဒိုလာမောင်းထားပါတယ် ၂ဧက ပဲပတ်ပြီး ၁ရက်အကြာမိုးမိတယ် အပင်တေ မပေါက်တော့ပါ့ဘူး ပြန်ဖျတ်ပြီး ကျဲလျှင်ပေါက်နိုင်ပါလားဗျ ဒိုလာမောင်းပြီး ပဲမပတ်ရသေးတဲ့အခင်းတေရော ဘယ်နရက်လောက်နေလှန်းပြီးမှကျဲပတ်ရမလည်းသိချင်ပါတယ်ဆရာ
zayyy zayya • ဖြေကြားချက် 1 ခု
လယ်ကျန် စပါးအတွက် မြေခံ ဘာသုံးသင့်ပါသလဲ..
အောင်ကိုဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....